(Unicode)


NLD ပါတီတံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ (၃)ဦးကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ နယ်ပြောင်းရွှေ့၍ အရေးယူလိုက်ကြောင်း ရဲအရာရှိ အသိုင်းအဝိုင်း၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။



အဆိုပါသတင်းဖြစ်စဉ်အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟ ကတော့..

“ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာရသလို ရဲစည်းကမ်း ထိန်း သိမ်းရေးဥပဒေတွေကိုလည်းလိုက်နာရပါတယ်။ သတ်မှတ်ပြဋ္ဌာန်းထားသောစည်းမျဉ်း၊ စည်းကမ်းများကျင့်ဝတ်များ၊ ညွှန်ကြားချက်များကိုမလိုက်နာပါက အရေးယူခြင်းခံရနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။



ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်၌ တာဝန်ကျ ရဲအရာရှိ (၃) ဦးသည် အလုပ်မှအပြန်ဟုဆိုကာ NLD ပါတီ အမှတ်တံဆိပ်ပါသည့် Mask တပ်ဆင်၍ ဖေ့စဘွတ်ပေ်သို့ ဓါတ်ပုံများ တင်ခဲ့သည်။



အဆိုပါ ဖြစ်စဉ်အပေါ် NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့မှ မုံရွာဦးအောင်ရှင်ကတော့…

“ဒီကိစ္စကပြောရတာအကြောင်း ၂ ချက်ရှိတာပေါ့လေ။ တစ်အချက်ကတော့ NLD ရဲ့နှာခေါင်းစည်းကိုတပ်တာပေါ့လေ။ နှာခေါင်းစည်းကိုတပ်တာကတော့ ဒါသူ့ရဲ့လွတ်လပ်ခွင့်ပဲလေ။ အဲဒါကိုမတပ်ရဘူးလို့ ဘယ်သူကမှတားမြစ်တာ မျိုးမရှိဘူး။ နောက်တစ်ခုက အဲဒီလိုတပ်ခြင်းအားဖြင့် သူကပါတီနိုင်ငံရေးကိုလုပ်တယ်လို့လည်း ပြောလို့မရဘူး။ သူ့လွတ်လပ်ခွင့်ပဲ။နောက်တစ်ချက်ကတော့ သူကရဲတပ်ဖွဲ့ဝင်ဖြစ်တော့ ပြည်ထဲရေးလက်အောက်ခံဖြစ်တယ်လေ။ ပြည်ထဲရေးဥပဒေအရ အရေးယူတာမျိုးတော့လုပ်ရင်ရတာပေါ့လေ။ အပြစ်တစ်ခုအနေနဲ့အရေးယူရင်ရတာပေါ့လေ။ ကျွန်တော်တို့အမြင်တော့ ဒါသူ့လွတ်လပ်ခွင့်အရတပ်တာပဲ” လို့ မုံရွာဦးအောင်ရှင်က ပြောကြားခဲ့သည်။


ပါတီပုံပါ Mask

(Zawgyi)


NLD ပါတီတံဆိပ္ပါ Mask တပ္ဆင္ခဲ့သည့္ ရဲအရာရွိ (၃)ဦးကို ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္သို႔ နယ္ေျပာင္းေ႐ႊ႕၍ အေရးယူလိုက္ေၾကာင္း ရဲအရာရွိ အသိုင္းအဝိုင္း၌ သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။



အဆိုပါသတင္းျဖစ္စဥ္အေပၚ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမႉးႀကီးေက်ာ္သီဟ ကေတာ့..

“ရဲတပ္ဖြဲ႕ဝင္ေတြဟာ ႏိုင္ငံဝန္ထမ္းျဖစ္တဲ့အတြက္ ဝန္ထမ္းစည္းမ်ဥ္း၊ စည္းကမ္းေတြကို လိုက္နာရသလို ရဲစည္းကမ္း ထိန္း သိမ္းေရးဥပေဒေတြကိုလည္းလိုက္နာရပါတယ္။ သတ္မွတ္ျပ႒ာန္းထားေသာစည္းမ်ဥ္း၊ စည္းကမ္းမ်ားက်င့္ဝတ္မ်ား၊ ၫႊန္ၾကားခ်က္မ်ားကိုမလိုက္နာပါက အေရးယူျခင္းခံရႏိုင္ပါတယ္” ဟု ေျပာၾကားခဲ့သည္။



ၿပီးခဲ့သည့္ရက္ပိုင္းက ေနျပည္ေတာ္၌ တာဝန္က် ရဲအရာရွိ (၃) ဦးသည္ အလုပ္မွအျပန္ဟုဆိုကာ NLD ပါတီ အမွတ္တံဆိပ္ပါသည့္ Mask တပ္ဆင္၍ ေဖ့စဘြတ္ေပ္သို႔ ဓါတ္ပုံမ်ား တင္ခဲ့သည္။



အဆိုပါ ျဖစ္စဥ္အေပၚ NLD ပါတီ ဗဟိုျပန္ၾကားေရးအဖြဲ႕မွ မုံ႐ြာဦးေအာင္ရွင္ကေတာ့…

“ဒီကိစၥကေျပာရတာအေၾကာင္း ၂ ခ်က္ရွိတာေပါ့ေလ။ တစ္အခ်က္ကေတာ့ NLD ရဲ႕ႏွာေခါင္းစည္းကိုတပ္တာေပါ့ေလ။ ႏွာေခါင္းစည္းကိုတပ္တာကေတာ့ ဒါသူ႔ရဲ႕လြတ္လပ္ခြင့္ပဲေလ။ အဲဒါကိုမတပ္ရဘူးလို႔ ဘယ္သူကမွတားျမစ္တာ မ်ိဳးမရွိဘူး။ ေနာက္တစ္ခုက အဲဒီလိုတပ္ျခင္းအားျဖင့္ သူကပါတီႏိုင္ငံေရးကိုလုပ္တယ္လို႔လည္း ေျပာလို႔မရဘူး။ သူ႔လြတ္လပ္ခြင့္ပဲ။ေနာက္တစ္ခ်က္ကေတာ့ သူကရဲတပ္ဖြဲ႕ဝင္ျဖစ္ေတာ့ ျပည္ထဲေရးလက္ေအာက္ခံျဖစ္တယ္ေလ။ ျပည္ထဲေရးဥပေဒအရ အေရးယူတာမ်ိဳးေတာ့လုပ္ရင္ရတာေပါ့ေလ။ အျပစ္တစ္ခုအေနနဲ႔အေရးယူရင္ရတာေပါ့ေလ။ ကြၽန္ေတာ္တို႔အျမင္ေတာ့ ဒါသူ႔လြတ္လပ္ခြင့္အရတပ္တာပဲ” လို႔ မုံ႐ြာဦးေအာင္ရွင္က ေျပာၾကားခဲ့သည္။



ပါတီပုံပါ Mask


Post a Comment

Previous Post Next Post