(Unicode)
ဒီရက်ပိုင်းအတွင်းမှာတော့ ဩဂုတ်လ (၁၆)ရက်နေ့ကစပြီး ဩဂုတ်လ (၂၆)ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကိုဗစ်လူနာ (၂၀၀) နီးပါးအထိ ရှိလာပါတယ်။တစ်နိုင်ငံမှာတော့ ဩဂုတ်လ (၂၆)ရက်နေ့ညပိုင်းအထိ ကိုဗစ်လူနာအယောက် (၅၈၀)ရှိနေပြီး အဲဒီထဲမှာ ပြန် ကောင်းမွန်သူ (၃၄၅)ယောက်နဲ့ သေဆုံးသူ (၆)ယောက်ရှိ နေပaါတယ်။
ရခိုင်တစ်ပြည်နယ်လုံး Stay at Home အစီအစဉ်ထဲမှာ ပါဝင်တယ် လို့ အစိုးရက ဩဂုတ်လ (၂၆)ရက်နေ့မှာ အမိန့်ထုတ်ပြန် လိုက်ပါတယ် ။ အခုအမိန့်ဟာ ယနေ့ဩဂုတ်လ (၂၇)ရက်နေ့ မနက် (၈)နာရီက စပြီး အသက်ဝင်မှာပါအဲဒီ Stay Home (Semi Lockdown) အစီအစဉ် မှာ အစိုးရဌာန၊ အဖွဲ့အစည်းနဲ့ ဝန်ထမ်းတွေကလွဲပြီး ကျန်တဲ့သူတွေအနေနဲ့ အိမ်မှာပဲ နေထိုင်ရမှာ ဖြစ်ပါတယ်။
မဖြစ်မနေဈေးဝယ်ထွက်ရင် တစ်ယောက်ထဲသွားဖို့လည်း စည်းကမ်းချက် ထုတ်ထားပါတယ်။ဒါ့အပြင် ဆေးရုံဆေးခန်းသွားတဲ့အခါ တစ် အိမ်ကို (၂)ယောက်ပဲ သွားဖို့ ၊နေအိမ်အပြင်ထွက်ရင် နှာခေါင်းစည်း (Mask) တပ်ဖို့နဲ့ ဝန်ထမ်းကြိုပို့ယာဉ်တွေအနေနဲ့ ရပ်ကွက်ကျော်လွန် မသွားလာဖို့လည်း စည်းကမ်းချက်တွေမှာ ပါရှိပါတယ်။
အဲဒီလို Stay at Home နေထိုင်ကြတဲ့အခါ စားနပ်ရိက္ခာထောက်ပံ့မှုနဲ့ ရောဂါကာကွယ်ရေးကိစ္စတွေကို အစိုးရက အပြည့်အဝဖြည့် ဆည်း ဆောင်ရွက်ပေးသွားမယ်လို့လည်း အစိုးရရဲ့ပန်ကြားချက်မှာပါရှိပါတယ်။ အခုအမိန့်တွေကို မလိုက်နာရင်တော့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ အမိန့်ကြေညာချက်အရ သိရပါတယ်။
Credit : O MEDIA
(Zawgyi)
Credit : O MEDIA
Post a Comment
Previous Post Next Post