(Unicode)


သြဂုတ်လ ၃၁ ရက်က သတင်းထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် စာရင်းထဲမှာ ရန်ကုန် အင်းစိန်မြို့နယ် အောင်ဆန်းဘူတာရုံလမ်းမှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် အထက်တန်း ကျောင်းသားတစ်ဦး ပါဝင်ပါတယ်။

အဆိုပါအတည်ပြုလူနာအနေနဲ့ ပြည်တွင်းပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြု လူနာဟောင်းတွေနဲ့လည်း ထိတွေ့ထားတာမရှိဘူးလို့ ဆိုပါတယ်။



သူ့ဟာ သြဂုတ်လ ၂၉ ရက်က ဖျားနာခဲ့တာကြောင့် ဩဂုတ်လ ၃၀ ရက်နေ့မှာ ဆေးရုံတင်လိုက်ပြီး ရောဂါပိုးဓာတ်ခွဲရှာဖွေစစ်ဆေးရာကနေ ကိုဗစ်-၁၉ ကူးစက်ထားကြောင်း တွေ့ရတာဖြစ်တယ်လို့ အင်းစိန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန္တာဆွေက ပြောပါတယ်။

လက်ရှိမှာ အသက် ၁၄ နှစ်အရွယ်အဆိုပါ ကျောင်းသားရဲ့ အတည်ပြုလူနာအမှတ်စဉ်ကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။ သူနဲ့ထိတွေ့ဆက်စပ်သူတွေကို လက်ရှိမှာ စစ်ဆေးနေဆဲလည်း ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ သြဂုတ်လ ၃၁ ရက်ညနဲ့ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူအတည်ပြုလူနာစုစုပေါင်း ၁၀၀ ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – မေစု []DVB[]


(Zawgyi)


ၾသဂုတ္လ ၃၁ ရက္က သတင္းထုတ္ျပန္ခဲ့တဲ့ ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ စာရင္းထဲမွာ ရန္ကုန္ အင္းစိန္ၿမိဳ႕နယ္ ေအာင္ဆန္းဘူတာ႐ုံလမ္းမွာေနထိုင္တဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ အထက္တန္း ေက်ာင္းသားတစ္ဦး ပါဝင္ပါတယ္။

အဆိုပါအတည္ျပဳလူနာအေနနဲ႔ ျပည္တြင္းျပည္ပခရီးသြားရာဇဝင္မရွိသလို အတည္ျပဳ လူနာေဟာင္းေတြနဲ႔လည္း ထိေတြ႕ထားတာမရွိဘူးလို႔ ဆိုပါတယ္။



သူ႔ဟာ ၾသဂုတ္လ ၂၉ ရက္က ဖ်ားနာခဲ့တာေၾကာင့္ ဩဂုတ္လ ၃၀ ရက္ေန႔မွာ ေဆး႐ုံတင္လိုက္ၿပီး ေရာဂါပိုးဓာတ္ခြဲရွာေဖြစစ္ေဆးရာကေန ကိုဗစ္-၁၉ ကူးစက္ထားေၾကာင္း ေတြ႕ရတာျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာသႏၲာေဆြက ေျပာပါတယ္။

လက္ရွိမွာ အသက္ ၁၄ ႏွစ္အ႐ြယ္အဆိုပါ ေက်ာင္းသားရဲ႕ အတည္ျပဳလူနာအမွတ္စဥ္ကို ထုတ္ျပန္ထားတာမရွိေသးပါဘူး။ သူနဲ႔ထိေတြ႕ဆက္စပ္သူေတြကို လက္ရွိမွာ စစ္ေဆးေနဆဲလည္း ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအေနနဲ႔ ၾသဂုတ္လ ၃၁ ရက္ညနဲ႔ ဒီကေန႔ စက္တင္ဘာ ၁ ရက္ေန႔ မနက္ပိုင္းမွာ ကိုဗစ္-၁၉ ကူးစက္ခံရသူအတည္ျပဳလူနာစုစုေပါင္း ၁၀၀ ရွိတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

သတင္း – ေမစု []DVB[]

Post a Comment

Previous Post Next Post