(Unicode)

Orchid ဟိုတယ် (House of Orchid ) ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် ရဲတပ် ဖွဲ့က ယနေ့( ဩဂုတ် ၂၁)ဖမ်းဆီးလိုက်ကြောင်း ကနဦးသတင်းရရှိသည်။ “ခုဏလေးတင်ကပဲ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကျွန်တော်လည်း အစည်းအဝေးတစ်ခုကအပြန် အိမ်အရောက်မှ မီဒီယာတွေမေးမြန်းလာတောင်ကြောင့် ရပ်ကွက်တာဝန်ရှိသူတို့ဆီ စုံစမ်းကြည့်တော့ မှသိရတာပါ။ ကျန်တဲ့အချက်တွေ ကျွန်တော်တို့လည်း မသိရပါဘူး။နိုင်ငံတော် အကြည်အညိုပျက်စေမှုဆိုတာ အုပ်ချုပ်ရေးက လုပ်တာဆိုတော့ ကျွန်တော်တို့လည်း ကြိုမသိရပါဘူး” ဟု ပုဇွန်တောင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ‌ပြောသည်။




ယင်းသို့ဖမ်းဆီးရာတွင် ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ပြီး သြဂုတ်လ ၂၁ ရက် ညနေ ၄ နာရီ ၃၀ အချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ် Orchid ဟိုတယ်၌တွင်ပင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ပုဇွန်တောင် မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်း ခဲ့ရာ”ဒီမှာတော့မဖမ်းထားဘူးခင်ဗျ။ ကျွန်တော်တို့ စခန်းမှာတော့ မဖမ်းထားဘူး။ ဘယ်အဆင့်ကဖမ်းတယ်တာတို့ ကျွန်တော်တို့မသိရဘူး။ ကျွန်တော်တို့ဆီလည်း တယောက်မှရောက်မလာသေးဘူး” ဟု တာဝန် ရှိသူတဦးကပြောသည်။


ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ – ၁၂၄ (က) – အကြည်ညိုပျက်အောင်ပြုခြင်း ဆိုသည်မှာမည်သူ မဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်ေ စ၊ ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို အမုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်းပြုလျှင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင်၊သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန်အား ထုတ်လျှင်ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းအောက်လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ် နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက် သက်ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။


Orchid Hotel ပိုင်ရှင်ဦးဌေးအောင်သည် NLD ပါတီအားနိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်နိုင်သည့် အထောက် အထားများ ချပြသည့်အခမ်းအနားကို ယခုလ ၈ ရက်၌ Orchid Hotel တွင်ကျင်းပပြုလုပ်ခဲ့ပြီး ၎င်း၏ ပြောဆိုချက်များကို လူမှုကွန်ယက်မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။အဆိုပါ အခမ်းအနားတွင် NLD ပါတီမှနိုင်ငံခြားတိုင်းပြည်မှရယူထားသောငွေများ(သို့မဟုတ်) အဖွဲ့အစည်း တစ်ခုခု ၏ ငွေများကို ရယူထားကြောင်း Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ကပြောကြားခဲ့ခြင်းဖြစ်သည်။


News Watch


(Zawgyi)


Orchid ဟိုတယ္ (House of Orchid ) ပိုင္ရွင္ ဦးေဌးေအာင္ကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၁၂၄(က)ျဖင့္ ရဲတပ္ ဖြဲ႕က ယေန႔( ဩဂုတ္ ၂၁)ဖမ္းဆီးလိုက္ေၾကာင္း ကနဦးသတင္းရရွိသည္။ “ခုဏေလးတင္ကပဲ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားပါတယ္။ ကြၽန္ေတာ္လည္း အစည္းအေဝးတစ္ခုကအျပန္ အိမ္အေရာက္မွ မီဒီယာေတြေမးျမန္းလာေတာင္ေၾကာင့္ ရပ္ကြက္တာဝန္ရွိသူတို႔ဆီ စုံစမ္းၾကည့္ေတာ့ မွသိရတာပါ။ က်န္တဲ့အခ်က္ေတြ ကြၽန္ေတာ္တို႔လည္း မသိရပါဘူး။ႏိုင္ငံေတာ္ အၾကည္အညိဳပ်က္ေစမႈဆိုတာ အုပ္ခ်ဳပ္ေရးက လုပ္တာဆိုေတာ့ ကြၽန္ေတာ္တို႔လည္း ႀကိဳမသိရပါဘူး” ဟု ပုဇြန္ေတာင္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္ (၂)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္လြင္က ‌ေျပာသည္။


ယင္းသို႔ဖမ္းဆီးရာတြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉးက တရားလိုျပဳလုပ္၍ တရားစြဲဆိုျခင္းျဖစ္ၿပီး ၾသဂုတ္လ ၂၁ ရက္ ညေန ၄ နာရီ ၃၀ အခ်ိန္ခန္႔တြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္ Orchid ဟိုတယ္၌တြင္ပင္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ယင္း ကိစၥႏွင့္ ပတ္သက္၍ ပုဇြန္ေတာင္ ၿမိဳ႕နယ္ရဲစခန္းသို႔ ဆက္သြယ္ေမးျမန္း ခဲ့ရာ”ဒီမွာေတာ့မဖမ္းထားဘူးခင္ဗ်။ ကြၽန္ေတာ္တို႔ စခန္းမွာေတာ့ မဖမ္းထားဘူး။ ဘယ္အဆင့္ကဖမ္းတယ္တာတို႔ ကြၽန္ေတာ္တို႔မသိရဘူး။ ကြၽန္ေတာ္တို႔ဆီလည္း တေယာက္မွေရာက္မလာေသးဘူး” ဟု တာဝန္ ရွိသူတဦးကေျပာသည္။


ျပစ္မႈဆိုင္ရာဥပေဒ (ရာဇသတ္ႀကီး) ပုဒ္မ – ၁၂၄ (က) – အၾကည္ညိဳပ်က္ေအာင္ျပဳျခင္း ဆိုသည္မွာမည္သူ မဆို ႏႈတ္ျဖင့္ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ၊ အမွတ္အသားျဖင့္ျဖစ္ေစ၊ ထင္ရွားေသာ ပုံသ႑န္ျဖင့္ျဖစ္ေစ၊ အျခားနည္းျဖင့္ျဖစ္ေ စ၊ ျပည္ေထာင္စုအတြက္ သို႔တည္းမဟုတ္ ျပည္ေထာင္စုအဖြဲ႕ဝင္မ်ားအတြက္ ဥပေဒအရ တည္ေထာင္ထားေသာ အစိုးရကို အမုန္းထားေအာင္ေသာ္လည္းေကာင္း၊ မေလးစားေအာင္ေသာ္လည္းေကာင္းျပဳလွ်င္၊ သို႔တည္းမဟုတ္ ထိုသို႔ျပဳရန္အားထုတ္လွ်င္၊သို႔တည္းမဟုတ္ ေမတၱာပ်က္ေအာင္ လႈံ႕ေဆာ္လွ်င္၊ သို႔တည္းမဟုတ္ ထိုသို႔လႈံ႕ေဆာ္ရန္အား ထုတ္လွ်င္ထိုသူကို ေငြဒဏ္ႏွင့္တကြ တစ္သက္တစ္ကြၽန္းဒဏ္ျဖစ္ေစ၊ ေငြဒဏ္ႏွင့္တကြ တစ္သက္တစ္ကြၽန္းေအာက္ေလ်ာ့သည့္ တစ္ကြၽန္းဒဏ္ျဖစ္ေစ၊ ေငြဒဏ္ ႏွင့္တကြ သုံးႏွစ္အထိ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ သက္ သက္ျဖစ္ေစ ခ်မွတ္ရမည္ဟု ေဖာ္ျပထားသည္။


Orchid Hotel ပိုင္ရွင္ဦးေဌးေအာင္သည္ NLD ပါတီအားႏိုင္ငံေရးပါတီအျဖစ္မွပယ္ဖ်က္ႏိုင္သည့္ အေထာက္ အထားမ်ား ခ်ျပသည့္အခမ္းအနားကို ယခုလ ၈ ရက္၌ Orchid Hotel တြင္က်င္းပျပဳလုပ္ခဲ့ၿပီး ၎၏ ေျပာဆိုခ်က္မ်ားကို လူမႈကြန္ယက္မွ တစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္ခဲ့သည္။အဆိုပါ အခမ္းအနားတြင္ NLD ပါတီမွႏိုင္ငံျခားတိုင္းျပည္မွရယူထားေသာေငြမ်ား(သို႔မဟုတ္) အဖြဲ႕အစည္း တစ္ခုခု ၏ ေငြမ်ားကို ရယူထားေၾကာင္း Orchid Hotel ပိုင္ရွင္ ဦးေဌးေအာင္ကေျပာၾကားခဲ့ျခင္းျဖစ္သည္။


News Watch

Post a Comment

Previous Post Next Post