(Unicode)

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က ရခိုင်နဲ့ပတ်သက်တဲ့ ခရီးစဉ်တွေကို ဒီနေ့ သြဂုတ်လ(၂၀)ရက်နေ့ ညနေပိုင်းက စပြီးရပ်နားသွားမယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူဆီက သိရပါတယ်။


“လောလောဆယ်တော့ကျွန်တော်တို့က ရခိုင်နဲ့ပတ်သက်တဲ့ခရီးစဉ်အားလုံးနီးပါးကို ရပ်ဆိုင်းထားမယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒီနေ့နေ့လည်ပိုင်းမှာအစည်းအဝေးလုပ်ဖို့ရှိပါတယ်။”လို့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က တာဝန်ရှိသူတစ်ယောက်က O Media ကို ပြောပါတယ်။ ရပ်ဆိုင်းသွားမယ့် လေကြောင်းလိုင်းတွေဟာ စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်းမြို့နယ်ခရီးစဉ်တွေဖြစ်ပြီး (၁၄)ရက် ယာယီရပ်ဆိုင်းသွားဖို့ရှိတယ်လို့ သူကပြောပါတယ်။ ရခိုင်ပြည်နယ်စစ်တွေမြို့မှာ သြဂုတ်လ(၁၆)ရက်နေ့က ပိုးတွေ့လူနာနဲ့မထိတွေ့ဘူးသလို ပြည်ပကိုမသွားဘူးတဲ့ ကိုဗစ်လူနာကိုတွေ့ခဲ့ပြီးတဲ့နောက် စစ်တွေမှာပဲ သြဂုတ်လ(၁၉)ရက်နေ့မှာ ပြည်တွင်း ကိုဗစ်ပိုးတွေ့လူနာ (၃)ယောက်၊ (၂၀)ရက်နေ့မှာ(၂)ယောက်ထပ်တွေ့ခဲ့တာဖြစ်ပါတယ်။


“စစ်တွေမှ ရန်ကုန်သို့လာရောက်ကြမည့်သူများ ရန်ကုန်တွင် Quarantine နေရပါမည်။ Swab (၂)ခါယူရပါမည်။ Hotel သို့ Facility Quarantine ရွေးချယ်နိုင်ပါသည်။ အသေးစိတ်ကိုဆက်လက်ဖော်ပြပါမည်။”လို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသား ထားပါတယ်။


ဒီနေ့မနက်အထိတော့ မြန်မာနိုင်ငံမှာတော့ကိုဗစ်လူနာ(၃၉၆)ယောက်ရှိနေပြီး အဲ့ဒီထဲမှာ ပြန်ကောင်းမွန်သူ(၃၃၃)ယောက်နဲ့ သေဆုံးသူ (၆)ယောက်ရှိနေပါတယ်။

အိုမီဒီယာ


(Zawgyi)


ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း MNA က ရခိုင္နဲ႔ပတ္သက္တဲ့ ခရီးစဥ္ေတြကို ဒီေန႔ ၾသဂုတ္လ(၂၀)ရက္ေန႔ ညေနပိုင္းက စၿပီးရပ္နားသြားမယ္လို့ ေလေၾကာင္းလိုင္းတာဝန္ရွိသူဆီက သိရပါတယ္။


“ေလာေလာဆယ္ေတာ့ကၽြန္ေတာ္တို့က ရခိုင္နဲ႔ပတ္သက္တဲ့ခရီးစဥ္အားလုံးနီးပါးကို ရပ္ဆိုင္းထားမယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဒီေန႔ေန႔လည္ပိုင္းမွာအစည္းအေဝးလုပ္ဖို့ရွိပါတယ္။”လို့ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း MNA က တာဝန္ရွိသူတစ္ေယာက္က O Media ကို ေျပာပါတယ္။ ရပ္ဆိုင္းသြားမယ့္ ေလေၾကာင္းလိုင္းေတြဟာ စစ္ေတြ၊ သံတြဲ၊ ေက်ာက္ျဖဴ၊ အမ္းၿမိဳ့နယ္ခရီးစဥ္ေတြျဖစ္ၿပီး (၁၄)ရက္ ယာယီရပ္ဆိုင္းသြားဖို့ရွိတယ္လို့ သူကေျပာပါတယ္။ ရခိုင္ျပည္နယ္စစ္ေတြၿမိဳ့မွာ ၾသဂုတ္လ(၁၆)ရက္ေန႔က ပိုးေတြ႕လူနာနဲ႔မထိေတြ႕ဘူးသလို ျပည္ပကိုမသြားဘူးတဲ့ ကိုဗစ္လူနာကိုေတြ႕ခဲ့ၿပီးတဲ့ေနာက္ စစ္ေတြမွာပဲ ၾသဂုတ္လ(၁၉)ရက္ေန႔မွာ ျပည္တြင္း ကိုဗစ္ပိုးေတြ႕လူနာ (၃)ေယာက္၊ (၂၀)ရက္ေန႔မွာ(၂)ေယာက္ထပ္ေတြ႕ခဲ့တာျဖစ္ပါတယ္။




“စစ္ေတြမွ ရန္ကုန္သို့လာေရာက္ၾကမည့္သူမ်ား ရန္ကုန္တြင္ Quarantine ေနရပါမည္။ Swab (၂)ခါယူရပါမည္။ Hotel သို့ Facility Quarantine ေရြးခ်ယ္နိုင္ပါသည္။ အေသးစိတ္ကိုဆက္လက္ေဖာ္ျပပါမည္။”လို့လည္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူမွုေရးဝန္ႀကီးဦးနိုင္ငံလင္းက သူ႔ရဲ့လူမွုကြန္ယက္စာမ်က္ႏွာမွာေရးသား ထားပါတယ္။


ဒီေန႔မနက္အထိေတာ့ ျမန္မာနိုင္ငံမွာေတာ့ကိုဗစ္လူနာ(၃၉၆)ေယာက္ရွိေနၿပီး အဲ့ဒီထဲမွာ ျပန္ေကာင္းမြန္သူ(၃၃၃)ေယာက္နဲ႔ ေသဆုံးသူ (၆)ေယာက္ရွိေနပါတယ္။

အိုမီဒီယာ

Post a Comment

Previous Post Next Post