(Unicode)

ရခိုင်ပြည်နယ် စစ်တွေမှ ရန်ကုန်သို့ လာရောက်မည့်သူများအနေဖြင့် ရန်ကုန်မြို့တွင် Quarantine နေထိုင်ရမည်ဖြစ်ပြီး
Swab နှစ်ကြိမ် ရယူမည်ဖြစ်ကြောင်း

သြဂုတ် ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက

၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားခဲ့ပါတယ်။


“စစ်တွေမှ ရန်ကုန်သို့ လာရောက်ကြမည့်သူများ ရန်ကုန်တွင် Quarantine နေရပါမည်။

Swab နှစ်ခါ ယူရပါမည်။ Hotel သို့ Facility Quarantine ရွေးချယ်နိုင်ပါသည်” ဟု

ဝန်ကြီး ဦးနိုင်ငံလင်းက ရေးသားထားပါတယ်။



ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တွေမြို့နယ်၌ ကိုဗစ်ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိသည့်အပြင်

ပြည်ပသို့ ခရီးသွားရာဇဝင်မရှိသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင်

ကိုဗစ် ရောဂါပိုး တွေ့ရှိရပြီးနောက် စစ်တွေမြို့တွင် အခြားကူးဆက်မှုများလည်း ဖြစ်ပေါ်လျက် ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ် ၂၀ ရက် နံနက် ၈ နာရီ သတင်းထုတ်ပြန်ချက်အရ

ကိုဗစ် ရောဂါပိုးတွေ့ရှိသူ အထက်ပါအမျိုးသမီးနှင့် ထိတွေ့မှုရှိသူ

စစ်တွေမြို့နယ်နေ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနှင့်

ပြည်ပခရီးသွားရာဇဝင်မရှိသည့်အပြင် ကိုဗစ် ရောဂါပိုးရှိသူ ထိတွေ့မှုမရှိဘဲ

စစ်တွေမြို့နယ်နေ အသက် ၂၉ ရွယ် အမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ် ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။


(Zawgyi)


ရခိုင္ျပည္နယ္ စစ္ေတြမွ ရန္ကုန္သို႔ လာေရာက္မည့္သူမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕တြင္ Quarantine ေနထိုင္ရမည္ျဖစ္ၿပီး
Swab ႏွစ္ႀကိမ္ ရယူမည္ျဖစ္ေၾကာင္း

ၾသဂုတ္ ၂၀ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက

၎၏ လူမႈကြန္ရက္စာမ်က္ႏွာ၌ ေရးသားခဲ့ပါတယ္။


“စစ္ေတြမွ ရန္ကုန္သို႔ လာေရာက္ၾကမည့္သူမ်ား ရန္ကုန္တြင္ Quarantine ေနရပါမည္။

Swab ႏွစ္ခါ ယူရပါမည္။ Hotel သို႔ Facility Quarantine ေ႐ြးခ်ယ္ႏိုင္ပါသည္” ဟု

ဝန္ႀကီး ဦးႏိုင္ငံလင္းက ေရးသားထားပါတယ္။



ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း စစ္ေတြၿမိဳ႕နယ္၌ ကိုဗစ္ေရာဂါအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕မႈမရွိသည့္အျပင္

ျပည္ပသို႔ ခရီးသြားရာဇဝင္မရွိသည့္ အသက္ ၂၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတြင္

ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိရၿပီးေနာက္ စစ္ေတြၿမိဳ႕တြင္ အျခားကူးဆက္မႈမ်ားလည္း ျဖစ္ေပၚလ်က္ ရွိသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ၾသဂုတ္ ၂၀ ရက္ နံနက္ ၈ နာရီ သတင္းထုတ္ျပန္ခ်က္အရ

ကိုဗစ္ ေရာဂါပိုးေတြ႕ရွိသူ အထက္ပါအမ်ိဳးသမီးႏွင့္ ထိေတြ႕မႈရွိသူ

စစ္ေတြၿမိဳ႕နယ္ေန အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးႏွင့္

ျပည္ပခရီးသြားရာဇဝင္မရွိသည့္အျပင္ ကိုဗစ္ ေရာဂါပိုးရွိသူ ထိေတြ႕မႈမရွိဘဲ

စစ္ေတြၿမိဳ႕နယ္ေန အသက္ ၂၉ ႐ြယ္ အမ်ိဳးသမီးတစ္ဦးတို႔တြင္ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိရေၾကာင္း သိရသည္။

Post a Comment

Previous Post Next Post