(Unicode)

အစိုးရကလုပ်ခိုင်းတာက Stay At Home လုပ်ဖို့ လောက်ပဲလေ တစ်ခြမ်းဖွင့်ပြီးတခြမ်းပိတ်ထားရင် ရပြီထင်တယ် ဒီနေ့ Facebook မှာ တက်လာတာကြည့်ရတာ လူကခုန်ပြီးတော့ ထွက်လာရတယ်ဆိုတော့ အဲ့လောက်ကြီးတော့လုပ်စရာနလိုဘူးထင်တယ် အဲ့လောက်ကြီး လုပ်ဖို့လည်း ညွှန်ကြားထားတာမရှိဘူးလေ အဲ့ဒါမျိုးတော့မကြိုက်ဘူး” လို့ ပိုပိုက ပြတ်ပြတ်သားသားပြောလာခဲ့တာပါ။ ကိုဗစ် ထိန်းချုပ် ရေး ကော်မတီက ဒီလို ပိတ်ဆို့မှုတွေမပြုလုပ်ဖို့နဲ့ ပိတ်ဆို့နေမည်ဆိုပါက ဥပဒေအရအရေးယူ မယ်လို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

ပိုပိုဟာ ပထမဆုံး တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ် လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကား ရိုက်ကူးမှု တွေလည်း လုပ်လာသူပါ။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာ နဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက် လည်းဖြစ်ပါတယ်။ကိုဗစ်ရဲ့ ဒုတိယလှိုင်း ကတော့ ရန်ကုန်တိုင်း ကို ရိုက်ခတ်မှုပြင်းထန်နေပြီဖြစ်ပြီး ။



ရပ်ကွက်အတွင်းမှာ လမ်းပိတ်ဆို့မှု တွေပြုလုပ်ကာ Semi Lockdown အဖြစ်ကြေငြာထားတာပါ ပိုပိုကတော့ ဒီလို Semi Lockdown ပြုလုပ်ခြင်းကို ရပ်ကွက်တချို့က လမ်းအသေပိတ်ဆို့မှုတွေပါ ပြုလုပ် နေတဲ့အပေါ် ပြတ်ပြတ်သားသား ပြောဆိုလာခဲ့တာ ဖြစ်ပါတယ် “COVID-19 ဖြစ်ပွားမှုကြောင့် အစိုးရက အိမ် အပြင် မထွက်ဖို့ပဲ မှာထားတာကို လမ်းတွေမှာ သံပြားတွေ နဲ့ အတင်း ပိတ်စို့ထားတာတွေ တွေ့လာရတယ်။ ပုံမှန်အတိုင်း လမ်းတစ်ဝက်ပိတ်ပြီး စစ်ဆေးမေးမြန်းတာ ကိုတော့ လက်ခံပေမယ့် အကုန် ပိတ်လိုက်တာကိုတော့ မကြိုက်ဘူး။ လူတွေမှာ စားဖို့၊ သောက်ဖို့၊ အလုပ်လုပ်ဖို့ လိုသေးတယ်” လို့ ပြောလာခဲ့တာပါ။

Credit : ShweYaungMyanmar

(Zawgyi)











Post a Comment

Previous Post Next Post