(Unicode)

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို အောက်တိုဘာ ၁ ရက်မှစတင်ကာ လစာ (၂) လစာအတိုးမဲ့ဖြင့် ထုတ်ချေး မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ထုတ်ပြန်ထားသည်။Covid-19 ကပ်ရောဂါ သက်ရောက်မှုများ ကုစားနိုင်ရန် နိုင်ငံ့ဝန်ထမ်းများကို လစာ ၂ လစာအတိုးမဲ့ထုတ် ချေးခြင်း ဖြစ်ကြောင်းထုတ်ပြန်ထားသည်။ချေးငွေထုတ်ချေးပေးမည့်ဝန်ထမ်းများသည် အောက်တိုဘာလ ၁ ရက်နေ့တွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သ ည့်နိုင်ငံ့ဝန်ထမ်းများ၊ စာဖြင့်သတိပေးခြင်း နှစ်တိုးလစာရပ်ဆိုင်းခြင်းနှင့်



ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း ပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းများ၊ လစာနှုန်းအတွင်းလစာလျှော့ချခြင်းပြစ်ဒဏ်ကျခံနေရသည့် ဝန်ထမ်းများ၊ ရာထူးအဆင့် လျှောချခြင်းပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းများ၊ တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်းပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းများ၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂ ရက်နေ့ မှစ၍ ၂၀၂၂ ခုနှစ်၊



မတ်လ ၁ ရက်နေ့အထိ အတွင်း အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းများ ကိုချေးငွေထုတ်ချေး ပေးမည်ဖြစ်သည်။ချေးငွေပြန်လည်ကောက်ခံရာတွင် ပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ကာလကုန်ဆုံးချိန်မှစ၍ လစဉ် လစာမှဖြတ် တောက်ကောက်ခံခြင်း၊ ဝန်ထမ်းသည် ဌာနကူးပြောင်းပါက လက်ခံသည်ဌာနက ဝန်ထမ်းလစာမှဖြတ်တော က်၍ မူလချေးငွေယူခဲ့သည့် ဌာနသို့ပြန်လည်ပေးသွင်းရန်၊



ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း ပြုသည့်အချိန်တွင် ပြန်လည်ပေးဆပ်ရမည့်ချေးငွေကို အပြေအကျေကောက်ခံရန်၊ ဝန်ထမ်းရာထူးမှနှုတ်ထွက် ပါက နှုတ်ထွက်ခွင့်မပြုမီ ချေးငွေကိုအကျေပေးပြီးမှနှုတ်ထွက်ခွင့်ပြုရန်၊ ချေးငွေမကျေမီ ဝန်ထမ်းသေဆုံးပါက ကျန်ရစ်သူမိသာစုမှပြန်လည်ပေးဆပ်ရန်၊အငြိမ်းစားယူမည့်ဝန်ထမ်းများ ချေးငွေပြန်ဆပ်မှုနှင့်ပတ်သက်၍ အငြိမ်းစားယူချိန်တွင် အပြီးပေးဆပ်စေရမည်ဖြစ်သည်။


(Zawgyi)


နိုင္ငံ့ဝန္ထမ္း(အျမဲတမ္း)မ်ားကို ေအာက္တိုဘာ ၁ ရက္မွစတင္ကာ လစာ (၂) လစာအတိုးမဲ့ျဖင့္ ထုတ္ေခ်း မည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မွုဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး႐ုံးမွ ထုတ္ျပန္ထားသည္။Covid-19 ကပ္ေရာဂါ သက္ေရာက္မွုမ်ား ကုစားနိုင္ရန္ နိုင္ငံ့ဝန္ထမ္းမ်ားကို လစာ ၂ လစာအတိုးမဲ့ထုတ္ ေခ်းျခင္း ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။ေခ်းေငြထုတ္ေခ်းေပးမည့္ဝန္ထမ္းမ်ားသည္ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ တာဝန္ထမ္းေဆာင္ဆဲျဖစ္သ ည့္နိုင္ငံ့ဝန္ထမ္းမ်ား၊ စာျဖင့္သတိေပးျခင္း ႏွစ္တိုးလစာရပ္ဆိုင္းျခင္းႏွင့္



ရာထူးတိုးျမႇင့္ျခင္းကိုရပ္ဆိုင္းျခင္း ျပစ္ဒဏ္က်ခံေနရသည့္ဝန္ထမ္းမ်ား၊ လစာႏွုန္းအတြင္းလစာေလၽွာ့ခ်ျခင္းျပစ္ဒဏ္က်ခံေနရသည့္ ဝန္ထမ္းမ်ား၊ ရာထူးအဆင့္ ေလၽွာခ်ျခင္းျပစ္ဒဏ္က်ခံေနရသည့္ဝန္ထမ္းမ်ား၊ တာဝန္မွ ယာယီရပ္ဆိုင္းခဲ့သည့္ကာလအတြက္ လစာအျပည့္ခံစားခြင့္မျပဳျခင္းျပစ္ဒဏ္က်ခံေနရသည့္ဝန္ထမ္းမ်ား၊ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာ ၂ ရက္ေန႔ မွစ၍ ၂၀၂၂ ခုႏွစ္၊



မတ္လ ၁ ရက္ေန႔အထိ အတြင္း အၿငိမ္းစားယူမည့္ နိုင္ငံ့ဝန္ထမ္းမ်ား ကိုေခ်းေငြထုတ္ေခ်း ေပးမည္ျဖစ္သည္။ေခ်းေငြျပန္လည္ေကာက္ခံရာတြင္ ျပန္လည္ေပးဆပ္မွုကို ဆိုင္းငံ့ကာလကုန္ဆုံးခ်ိန္မွစ၍ လစဥ္ လစာမွျဖတ္ ေတာက္ေကာက္ခံျခင္း၊ ဝန္ထမ္းသည္ ဌာနကူးေျပာင္းပါက လက္ခံသည္ဌာနက ဝန္ထမ္းလစာမွျဖတ္ေတာ က္၍ မူလေခ်းေငြယူခဲ့သည့္ ဌာနသို့ျပန္လည္ေပးသြင္းရန္၊



ဝန္ထမ္းအျဖစ္မွထုတ္ပယ္ျခင္း ျပဳသည့္အခ်ိန္တြင္ ျပန္လည္ေပးဆပ္ရမည့္ေခ်းေငြကို အေျပအေက်ေကာက္ခံရန္၊ ဝန္ထမ္းရာထူးမွႏွုတ္ထြက္ ပါက ႏွုတ္ထြက္ခြင့္မျပဳမီ ေခ်းေငြကိုအေက်ေပးၿပီးမွႏွုတ္ထြက္ခြင့္ျပဳရန္၊ ေခ်းေငြမေက်မီ ဝန္ထမ္းေသဆုံးပါက က်န္ရစ္သူမိသာစုမွျပန္လည္ေပးဆပ္ရန္၊အၿငိမ္းစားယူမည့္ဝန္ထမ္းမ်ား ေခ်းေငြျပန္ဆပ္မွုႏွင့္ပတ္သက္၍ အၿငိမ္းစားယူခ်ိန္တြင္ အၿပီးေပးဆပ္ေစရမည္ျဖစ္သည္။

Post a Comment

Previous Post Next Post