(Zawgyi)

မေကြးတိုင္း ၊ ပခုကၠဴၿမိဳ႕နယ္၊ ေခ်ာက္ကန္ေက်း႐ြာအုပ္စု ကြင္းအမွတ္ (၃၅၈/၁၈၉၆)ရွိေျမလြတ္ေျမ႐ိုင္းအက်ယ္ ဧက(၂၀၀)ေပၚတြင္ တင္ဒါေခၚယူခြင့္ျပဳခဲ့သည့္Mini Refinery အေသးစားေရနံခ်က္စက္႐ုံ(၅)ခုအား Octane နံပတ္ 92 အဆင့္ ရွိဓာတ္ဆီမ်ား ထုတ္ လုပ္ႏိုင္ရန္ ရည္႐ြယ္၍ တည္ေဆာက္ခြင့္ျပဳထားေၾကာင္းမေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ မွ သိရသည္။မေကြးတိုင္း ၊ မင္းလွၿမိဳ႕နယ္ ၊ မန္းသံပုရာကန္တြင္ ျမန္မာႏိုင္ငံ၏အႀကီးဆုံးေရနံခ်က္စက္႐ုံတစ္ခု ရွိေနေသာ္လည္းေဒသတြင္း ေရနံလက္ယက္တြင္းတိမ္မ်ားကထြက္ရွိသည့္ ေရနံမ်ားကို အဆင့္မီစက္သုံးဆီထုတ္လုပ္ရန္ပခုကၠဴ၌ တိုင္းေဒသႀကီးအစိုးရက စီစဥ္ခဲ့ျခင္းျဖစ္သည္။



“ဓာတ္ဆီဆိုင္ေတြသြားရင္ 92 ၊95 ေျပာၾကပါတယ္။92 ခ်က္ႏိုင္တဲ့စက္႐ုံ ျမန္မာျပည္မွာ မရွိေသးပါဘူး။ေရနံ ေတြကိုေလလံတင္ေရာင္းခ်ၿပီးေတာ့မွ ဒီဆိုင္ေတြကို ေရာက္သြားတယ္။ 92 ျဖစ္သြားတယ္။အဲဒါေတြကို သိေနတဲ့အတြက္ ဒီပခုကၠဴ စက္မႈဇုန္ကေန 92 ေတြထြက္ၿပီးေတာ့ တိုင္းအတြက္ပိုေကာင္းမယ္စဥ္းစားၿပီး စက္႐ုံေတြကို တည္တာပါ။မန္းသံပုရာကန္ က ထြက္တဲ့ဓါတ္ဆီက 68 အထိပဲခ်က္ႏိုင္ပါေသးတယ္ ”ဟုမေကြးတိုင္းအစိုးရအဖြဲ႕ သဘာဝပတ္ဝန္းက်င္၊သယံဇာတ ႏွင့္ စြမ္းအင္ ဝန္ႀကီး ဦးျမင့္ေဇာ္ က ေျပာသည္။



လက္ယက္တြင္းတိမ္လုပ္ကြက္မ်ားက ထြက္ရွိသည့္ ေရနံမ်ားကိုဝယ္ၿပီးမန္းသုံပုရာကန္၌ ခ်က္ရန္စီစဥ္ခဲ့ေသာ္လည္းျပည္ေထာင္စုအဆင့္တာဝန္ရွိသူက နည္းပညာအရ မျဖစ္ႏိုင္ဟု ဆိုသည့္အတြက္ေဒၚလာ ၅သန္းအထက္တန္ဖိုးရွိ ပခုကၠဴေရနံခ်က္စက္႐ုံစီမံကိန္းအားျပည္ေထာင္စုအစိုးရသေဘာတူညီခ်က္ျဖင့္ ခြင့္ျပဳခဲ့သည္ဟု ဝန္ႀကီးဦးျမင့္ေဇာ္ က ဆိုသည္။ပထမအခ်က္က တြင္းတိမ္ထြက္တဲ့ ေရနံအဆင့္ကနိမ့္ေနလို႔ သံပုရာကန္မွာ ခ်က္လို႔မရဘူး ။ေနာက္တစ္ခ်က္ က ပခုကၠဴမွာခ်က္မွာက တစ္ေန႔ကို ဂါလံသုံးေထာင္ကေနသုံးေသာင္းထိပဲခ်က္ႏိုင္ႏိုင္တဲ့ Mini Refinery ျဖစ္ပါ တယ္။

သံပုရာကန္က ဂါလံသိန္းနဲ႔ခ်ီခ်က္မွ ခ်က္လို႔ရမွာဆိုေတာ့ လည္ႏိုင္ေလာက္ေအာင္ေရနံေထာက္ပံ့ႏိုင္တဲ့ အေနအထားလည္း မရွိဘူး ” ဟု မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ က ေျပာသည္။ကုမၸဏီမ်ားက အခ်ိဳးက်ကုန္က်စရိတ္က်ခံ၍ စက္႐ုံပတ္လမ္းမ်ား ၊ အဝင္အထြက္လမ္းမ်ား ၊ေရေက်ာ္တံတားမ်ား ႏွင့္ လွ်ပ္စစ္မီးသြယ္တန္းျခင္းလုပ္ငန္းမ်ား တည္ေဆာက္လ်က္ရွိၿပီးကုမၸဏီ(၅)ခုထဲမွ Sunny Global Manufacing Co.Ltd ၏ လုပ္ငန္းမွာလည္ပတ္ႏိုင္ရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း မေကြးတိုင္းအစိုးရအဖြဲ႕ က သိရသည္။

ပခုကၠဴမီဒီယာ

(Unicode)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု ကွင်းအမှတ် (၃၅၈/၁၈၉၆)ရှိမြေလွတ်မြေရိုင်းအကျယ် ဧက(၂၀၀)ပေါ်တွင် တင်ဒါခေါ်ယူခွင့်ပြုခဲ့သည့်Mini Refinery အသေးစားရေနံချက်စက်ရုံ(၅)ခုအား Octane နံပတ် 92 အဆင့် ရှိဓာတ်ဆီများ ထုတ် လုပ်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်ခွင့်ပြုထားကြောင်းမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မှ သိရသည်။မကွေးတိုင်း ၊ မင်းလှမြို့နယ် ၊ မန်းသံပုရာကန်တွင် မြန်မာနိုင်ငံ၏အကြီးဆုံးရေနံချက်စက်ရုံတစ်ခု ရှိနေသော်လည်းဒေသတွင်း ရေနံလက်ယက်တွင်းတိမ်များကထွက်ရှိသည့် ရေနံများကို အဆင့်မီစက်သုံးဆီထုတ်လုပ်ရန်ပခုက္ကူ၌ တိုင်းဒေသကြီးအစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်။



“ဓာတ်ဆီဆိုင်တွေသွားရင် 92 ၊95 ပြောကြပါတယ်။92 ချက်နိုင်တဲ့စက်ရုံ မြန်မာပြည်မှာ မရှိသေးပါဘူး။ရေနံ တွေကိုလေလံတင်ရောင်းချပြီးတော့မှ ဒီဆိုင်တွေကို ရောက်သွားတယ်။ 92 ဖြစ်သွားတယ်။အဲဒါတွေကို သိနေတဲ့အတွက် ဒီပခုက္ကူ စက်မှုဇုန်ကနေ 92 တွေထွက်ပြီးတော့ တိုင်းအတွက်ပိုကောင်းမယ်စဉ်းစားပြီး စက်ရုံတွေကို တည်တာပါ။မန်းသံပုရာကန် က ထွက်တဲ့ဓါတ်ဆီက 68 အထိပဲချက်နိုင်ပါသေးတယ် ”ဟုမကွေးတိုင်းအစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင်၊သယံဇာတ နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော် က ပြောသည်။



လက်ယက်တွင်းတိမ်လုပ်ကွက်များက ထွက်ရှိသည့် ရေနံများကိုဝယ်ပြီးမန်းသုံပုရာကန်၌ ချက်ရန်စီစဉ်ခဲ့သော်လည်းပြည်ထောင်စုအဆင့်တာဝန်ရှိသူက နည်းပညာအရ မဖြစ်နိုင်ဟု ဆိုသည့်အတွက်ဒေါ်လာ ၅သန်းအထက်တန်ဖိုးရှိ ပခုက္ကူရေနံချက်စက်ရုံစီမံကိန်းအားပြည်ထောင်စုအစိုးရသဘောတူညီချက်ဖြင့် ခွင့်ပြုခဲ့သည်ဟု ဝန်ကြီးဦးမြင့်ဇော် က ဆိုသည်။ပထမအချက်က တွင်းတိမ်ထွက်တဲ့ ရေနံအဆင့်ကနိမ့်နေလို့ သံပုရာကန်မှာ ချက်လို့မရဘူး ။နောက်တစ်ချက် က ပခုက္ကူမှာချက်မှာက တစ်နေ့ကို ဂါလံသုံးထောင်ကနေသုံးသောင်းထိပဲချက်နိုင်နိုင်တဲ့ Mini Refinery ဖြစ်ပါ တယ်။

သံပုရာကန်က ဂါလံသိန်းနဲ့ချီချက်မှ ချက်လို့ရမှာဆိုတော့ လည်နိုင်လောက်အောင်ရေနံထောက်ပံ့နိုင်တဲ့ အနေအထားလည်း မရှိဘူး ” ဟု မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောသည်။ကုမ္ပဏီများက အချိုးကျကုန်ကျစရိတ်ကျခံ၍ စက်ရုံပတ်လမ်းများ ၊ အဝင်အထွက်လမ်းများ ၊ရေကျော်တံတားများ နှင့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းများ တည်ဆောက်လျက်ရှိပြီးကုမ္ပဏီ(၅)ခုထဲမှ Sunny Global Manufacing Co.Ltd ၏ လုပ်ငန်းမှာလည်ပတ်နိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ က သိရသည်။

ပခုက္ကူမီဒီယာ

Post a Comment

Previous Post Next Post