(Unicode)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်၌ နေထိုင်သူ တစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ (၁၀) ရက်တွင် သတင်းထုတ်ပြန်သည်။



အဆိုပါ ပိုးတွေ့လူနာသည် အသက် (၃၀) ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် အောင်ချမ်းသာကျေးရွာ၌ နေထိုင်ကာ အလှကုန်ကုမ္ပဏီ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်သူဖြစ်ကြောင်း၊ မန္တလေးဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် တက်ရောက်ကုသနေစဉ် COVID-19 ရောဂါပိုး စစ်ဆေး တွေ့ရှိခြင်း ဖြစ်ကြောင်း မန္တလေး ဆေးရုံကြီးနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။



“ ပုသိမ်ကြီးက တစ်ယောက်က မနေ့ညက ပိုးတွေ့တာပါ ” ဟု မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။ အဆိုပါ ပိုးတွေ့လူနာသည် အလှကုန် အရောင်းဝန်ထမ်းဖြစ်ပြီး ၎င်း၏ မိသားစုဝင် ငါးဦးကို Quarantine စင်တာသို့ ပို့ဆောင်ပေးရန် စီစဉ်နေသည်ဟု ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဟုတ်ပါတယ်။ သူ့ Contact (ထိတွေ့ဆက်စပ်သူ) မိသားစု ငါးယောက်တော့ Q ပို့ဖို့ လုပ်နေတယ်။ အလှကုန်ဆိုင် အရောင်းဝန်ထမ်းပါ ” ဟု အထက်ပါ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။

၎င်းပို့တွေ့လူနာသည် အလှကုန် ပစ္စည်းများ ရောင်းချသည့် ကုမ္မဏီတစ်ခု၏ အရောင်းဝန်ထမ်းဖြစ်ပြီး မန်းမြန်မာပလာဇာ ပထမထပ်တွင် ကောင်တာများ ချကာ အလှကုန်ပစ္စည်း ရောင်းချနေသူဖြစ်ကြောင်း၊ အဆိုပါ ပိုးတွေ့လူနာ ဈေးရောင်းခဲ့သည့် နေရာသည် ဆိုင်ခန်းနေရာ ကျယ်ဝန်းပြီး ဈေးချိုထက် လူသွားအလာ ကျဲပါးကြောင်း အဆင့်မြင့် ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုတော်ဆောင် အဖွဲ့၊ အတွင်းရေးမှူး ဦးမင်းမင်းက ပြောသည်။ “သူက ကုမ္မဏီဝန်ထမ်းပေါ့။ ထိတွေ့ Contact ရှိနိုင်သူတွေကိုတော့ ညကတည်းက လိုက်နေတယ် ” ဟု ၎င်းက ပြောသည်။



ဈေးအတွင်း အလှကုန်ပစ္စည်း ရောင်းချသူ တစ်ဦးတွင် ပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု ဦးမင်းမင်းက ဆိုသည်။

မန်းမြန်မာပလာဇာ ပထမထပ်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦး COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိသဖြင့် တစ်ဆိုင်လုံး ပိတ်ကာ Quarantine ဝင်မည်ဟု ကြားသိထားရကြောင်း၊ သို့သော် ဝန်ကြီးဌာန ထုတ်ပြန်ချက်ပါ ပုသိမ်ကြီးမြို့နယ်မှ ပိုးတွေ့လူနာသည် ယင်းဆိုင်ဝန်ထမ်း ဟုတ်၊မဟုတ်ကိုမူ အတိအကျ မသိရသေးဟု မန်းမြန်မာ ပလာဇာ ဈေးအကျိုးတော်ဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင့်ဇော်မောင်က ပြောသည်။

“အဲ့ဒီ ပုသိမ်ကြီးက ပိုးတွေ့လူနာနဲ့ အလှကုန်ဆိုင်ဝန်ထမ်းက တစ်ဦးတည်း ဟုတ်၊မဟုတ်ဆိုတာတော့ မသိရသေးဘူး။ တစ်ဦးတည်းဖြစ်ဖို့တော့ ရာခိုင်နှုန်း များပါတယ် ” ဟု ၎င်းက ပြောသည်။

အဆိုပါ အလှကုန်ဆိုင်သည် ကိုဗစ်ကာကွယ်ရေးအတွက် လိုက်နာရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် စည်းကမ်းညွှန်ကြား ချက်များကို အလေးထား လိုက်နာသည့် ဆိုင်ဖြစ်သည်ဟု ဦးတင့်ဇော်မောင်က ပြောသည်။

ယနေ့ စက်တင်ဘာ (၁၀) ရက်သည် ဥပုသ်နေ့ဖြစ်ပြီး ဈေးပိတ်သည့်အတွက် အတည်ပြုလူနာ တွေ့ရှိမှုနှင့်ပတ်သက်၍ မည်သို့ ဆက်လက်ဆောင်ရွက်မည် ဆိုသည်ကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။

သို့သော် အဆိုပါ ပိုးတွေ့လူနာ၏ ခရီးသွားရာဇဝင်၊ ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများနှင့် မန်းမြန်မာပလာဇာ၌ မည်သည့်နေ့အထိ အလုပ်ဆင်းခဲ့သည် ဆိုသည်များကိုမူ မသိရသေးပါ။

ယမန်နေ့ စက်တင်ဘာ (၆) ရက်၊ (၇) ရက်နှင့် (၈) ရက်တွင်လည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နေ အသက် (၂၃) နှစ်အရွယ် အမျိုးသမီး၊ အောင်မြေသာစံမြို့နယ်နေ အသက် (၂၁) အရွယ် အမျိုးသားနှင့် အမရပူရမြို့နယ် အသက် (၃၀) ကျော်အရွယ် အမျိုးသားတို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရာ မန္တလေးမြို့၌ လေးရက်ဆက်တိုက် အတည်ပြုလူနာသစ် တွေ့ရှိခြင်း ဖြစ်သည်။



ယနေ့ စက်တင်ဘာ (၁၀) ရက်တွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ (၂၁၈၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂၀) ဦး တွေ့ရှိရကြောင်းနှင့် အဆိုပါ အတည်ပြုလူနာသစ်များတွင် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှ တစ်ဦးနှင့် မိတ္ထီလာမြို့နယ်မှ တစ်ဦး ပါဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ (၁၀) ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၀၀၉) ဦးရှိလာပြီး ၎င်းတို့အနက် ဆေးရုံမှ ဆင်းခွင့်ရသူ (၅၅၀) ကျော်နှင့် သေဆုံးသူ (၁၄) ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

(Zawgyi)


မႏၲေလးတိုင္း ပုသိမ္ႀကီးၿမိဳ့နယ္၌ ေနထိုင္သူ တစ္ဦးတြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ယေန႔ စက္တင္ဘာ (၁၀) ရက္တြင္ သတင္းထုတ္ျပန္သည္။



အဆိုပါ ပိုးေတြ႕လူနာသည္ အသက္ (၃၀) ေက်ာ္အရြယ္ အမ်ိဳးသမီးျဖစ္ၿပီး ပုသိမ္ႀကီးၿမိဳ့နယ္ ေအာင္ခ်မ္းသာေက်းရြာ၌ ေနထိုင္ကာ အလွကုန္ကုမၸဏီ အေရာင္းဝန္ထမ္းအျဖစ္ လုပ္ကိုင္သူျဖစ္ေၾကာင္း၊ မႏၲေလးေဆး႐ုံႀကီး၌ ေစာင့္ၾကည့္လူနာအျဖစ္ တက္ေရာက္ကုသေနစဥ္ COVID-19 ေရာဂါပိုး စစ္ေဆး ေတြ႕ရွိျခင္း ျဖစ္ေၾကာင္း မႏၲေလး ေဆး႐ုံႀကီးႏွင့္ သက္ဆိုင္ရာ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားက ေျပာသည္။

“ ပုသိမ္ႀကီးက တစ္ေယာက္က မေန႔ညက ပိုးေတြ႕တာပါ ” ဟု မႏၲေလးေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာသည္။ အဆိုပါ ပိုးေတြ႕လူနာသည္ အလွကုန္ အေရာင္းဝန္ထမ္းျဖစ္ၿပီး ၎၏ မိသားစုဝင္ ငါးဦးကို Quarantine စင္တာသို့ ပို့ေဆာင္ေပးရန္ စီစဥ္ေနသည္ဟု ပုသိမ္ႀကီးၿမိဳ့နယ္ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

“ဟုတ္ပါတယ္။ သူ႔ Contact (ထိေတြ႕ဆက္စပ္သူ) မိသားစု ငါးေယာက္ေတာ့ Q ပို့ဖို့ လုပ္ေနတယ္။ အလွကုန္ဆိုင္ အေရာင္းဝန္ထမ္းပါ ” ဟု အထက္ပါ ၿမိဳ့နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္က ေျပာသည္။

၎ပို့ေတြ႕လူနာသည္ အလွကုန္ ပစၥည္းမ်ား ေရာင္းခ်သည့္ ကုမၼဏီတစ္ခု၏ အေရာင္းဝန္ထမ္းျဖစ္ၿပီး မန္းျမန္မာပလာဇာ ပထမထပ္တြင္ ေကာင္တာမ်ား ခ်ကာ အလွကုန္ပစၥည္း ေရာင္းခ်ေနသူျဖစ္ေၾကာင္း၊ အဆိုပါ ပိုးေတြ႕လူနာ ေဈးေရာင္းခဲ့သည့္ ေနရာသည္ ဆိုင္ခန္းေနရာ က်ယ္ဝန္းၿပီး ေဈးခ်ိဳထက္ လူသြားအလာ က်ဲပါးေၾကာင္း အဆင့္ျမင့္ ေဈးခ်ိဳေတာ္ႏွင့္ တိုက္တန္းႀကီး ေဈးအက်ိဳေတာ္ေဆာင္ အဖြဲ႕၊ အတြင္းေရးမွူး ဦးမင္းမင္းက ေျပာသည္။ “သူက ကုမၼဏီဝန္ထမ္းေပါ့။ ထိေတြ႕ Contact ရွိနိုင္သူေတြကိုေတာ့ ညကတည္းက လိုက္ေနတယ္ ” ဟု ၎က ေျပာသည္။



ေဈးအတြင္း အလွကုန္ပစၥည္း ေရာင္းခ်သူ တစ္ဦးတြင္ ပိုးေတြ႕ရွိမွုႏွင့္ပတ္သက္၍ မည္သို့ ဆက္လက္ေဆာင္ရြက္မည္ကို ညႇိႏွိုင္းေနဆဲ ျဖစ္သည္ဟု ဦးမင္းမင္းက ဆိုသည္။

မန္းျမန္မာပလာဇာ ပထမထပ္ရွိ အလွကုန္ပစၥည္း အေရာင္းဆိုင္မွ ဝန္ထမ္းတစ္ဦး COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိသျဖင့္ တစ္ဆိုင္လုံး ပိတ္ကာ Quarantine ဝင္မည္ဟု ၾကားသိထားရေၾကာင္း၊ သို့ေသာ္ ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ပါ ပုသိမ္ႀကီးၿမိဳ့နယ္မွ ပိုးေတြ႕လူနာသည္ ယင္းဆိုင္ဝန္ထမ္း ဟုတ္၊မဟုတ္ကိုမူ အတိအက် မသိရေသးဟု မန္းျမန္မာ ပလာဇာ ေဈးအက်ိဳးေတာ္ေဆာင္အဖြဲ႕ တြဲဖက္အတြင္းေရးမွူး ဦးတင့္ေဇာ္ေမာင္က ေျပာသည္။

“အဲ့ဒီ ပုသိမ္ႀကီးက ပိုးေတြ႕လူနာနဲ႔ အလွကုန္ဆိုင္ဝန္ထမ္းက တစ္ဦးတည္း ဟုတ္၊မဟုတ္ဆိုတာေတာ့ မသိရေသးဘူး။ တစ္ဦးတည္းျဖစ္ဖို့ေတာ့ ရာခိုင္ႏွုန္း မ်ားပါတယ္ ” ဟု ၎က ေျပာသည္။

အဆိုပါ အလွကုန္ဆိုင္သည္ ကိုဗစ္ကာကြယ္ေရးအတြက္ လိုက္နာရန္ သက္ဆိုင္ရာ အစိုးရအဖြဲ႕အစည္းမ်ားက ထုတ္ျပန္ထားသည့္ စည္းကမ္းညႊန္ၾကား ခ်က္မ်ားကို အေလးထား လိုက္နာသည့္ ဆိုင္ျဖစ္သည္ဟု ဦးတင့္ေဇာ္ေမာင္က ေျပာသည္။

ယေန႔ စက္တင္ဘာ (၁၀) ရက္သည္ ဥပုသ္ေန႔ျဖစ္ၿပီး ေဈးပိတ္သည့္အတြက္ အတည္ျပဳလူနာ ေတြ႕ရွိမွုႏွင့္ပတ္သက္၍ မည္သို့ ဆက္လက္ေဆာင္ရြက္မည္ ဆိုသည္ကိုမူ မသိရေသးေၾကာင္း ၎က ဆိုသည္။

သို့ေသာ္ အဆိုပါ ပိုးေတြ႕လူနာ၏ ခရီးသြားရာဇဝင္၊ ထိေတြ႕ဆက္စပ္မွု ရွိခဲ့သူမ်ားႏွင့္ မန္းျမန္မာပလာဇာ၌ မည္သည့္ေန႔အထိ အလုပ္ဆင္းခဲ့သည္ ဆိုသည္မ်ားကိုမူ မသိရေသးပါ။

ယမန္ေန႔ စက္တင္ဘာ (၆) ရက္၊ (၇) ရက္ႏွင့္ (၈) ရက္တြင္လည္း မႏၲေလးၿမိဳ့ ခ်မ္းျမသာစည္ၿမိဳ့နယ္ေန အသက္ (၂၃) နွစ္အရြယ္ အမ်ိဳးသမီး၊ ေအာင္ေျမသာစံၿမိဳ့နယ္ေန အသက္ (၂၁) အရြယ္ အမ်ိဳးသားႏွင့္ အမရပူရၿမိဳ့နယ္ အသက္ (၃၀) ေက်ာ္အရြယ္ အမ်ိဳးသားတို့တြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားရာ မႏၲေလးၿမိဳ့၌ ေလးရက္ဆက္တိုက္ အတည္ျပဳလူနာသစ္ ေတြ႕ရွိျခင္း ျဖစ္သည္။



ယေန႔ စက္တင္ဘာ (၁၀) ရက္တြင္ COVID-19 ေရာဂါ ဓာတ္ခြဲနမူနာ (၂၁၈၉) ခုအား စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၁၂၀) ဦး ေတြ႕ရွိရေၾကာင္းႏွင့္ အဆိုပါ အတည္ျပဳလူနာသစ္မ်ားတြင္ မႏၲေလးတိုင္း ပုသိမ္ႀကီးၿမိဳ့နယ္မွ တစ္ဦးႏွင့္ မိတၳီလာၿမိဳ့နယ္မွ တစ္ဦး ပါဝင္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ယေန႔ စက္တင္ဘာ (၁၀) ရက္အထိ ျမန္မာနိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳလူနာ (၂၀၀၉) ဦးရွိလာၿပီး ၎တို့အနက္ ေဆး႐ုံမွ ဆင္းခြင့္ရသူ (၅၅၀) ေက်ာ္ႏွင့္ ေသဆုံးသူ (၁၄) ဦး ရွိေၾကာင္း က်န္းမာေရးနွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

Post a Comment

Previous Post Next Post