(Unicode)

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် အကျဉ်းသား ကျောင်းသား/ကျောင်းသူ ၅၅ ဦးကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းသက်သာခွင့်ပြုအကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအနက် ၅၅ ဦးကိုယနေ့ ( စက် တင်ဘာ ၅) နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်း သိရသည်။



အဆိုပါပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်စာ မေးပွဲ အောင်မြင်ခဲ့သူ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်မှုအား ချီးမြှင့်သောအားဖြင့်လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ စေတနာကို နား လည်ကြပြီး ပြင်ပတွင် တက္ကသိုလ်ပညာများ ဆက်လက်သင်ကြားနိုင်ရေး ရှေးရှုသော အားဖြင့်လည်းကောင်း ရာ ဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊



ပုဒ်မခွဲ (၁) အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းကြောင့် ပြန်လည်လွတ် မြောက်သူ (၅၅) ဦးတွင် ပြစ်ဒဏ်ကျခံရန် ကျန်ကာလ ၁ နှစ်ဝန်းကျင်ရှိသူ (၁၃) ဦး၊ ဂုဏ်ထူး ၂ ဘာသာနှင့်အထက် ရရှိသူ (၂၉) ဦး၊



၁ဘာသာဂုဏ်ထူးရရှိသူနှင့် ရိုးရိုးအောင် (၁၃) ဦး ပါဝင်ပြီး လျှော့ရက်များ ရရှိခံစားရသူ (၃၈) ဦးတွင် ဂုဏ် ထူး ၂ ဘာသာနှင့်အထက်ရရှိသူ ၂ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ နှင့် ရိုးရိုးအောင် ၃၆ ဦး ပါဝင်ကြောင်း သိရသည်။ထို့အပြင် အကျဉ်းသား (၃၈) ဦးကိုလည်း လျှော့ရက် များ ခံစားရခွင့် ပေးခဲ့ကြောင်း သိရသည်။


(Zawgyi)


တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့ၾကသည့္ အက်ဥ္းသား ေက်ာင္းသား/ေက်ာင္းသူ ၅၅ ဦးကို ႏိုင္ငံေတာ္သမၼတက လြတ္ၿငိမ္းသက္သာခြင့္ျပဳအက်ဥ္းေထာင္အသီးသီးတြင္ အက်ဥ္းက်ခံေနရၿပီး ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ႏွင့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တို႔တြင္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္ျမင္ခဲ့သူ အက်ဥ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ားအနက္ ၅၅ ဦးကိုယေန႔ ( စက္ တင္ဘာ ၅) နံနက္ပိုင္းက ႏိုင္ငံေတာ္သမၼတ ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ျပဳ လိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။



အဆုိပါပညာသင္ႏွစ္မ်ားတြင္ တကၠသိုလ္ဝင္စာ ေမးပြဲ ေအာင္ျမင္ခဲ့သူ အက်ဥ္းသား ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တကၠသိုလ္ဝင္ စာေမးပြဲေအာင္ျမင္မႈအား ခ်ီးျမႇင့္ေသာအားျဖင့္လည္းေကာင္း၊ လူမႈေရးအရ ငဲ့ညႇာေသာအားျဖင့္လည္းေကာင္း၊ ႏိုင္ငံေတာ္၏ ေစတနာကို နား လည္ၾကၿပီး ျပင္ပတြင္ တကၠသိုလ္ပညာမ်ား ဆက္လက္သင္ၾကားႏိုင္ေရး ေရွးရႈေသာ အားျဖင့္လည္းေကာင္း ရာ ဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊



ပုဒ္မခြဲ (၁) အရ ႏိုင္ငံေတာ္သမၼတက ျပစ္ဒဏ္မွ လြတ္ၿငိမ္းသက္သာခြင့္ျပဳခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။လြတ္ၿငိမ္းခ်မ္းသာခြင့္ ျပဳခဲ့ျခင္းေၾကာင့္ ျပန္လည္လြတ္ ေျမာက္သူ (၅၅) ဦးတြင္ ျပစ္ဒဏ္က်ခံရန္ က်န္ကာလ ၁ ႏွစ္ဝန္းက်င္ရွိသူ (၁၃) ဦး၊ ဂုဏ္ထူး ၂ ဘာသာႏွင့္အထက္ ရရွိသူ (၂၉) ဦး၊



၁ဘာသာဂုဏ္ထူးရရွိသူႏွင့္ ႐ိုး႐ိုးေအာင္ (၁၃) ဦး ပါဝင္ၿပီး ေလွ်ာ့ရက္မ်ား ရရွိခံစားရသူ (၃၈) ဦးတြင္ ဂုဏ္ ထူး ၂ ဘာသာႏွင့္အထက္ရရွိသူ ၂ ဦး၊ ၁ ဘာသာဂုဏ္ထူးရရွိသူ ႏွင့္ ႐ိုး႐ိုးေအာင္ ၃၆ ဦး ပါဝင္ေၾကာင္း သိရသည္။ထို႔အျပင္ အက်ဥ္းသား (၃၈) ဦးကိုလည္း ေလွ်ာ့ရက္ မ်ား ခံစားရခြင့္ ေပးခဲ့ေၾကာင္း သိရသည္။

Credit Original

Post a Comment

Previous Post Next Post