(Unicode)

ဒါရိုက်တာ မင်းထင်ကိုကို ကြီးက ၂၀၁၁ ဇူလိုင်လဆန်းက ကိုလံဘီယာ နိုင်ငံ၌ ပြုလုပ်မည့် နိုင်ငံကဗျာ ပွဲတော်တွင် ၎င်း၏ကဗျာများနှင့် အတူ ဒေါ်အောင် ဆန်းစုကြည် ရေးသား သည့် ကဗျာကို ရွတ်ပြချင်၍ ကဗျာရေးသား ပေးရန် တောင်းဆိုခဲ့ သဖြင့် ယင်း ကဗျာကို ရေး သား ပေးခဲ့ခြင်းဖြစ် ကြောင်း ဒါရိုက်တာမင်းထင်ကို ကိုကြီးက ပြောသည်။‘ကိုယ်ပြောပြီး လေး၊ ငါးရက်ကြာတယ်။ လေဆိပ်ကိုဆင်း မယ့်နေ့ လာယူလို့ရပြီပြောမှ လေဆိပ်ကို ဆင်းရင်း ၅၄ ခြံကို သွားယူတာ၊ တကယ်တမ်းပြောရင် ဧည့်ခန်းထဲပဲ ရောက်ဖူးတာ။

အဲဒီနေ့ကတော့ ထမင်းစားခန်းထဲမှာ အမေစုက လက်ခံတွေ့တယ်။ ကိုယ်က သူ့ကို ကန်တော့တယ်။ ပြီးမှ လေဆိပ်ကိုဆင်းတာ’’ဟု ကဗျာ ကို သွားယူခဲ့သည့် ၂၀၁၁ ဇွန်လ ၃၀ ရက် အမှတ်တရကို ၎င်းက ပြောသည်။ယခင်က ယင်းကဗျာစာရွက်ကို သမီး မယ်မင်းထင်အတွက် အ မွေအဖြစ်ပေးရန် ရည်ရွယ်ထားသော်လည်း ၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲထက်ပင် အရေးကြီး သည်ဟု ယူဆ မိသောကြောင့် NLD ပါတီအောင်နိုင်ရေးအတွက် တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ ခြင်းဖြစ်ကြောင်း မင်း ထင်ကိုကိုကြီးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားထားသော ကဗျာစာရွက်ကို အွန်လိုင်းမှ လေလံတင်၍ ၂၀၂၀ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအောင်နိုင်ရေးအတွက် အသုံးပြုရန် လှူဒါန်းမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။ ၂၀၂၀ ရွေး ကောက်ပွဲက အရေးကြီးတယ်။ ကိုယ်လည်း ကျန်းမာရေးအရ ဘာမှလုပ်မပေး နိုင်ဘူး။ အဲဒီတော့ ဘာလုပ်ပေးရ မလဲစဉ်းစားတော့ အ မေစုပေးထားတဲ့ ကဗျာစာရွက်လေးကို သတိရတယ်။ ကိုမောင်မောင် အေးနဲ့ စကားပြောပြီး လုပ်ကြမယ်ဆိုပြီးဖြစ်သွားတာ။



NLD အောင်နိုင်ရေးအတွက် ရသမျှ အကုန်လှူ မှာ’’ဟု ၎င်းက ပြောသည်။လေလံတင်သည့် ကဗျာစာ ရွက်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားထားသည့် ‘ကဗျာဆိုတာ’ အမည်ဖြင့် ကဗျာတစ်ပုဒ်ပါဝင်မည်ဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် ၅၄ သိန်း စတင်ဖွင့်ကာ စက် တင်ဘာ ၅ ရက်အထိဈေးပြိုင်ပေးကာ ဝယ်ယူနိုင် ကြောင်း မောင်မောင်အေးက ရေး သားထားသည်။


Credit: 7DAY DAILY


(Zawgyi)


ဒါ႐ိုက္တာ မင္းထင္ကိုကို ႀကီးက ၂၀၁၁ ဇူလိုင္လဆန္းက ကိုလံဘီယာ ႏိုင္ငံ၌ ျပဳလုပ္မည့္ ႏိုင္ငံကဗ်ာ ပြဲေတာ္တြင္ ၎၏ကဗ်ာမ်ားႏွင့္ အတူ ေဒၚေအာင္ ဆန္းစုၾကည္ ေရးသား သည့္ ကဗ်ာကို ႐ြတ္ျပခ်င္၍ ကဗ်ာေရးသား ေပးရန္ ေတာင္းဆိုခဲ့ သျဖင့္ ယင္း ကဗ်ာကို ေရး သား ေပးခဲ့ျခင္းျဖစ္ ေၾကာင္း ဒါ႐ိုက္တာမင္းထင္ကို ကိုႀကီးက ေျပာသည္။‘ကိုယ္ေျပာၿပီး ေလး၊ ငါးရက္ၾကာတယ္။ ေလဆိပ္ကိုဆင္း မယ့္ေန႔ လာယူလို႔ရၿပီေျပာမွ ေလဆိပ္ကို ဆင္းရင္း ၅၄ ၿခံကို သြားယူတာ၊ တကယ္တမ္းေျပာရင္ ဧည့္ခန္းထဲပဲ ေရာက္ဖူးတာ။

အဲဒီေန႔ကေတာ့ ထမင္းစားခန္းထဲမွာ အေမစုက လက္ခံေတြ႕တယ္။ ကိုယ္က သူ႔ကို ကန္ေတာ့တယ္။ ၿပီးမွ ေလဆိပ္ကိုဆင္းတာ’’ဟု ကဗ်ာ ကို သြားယူခဲ့သည့္ ၂၀၁၁ ဇြန္လ ၃၀ ရက္ အမွတ္တရကို ၎က ေျပာသည္။ယခင္က ယင္းကဗ်ာစာ႐ြက္ကို သမီး မယ္မင္းထင္အတြက္ အ ေမြအျဖစ္ေပးရန္ ရည္႐ြယ္ထားေသာ္လည္း ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ ၿပီးခဲ့သည့္ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ပင္ အေရးႀကီး သည္ဟု ယူဆ မိေသာေၾကာင့္ NLD ပါတီေအာင္ႏိုင္ေရးအတြက္ တတ္ႏိုင္သည့္ဘက္မွ ေထာက္ပံ့ ျခင္းျဖစ္ေၾကာင္း မင္း ထင္ကိုကိုႀကီးက ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ေရးသားထားေသာ ကဗ်ာစာ႐ြက္ကို အြန္လိုင္းမွ ေလလံတင္၍ ၂၀၂၀ ေ႐ြးေကာက္ပြဲ တြင္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ဗဟိုေအာင္ႏိုင္ေရးအတြက္ အသုံးျပဳရန္ လႉဒါန္းမည္ဟု ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးက ေျပာသည္။ ၂၀၂၀ ေ႐ြး ေကာက္ပြဲက အေရးႀကီးတယ္။ ကိုယ္လည္း က်န္းမာေရးအရ ဘာမွလုပ္မေပး ႏိုင္ဘူး။ အဲဒီေတာ့ ဘာလုပ္ေပးရ မလဲစဥ္းစားေတာ့ အ ေမစုေပးထားတဲ့ ကဗ်ာစာ႐ြက္ေလးကို သတိရတယ္။ ကိုေမာင္ေမာင္ ေအးနဲ႔ စကားေျပာၿပီး လုပ္ၾကမယ္ဆိုၿပီးျဖစ္သြားတာ။

NLD ေအာင္ႏိုင္ေရးအတြက္ ရသမွ် အကုန္လႉ မွာ’’ဟု ၎က ေျပာသည္။ေလလံတင္သည့္ ကဗ်ာစာ ႐ြက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ေရးသားထားသည့္ ‘ကဗ်ာဆိုတာ’ အမည္ျဖင့္ ကဗ်ာတစ္ပုဒ္ပါဝင္မည္ျဖစ္ၿပီး ၾကမ္းခင္းေဈး က်ပ္ ၅၄ သိန္း စတင္ဖြင့္ကာ စက္ တင္ဘာ ၅ ရက္အထိေဈးၿပိဳင္ေပးကာ ဝယ္ယူႏိုင္ ေၾကာင္း ေမာင္ေမာင္ေအးက ေရး သားထားသည္။


Credit: 7DAY DAILY

Post a Comment

Previous Post Next Post