(Unicode)

မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါကို မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိပြီး ဧပြီလနဲ့ မေလတွေမှာ ကူးစက်မှုတွေထပ်တွေ့လာရပြီးတဲ့နောက် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းမတပ်ရင်ဒဏ်ရိုက်အရေးယူတဲ့အစီအစဉ်ကို ပြည်နယ်နဲ့တိုင်း ဒေသန္တရအစိုးရတွေက စတင်ကျင့်သုံးလာပါတယ်။ မေလ ဒုတိယပတ်ကစလို့ ကျင့်သုံးလာတဲ့ ဒီအစီအစဉ်အရ ၃ လ လောက်အတွင်း လူပေါင်း ၂၉၀၀၀ ကျော်ကို ဒဏ်ရိုက်အရေးယူခဲ့ရာ စုစုပေါင်းဒဏ်ငွေ ကျပ် သိန်း၁၀၀၀ကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။



စာရင်းတွေအရတော့ မေလဒုတိယပတ်ကစပြီး မေလကုန်အထိ လူပေါင်း ၁၃၂၈၇ ယောက်ကို ဒဏ်ငွေ ကျပ်သိန်း ၄၆၀ကျော် (၄၆၀၇၁၉၀၀ ကျပ်)၊ ဇွန်လ တစ်လတာအတွင်း လူပေါင်း ၁၁၃၂၁ ယောက်ကို ဒဏ်ငွေကျပ်သိန်း ၃၉၀ နီးပါး (၃၈၈၂၀၀၀၀ ကျပ်)၊ ဇူလိုင်လအတွင်း လူပေါင်း ၄၄၉၈ ယောက်ကို ဒဏ်ငွေကျပ် ၁၅၉ သိန်းကျော် (၁၅၉၃၅၀၀၀ ကျပ်)၊ သြဂုတ် ၁ ရက်က ၅ ရက်နေ့အထိ လူပေါင်း ၁၄၁ ယောက်ကို ဒဏ်ငွေကျပ် ၅၈၀၀၀၀ နဲ့ အရေးယူခဲ့ကြောင်း စာရင်းဇယားတွေအရသိရပါတယ်။



M‌ask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို မေလ ဒုတိယပတ်လောက်စပြီး၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအပြင် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ စတင်ခဲ့ပြီး ဈေးတွေအပြင် အများပြည်သူသွားလာရာနေရာတွေမှာ နှာခေါင်းတပ်/မတပ် စစ်ဆေးပြီး ဒဏ်ရိုက်အရေးယူခဲ့တာ ဖြစ်ပါတယ်။


ဒီဗွီဘီ


(Zawgyi)


​ျမန္မာျပည္မွာ ကိုဗစ္-၁၉ ေရာဂါကို မတ္လ ၂၃ ရက္​ေန႔က စတင္​ေတြ႕ရွိၿပီး ဧၿပီလနဲ႔​ ေမလ​ေတြမွာ ကူးစက္မႈ​ေတြထပ္​ေတြ႕လာရၿပီး​တဲ့​ေနာက္ ​ေရာဂါကာကြယ္ထိန္းခ်ဳပ္​ေရးအတြက္ ႏွာ​ေခါင္းစည္းမတပ္ရင္ဒဏ္႐ိုက္အ​ေရးယူတဲ့အစီအစဥ္ကို ျပည္နယ္နဲ႔တိုင္း ​ေဒသႏၲရအစိုးရ​ေတြက စတင္က်င့္သုံးလာပါတယ္။ ​ေမလ ဒုတိယပတ္ကစလို႔ က်င့္သုံးလာတဲ့ ဒီအစီအစဥ္အရ ၃ လ ​ေလာက္အတြင္း လူ​ေပါင္း ၂၉၀၀၀ ​ေက်ာ္ကို ဒဏ္႐ိုက္အ​ေရးယူခဲ့ရာ စုစု​ေပါင္းဒဏ္​ေငြ က်ပ္ သိန္း၁၀၀၀​ေက်ာ္ ရရွိခဲ့​ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္က သိရပါတယ္။


စာရင္း​ေတြအရ​ေတာ့ ​ေမလဒုတိယပတ္ကစၿပီး ​ေမလကုန္အထိ လူ​ေပါင္း ၁၃၂၈၇​ ေယာက္ကို ဒဏ္​ေငြ က်ပ္သိန္း ၄၆၀​ေက်ာ္ (၄၆၀၇၁၉၀၀ က်ပ္)၊ ဇြန္လ တစ္လတာအတြင္း လူ​ေပါင္း ၁၁၃၂၁​ ေယာက္ကို ဒဏ္​ေငြက်ပ္သိန္း ၃၉၀ နီးပါး (၃၈၈၂၀၀၀၀ က်ပ္)၊ ဇူလိုင္လအတြင္း လူ​ေပါင္း ၄၄၉၈ ​ေယာက္ကို ဒဏ္​ေငြက်ပ္ ၁၅၉ သိန္း​ေက်ာ္ (၁၅၉၃၅၀၀၀ က်ပ္)၊ ၾသဂုတ္ ၁ ရက္​က ၅ ရက္​ေန႔အထိ လူ​ေပါင္း ၁၄၁ ​ေယာက္ကို ဒဏ္​ေငြက်ပ္ ၅၈၀၀၀၀ နဲ႔ အ​ေရးယူခဲ့​ေၾကာင္း စာရင္းဇယား​ေတြအရသိရပါတယ္။


M‌ask မတပ္ရင္ ဒဏ္႐ိုက္မယ့္အစီအစဥ္ကို​ ေမလ ဒုတိယပတ္​ေလာက္စၿပီး၊ တနသၤာရီတိုင္း၊ မႏၲေလးတိုင္း၊ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္းအျပင္ က်န္တိုင္းနဲ႔ျပည္နယ္​ေတြမွာ စတင္ခဲ့ၿပီး ေစ်း​ေတြအျပင္ အမ်ားျပည္သူသြားလာရာ​ေနရာ​ေတြမွာ ႏွာ​ေခါင္းတပ္/မတပ္ စစ္​ေဆးၿပီး ဒဏ္႐ိုက္အ​ေရးယူခဲ့တာ ျဖစ္ပါတယ္။

ဒီဗြီဘီ

Post a Comment

Previous Post Next Post