စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္း ခ႐ိုင္၊ ပင္လည္ဘူးၿမိဳ႕နယ္ရွိ ဘုန္းႀကီး ေက်ာင္း တေက်ာင္းတြင္ ဖုန္းေပ်ာက္မႈေၾကာင့္ မသကၤာဖြယ္ရာ ကိုရင္တပါးအား ဦးဇင္း (၃) ပါးက ႐ိုက္ႏွက္စစ္ေဆးရာ လက္ လြန္၍ ကိုရင္ေလး ပ်ံလြန္ေတာ္မူခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။


ျဖစ္စဥ္မွာ ပင္လည္ဘူးၿမိဳ႕နယ္ရွိ ပင္းႀကိဳင္းေက်း႐ြာ ေတာင္ေက်ာင္း ဘုန္းႀကီး ေက်ာင္းတြင္ စက္တင္ ဘာ ၂၃ ရက္ေန႔ ည ၇ နာရီအခ်ိန္ခန္႔တြင္ ယင္းကိစၥႏွင့္ပတ္သက္၍ အသက္ ၁၃ ႏွစ္အ႐ြယ္ ကိုရင္တပါးအား ဦးဇင္း သုံးပါးက မီးပလပ္ႀကိဳး၊ ဝါးျခမ္းတို႔ျဖင့္ ႐ိုက္ႏွက္ စစ္ေဆးခဲ့ရာ ျပင္းထန္ဒဏ္ရာမ်ားရရွိခဲ့သည့္အတြက္ အဆိုပါ ကိုရင္အား ပင္လည္ဘူးၿမိဳ႕နယ္ ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ရာ ည ၁၁ နာရီ ခြဲအခ်ိန္ခန္႔တြင္ ျပင္းထန္ဒဏ္ရားမ်ားျဖင့္ ပ်ံလြန္ေတာ္ မူခဲ့ေၾကာင္း သိရသည္။


ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ပင္လည္ဘူးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးမွ ဒုရဲမႉး မ်ိဳးတင့္ ဦးေဆာင္ေသာ ရဲတပ္ဖြဲ႕ဝင္ႏွင့္ နယ္ထိန္းပါဝင္ေသာအဖြဲ႕မွ စက္တင္ဘာ(၂၃)ရက္ ည ၁၁ နာရီခန္႔က သြားေရာက္ၾကည့္ရႈ စစ္ေဆးရာ ကိုရင္ ရွင္ရာဇိႏၵ(ခ)သစ္ဆန္းဦး ဝါေတာ္ (၃)ဝါ၊ ပင္းႀကိဳင္းေက်း႐ြာ ေတာင္ေက်ာင္း ဘုန္းႀကီးေက်ာင္းေနသူ၏ ဦးေခါင္းေႏွာက္ေစ့ (၁) ေစ့ (၁) လက္မခန္႔ စုတ္ၿပဲဒဏ္ရာ၊ ယာဘက္မ်က္လုံး ညိဳမဲဒဏ္ရာ၊ ေက်ာျပင္ညိဳမဲဒဏ္ရာ၊ ဝဲ/ယာ လက္ႏွစ္ဘက္ ညိဳမဲဒဏ္ရာ၊ ယာဘက္ရင္ၫႊန္႔ ညိဳမဲဒဏ္ရာ၊ ႏွာေခါင္းေသြးထြက္ ဒဏ္ရာမ်ားျဖင့္ ပ်ံလြန္ေတာ္မူေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာရဲတပ္ဖြဲ႕က စစ္ ေဆးေမးျမန္းရာ ေက်ာင္းဝင္းအတြင္း ဖုန္းေပ်ာက္သည့္ကိစၥျဖင့္ ကိုရင္ ရွင္ရာဇိႏၵ(ခ)သစ္ဆန္းဦးအား မသကၤာ၍ ဥဴးေတဇနိယ (ခ)ေမာင္ၿပဳံး၊ ဥဴးသီရိနႏၵ (ခ)ေဇာ္ဝင္းႏိုင္ႏွင့္ ဥဴးေတဇိႏၵ (ခ) ေနမ်ိဳးေမာင္တို႔ (၃) ပါးတို႔မွ မီးပလပ္ႀကိဳး၊ ဝါးျခမ္းမ်ား ျဖင့္ ႐ိုက္နက္စစ္ေဆးခဲ့ေၾကာင္း၊ ကိုရင္ ရွင္ရာဇိႏၵ (ခ)သစ္ဆန္းဦးမွာ ျပင္းထန္ ဒဏ္ရာမ်ားစြာရရွိခဲ့ၿပီး ည(၁၁)နာရီခန္႔အခ်ိန္တြင္ ဒဏ္ရာမ်ားမသက္သာ၍ ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း ေပၚေပါက္ေၾကာင္း သိရသည္။


အမႈျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီးဖုန္းခိုးယူမႈအား မသကၤာသျဖင့္ ကိုယ္ရင္(၁)ပါ၏ အသက္ေသေစသည္အထိ ႐ိုက္နက္ခဲ့သည့္ (၃)ပါးအား ယေန႔ (စက္တင္ဘာ ၂၄) နံနက္ (၇) နာရီခန္႔တြင္ လူဝတ္လဲ သိကၡာခ် ဖမ္းဆီးထားရွိၿပီး ပင္လည္ဘူးၿမိဳ႕မ ရဲစခန္းမွ ၉၃/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ ျဖင့္ အမႈဖြင့္လွစ္အေရးယူထားေၾကာင္း သတင္းရရွိသည္။


----------------------------------------------------------------------------------

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း ခရိုင်၊ ပင်လည်ဘူးမြို့နယ်ရှိ ဘုန်းကြီး ကျောင်း တကျောင်းတွင် ဖုန်းပျောက်မှုကြောင့် မသင်္ကာဖွယ်ရာ ကိုရင်တပါးအား ဦးဇင်း (၃) ပါးက ရိုက်နှက်စစ်ဆေးရာ လက် လွန်၍ ကိုရင်လေး ပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ ပင်လည်ဘူးမြို့နယ်ရှိ ပင်းကြိုင်းကျေးရွာ တောင်ကျောင်း ဘုန်းကြီး ကျောင်းတွင် စက်တင် ဘာ ၂၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ အသက် ၁၃ နှစ်အရွယ် ကိုရင်တပါးအား ဦးဇင်း သုံးပါးက မီးပလပ်ကြိုး၊ ဝါးခြမ်းတို့ဖြင့် ရိုက်နှက် စစ်ဆေးခဲ့ရာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သည့်အတွက် အဆိုပါ ကိုရင်အား ပင်လည်ဘူးမြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ည ၁၁ နာရီ ခွဲအချိန်ခန့်တွင် ပြင်းထန်ဒဏ်ရားများဖြင့် ပျံလွန်တော် မူခဲ့ကြောင်း သိရသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပင်လည်ဘူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး မျိုးတင့် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်နှင့် နယ်ထိန်းပါဝင်သောအဖွဲ့မှ စက်တင်ဘာ(၂၃)ရက် ည ၁၁ နာရီခန့်က သွားရောက်ကြည့်ရှု စစ်ဆေးရာ ကိုရင် ရှင်ရာဇိန္ဒ(ခ)သစ်ဆန်းဦး ဝါတော် (၃)ဝါ၊ ပင်းကြိုင်းကျေးရွာ တောင်ကျောင်း ဘုန်းကြီးကျောင်းနေသူ၏ ဦးခေါင်းနှောက်စေ့ (၁) စေ့ (၁) လက်မခန့် စုတ်ပြဲဒဏ်ရာ၊ ယာဘက်မျက်လုံး ညိုမဲဒဏ်ရာ၊ ကျောပြင်ညိုမဲဒဏ်ရာ၊ ဝဲ/ယာ လက်နှစ်ဘက် ညိုမဲဒဏ်ရာ၊ ယာဘက်ရင်ညွှန့် ညိုမဲဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ရှိရကြောင်း သိရသည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့က စစ် ဆေးမေးမြန်းရာ ကျောင်းဝင်းအတွင်း ဖုန်းပျောက်သည့်ကိစ္စဖြင့် ကိုရင် ရှင်ရာဇိန္ဒ(ခ)သစ်ဆန်းဦးအား မသင်္ကာ၍ ဥူးတေဇနိယ (ခ)မောင်ပြုံး၊ ဥူးသီရိနန္ဒ (ခ)ဇော်ဝင်းနိုင်နှင့် ဥူးတေဇိန္ဒ (ခ) နေမျိုးမောင်တို့ (၃) ပါးတို့မှ မီးပလပ်ကြိုး၊ ဝါးခြမ်းများ ဖြင့် ရိုက်နက်စစ်ဆေးခဲ့ကြောင်း၊ ကိုရင် ရှင်ရာဇိန္ဒ (ခ)သစ်ဆန်းဦးမှာ ပြင်းထန် ဒဏ်ရာများစွာရရှိခဲ့ပြီး ည(၁၁)နာရီခန့်အချိန်တွင် ဒဏ်ရာများမသက်သာ၍ ဆေးရုံသို့ပို့ဆောင်စဉ် ပျံလွန်တော်မူခဲ့ကြောင်း ပေါ်ပေါက်ကြောင်း သိရသည်။


အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီးဖုန်းခိုးယူမှုအား မသင်္ကာသဖြင့် ကိုယ်ရင်(၁)ပါ၏ အသက်သေစေသည်အထိ ရိုက်နက်ခဲ့သည့် (၃)ပါးအား ယနေ့ (စက်တင်ဘာ ၂၄) နံနက် (၇) နာရီခန့်တွင် လူဝတ်လဲ သိက္ခာချ ဖမ်းဆီးထားရှိပြီး ပင်လည်ဘူးမြို့မ ရဲစခန်းမှ ၉၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း သတင်းရရှိသည်။

Post a Comment

Previous Post Next Post