(Zawgyi)








(Unicode)

အဆိုတော်လင်းလင်းကတော့ ဂီတလောကမှာအောင်မြင်မှုအခိုင်အမာရရှိထားသလို ပရိသတ်တွေရဲ့ ချစ်ခြင်းကိုလည်း ရရှိနေသူတစ်ဦးဖြစ်ပါတယ်

ယမန်နေ့ကထွက်ရှိခဲ့တဲ့ အဆိုတော် ယုန်လေး MTV ကတော့ ဝေဖန်မှုတွေများစွာခံနေရသလို အဆိုတော်နဲ့ သရုပ်ဆောင်အချို့ကလည်း သူတို့မသိပဲ ရိုက်ကူးခဲ့တယ်လို့ ဖြေရှင်းနေကြတာပါ ဒီက်စ္စတွေနဲ့ ပတ်သတ်ပြီး လင်းလင်းက သူ့ရဲ့ အမြင်ကို ရှင်းလင်းစွာ မျှဝေလာခဲ့တာပါ


လင်းလင်းက “လူဖြစ်ဖို့တစ်ဆင့်လို(တစ်ရည်လို)နေတဲ့ အနုပညာဖန်တီးမှုတွေဟာပရိတ်သတ်(ပြည်သူ) အတွက် အဆိပ်သင့်စေတာကလွဲရင် အခြားအကျိုးတရား(ခံစားမှု) ဘာမှမရှိနတ္တိပါဘဲ။ဓမ္မနဲ့အဓမ္မကို ဇွတ်(မရမက) တန်းဆွဲညှိပြီး ဦးညွှတ်ခိုင်းတာဟာယခုရွေးကောက်ပွဲ ၂၀၂၀ တင်မက နောင်လာလတ္တံ့သော နိုင်ငံ့အနာဂတ် အဆက်ဆက်အတွက် ကြောက်စရာအကောင်းဆုံး(အကြီးမားဆုံး) ဘုံရန်သူဘဲ။
” တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ” ဆိုတဲ့စာသားဟာဆိုကောင်းအောင်ရေးထားတာမဟုတ်ပါဘူး။ချီးနဲ့ရေခဲမုန့်ကို လမ်းဘေးပလက်ဖောင်းတစ်ခုအပေါ် performance art အနေနဲ့ အနုပညာ ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ (mood) အပြည့်နဲ့ ရောစားပြလို့ရချင်ရပါလိမ့်မယ်။နိုင်ငံ့အရေးမှာတော့ ရောစားပြလို့မရပါဘူး။ချီး တန်ဖိုး နဲ့ ချီးဂုဏ်သိက္ခာ ဟာ သက်သက် ရေခဲမုန့် တန်ဖိုး နဲ့ ဂုဏ်သိက္ခာ ဟာ သက်သက်ပါ။
ဒီလိုနှိုင်းရတာဟာလဲ ဘယ်သူ့ကိုမှ စော်ကားလိုတဲ့စိတ်မဟုတ်ပါဘူး။ စည်းလုံးစေချင်လို့ပါ။ပြည်သူတွေအများစု လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဲပေးရမယ်ဆိုတာသိတယ်။အဆိပ်သီးတွေ တစ်လုံးပြီးတစ်လုံး လာကျလိမ့်ဦးမယ်။ဘာမှဝေဝါးစရာမရှိပါဘူး။စကားမစပ် မဲ စာရင်းစစ်ကြဦးဗျို့ အရေးကြီိးတယ်။” လို့ ဝေဖန်ပြောဆိုလာခဲ့တာပါ



လင်းလင်းကတော့ ဒဲ့ဒိုးဝေဖန်တတ်သူ ပီပီ ပြတ်ပြတ်သားသား ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးလည်း လင်းလင်းရဲ့ ဝေဖန်မှုအပေါ် ထင်မြင်ချက်လေးတွေပြောခဲ့ကြပါအုန်းနော်

Post a Comment

Previous Post Next Post