ပဲခူး စက္တင္ဘာ ၂၆ ။

ပဲခူၿမိဳ့နယ္သည္သံသယ လူနာႏွင့္ ပိုး ေတြ႕ႏွုန္းပိုမ်ားလာသျဖင့္အထူးစိုးရိမ္ရသည့္အေျခအေနတြင္ေရာက္ရွိလၽွက္ရွိသည္ဟု ပဲခူးတိုင္းက်န္းမာေရးဦးမွုးကေျပာၾကားသည္။

အထူးသျဖင့္ ပဲခူးၿမိဳ့နယ္မွာ PUI လူနာေတြမ်ားလာတာ၊ ပိုးေတြ႕မွုႏွုန္းမ်ားလာတာ၊ Contact History, Travel History မေပးသူေတြမွာ ျဖစ္လာတာေတြဟာ အထူးစိုးရိမ္ရပါတယ္ဟုေဒါက္တာရန္နိုင္ေမာင္ကေျပာၾကားသည္။

က်န္းမာေရးဌာန အေနနဲ႔ေတာ့ Contact history ကို ေသေသခ်ာခ်ာလိုက္ေနၿပီး PUI မ်ားရဲ့ Contact ကစလို့ အထူး အေလးထား ေဆာင္ရြက္ေနသည္ဟု၎ကဆိုသည္။

က်န္းမာေရးဌာနရဲ့ လက္ရွိ Policy အရ Primary Contact ေတြကို FQ ၁၄-ရက္ ထားရမယ္ဆိုရင္ ပဲခူးၿမိဳ့နယ္အေနနဲ႔ Facility Quarantine Center ေတြ ထပ္မံ လိုအပ္ လာနိုင္ပါတယ္၊ အခ်ိန္မီ ျပင္ဆင္ထားနိုင္ဘို့၊ စီမံ/အုပ္ခ်ဳပ္မွု အဖြဲ႕ေတြ၊ ပရဟိတအဖြဲ႕ေတြ စုဖြဲ႕ထားနိုင္ဘို့ သက္ဆိုင္သူမ်ားအားလုံးကို အကူအညီေတာင္းခံအပ္ပါတယ္ဟု ပဲခူးတိုင္းက်န္းမာေရးဉီးစီးမွုးကေတာင္းဆိုသည္။

လက္ရွိ ပဲခူးၿမိဳ့နယ္တြင္ Facility Quarantine Center ၃ ခုရွိၿပီးယင္း Center မ်ားမွာ အလွုရွင္မ်ား၏အကူအညီျဖစ္ရပ္တည္လၽွက္ရွိသည္။

ယမန္ေန႔စာရင္းအရ ပဲခူးၿမိဳ့နယ္တြင္အတည္ျပဳလူနာ ၃၀ဦး သတ္မွတ္ခံထားရၿပီး ယင္း ၃၀ဦး ထဲတြင္ပထမလွိုင္းျဖစ္စဥ္က ၁ ဦးသာပါဝင္ၿပီး က်န္ ၂၉ ဦးမွာ ၁၀ ရက္အတြင္းကူးစက္ခံရျခင္းျဖစ္သည္။

ယေန႔အထိ ပဲခူးၿမိဳ့နယ္ရွိ အနံေပ်ာက္လူနာ ၂၆ ဦးအား သံသယလူနာအျဖင့္သတ္မွတ္ထားသည္။

ယခုအခါ က်န္းမာေရးဝန္ႀကီးဌာနမွ ပဲခူးၿမိဳ့နယ္ ကဝၿမိဳ့နယ္ႏွင့္ သနပ္ပင္ၿမိဳ့နယ္တို့အား Stay at Home အစီအစဥ္တြင္အက်ဳံးဝင္သည္ဟုယမန႔္ေနညက ေၾကျငာထားၿပီး ယင္းအမိန႔္သည္ ယေနနံနက္ ၈ နာရီမွစတင္မည္ျဖစ္သည္။

Stay at home အစီအစဥ္ အက်ဳံးဝင္ေသာ ၿမိဳ့နယ္မ်ားအျဖစ္  သတ္မွတ္ထားေသာ ပဲခူး၊ သနပ္ပင္၊ ကဝ ၿမိဳ့နယ္မ်ားမွ ေဒသခံမ်ားကိုလည္း သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္ရြက္ေပးရန္တိုင္းက်န္းမာေရးကတိုက္တြန္းထားသည္။

PUI လူနာ ၂၄-ဉီးခန႔္ ထားနိုင္မယ့္ေနရာကိုေတာ့ ပဲခူးေဆး႐ုံႀကီးမွာ ျပင္ထားၿပီး စတင္ထားေနၿပီ ျဖစ္ပါတယ္၊ Positive လူနာမ်ားအတြက္ တိုင္းရင္းေဆး႐ုံကိုလည္း ယခုအပတ္အတြင္း ၿပီးစီးေအာင္ ေဆာင္ရြက္ေနသည္ဟုတိုင္းက်န္းမာေရးကဆိုသည္။

ပဲခူးတိုင္းအတြင္းရွိစက္႐ုံမ်ားပိတ္သိမ္းရန္ညႊန္ၾကားခ်က္ထုတ္ျပန္ရန္အစီအစဥ္မရွိဟု ပဲခူးတိုင္းအစိုးရမွ ယမန္ေန႔တြင္ပဲခူးခရိုင္ျပန္ဆက္မွတဆင့္သတင္းထုတ္ျပန္ထားသည္။



ယမန္ေန႔မွစတင္၍ ပဲခူးႏွင့္ရန္ကုန္နယ္စပ္ဝင္ေဘာ္ဒတ္စစ္ေဆးေရးဂိတ္မွ ရန္ကုန္မွလာေသာလူမ်ားႏွင့္ ပဲခူးမွထြက္သည့္လူမ်ားအားလုံးဝျဖတ္သန္းခြင့္ျပဳေတာ့မည္မဟုတ္ေၾကာင္း ယင္းဂိတ္တာဝန္ခံ အားကစားႏွင့္က်န္းမာေရးဝန္ႀကီးဌာနမွ ဒုတိယညႊန္ၾကားေရးမွုး

ဦးေမာင္ေမာင္ငယ္ကေျပာၾကားသည္။

တိုင္းအတြင္းေရးမွုးက တယ္လီဖုန္းဆက္ၿပီးေတာ့ Lock Down သတ္မွတ္လိုက္ၿပီလို့ညႊန္ၾကားခ်က္ေပးတယ္ လမ္းေလၽွာက္ျဖတ္လို့လဲမရဘူး ဆိုင္ကယ္နဲ႔လဲမရဘူးဟု ဦးေမာင္ေမာင္ငယ္ေျပာၾကားသည္။

------------------------------------------------------

ပဲခူး စက်တင်ဘာ ၂၆ ။

ပဲခူမြို့နယ်သည်သံသယ လူနာနှင့် ပိုး တွေ့နှုန်းပိုများလာသဖြင့်အထူးစိုးရိမ်ရသည့်အခြေအနေတွင်ရောက်ရှိလျှက်ရှိသည်ဟု ပဲခူးတိုင်းကျန်းမာရေးဦးမှုးကပြောကြားသည်။

အထူးသဖြင့် ပဲခူးမြို့နယ်မှာ PUI လူနာတွေများလာတာ၊ ပိုးတွေ့မှုနှုန်းများလာတာ၊ Contact History, Travel History မပေးသူတွေမှာ ဖြစ်လာတာတွေဟာ အထူးစိုးရိမ်ရပါတယ်ဟုဒေါက်တာရန်နိုင်မောင်ကပြောကြားသည်။

ကျန်းမာရေးဌာန အနေနဲ့တော့ Contact history ကို သေသေချာချာလိုက်နေပြီး PUI များရဲ့ Contact ကစလို့ အထူး အလေးထား ဆောင်ရွက်နေသည်ဟု၎င်းကဆိုသည်။

ကျန်းမာရေးဌာနရဲ့ လက်ရှိ Policy အရ Primary Contact တွေကို FQ ၁၄-ရက် ထားရမယ်ဆိုရင် ပဲခူးမြို့နယ်အနေနဲ့ Facility Quarantine Center တွေ ထပ်မံ လိုအပ် လာနိုင်ပါတယ်၊ အချိန်မီ ပြင်ဆင်ထားနိုင်ဘို့၊ စီမံ/အုပ်ချုပ်မှု အဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေ စုဖွဲ့ထားနိုင်ဘို့ သက်ဆိုင်သူများအားလုံးကို အကူအညီတောင်းခံအပ်ပါတယ်ဟု ပဲခူးတိုင်းကျန်းမာရေးဉီးစီးမှုးကတောင်းဆိုသည်။

လက်ရှိ ပဲခူးမြို့နယ်တွင် Facility Quarantine Center ၃ ခုရှိပြီးယင်း Center များမှာ အလှုရှင်များ၏အကူအညီဖြစ်ရပ်တည်လျှက်ရှိသည်။

ယမန်နေ့စာရင်းအရ ပဲခူးမြို့နယ်တွင်အတည်ပြုလူနာ ၃၀ဦး သတ်မှတ်ခံထားရပြီး ယင်း ၃၀ဦး ထဲတွင်ပထမလှိုင်းဖြစ်စဉ်က ၁ ဦးသာပါဝင်ပြီး ကျန် ၂၉ ဦးမှာ ၁၀ ရက်အတွင်းကူးစက်ခံရခြင်းဖြစ်သည်။

ယနေ့အထိ ပဲခူးမြို့နယ်ရှိ အနံပျောက်လူနာ ၂၆ ဦးအား သံသယလူနာအဖြင့်သတ်မှတ်ထားသည်။

ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနမှ ပဲခူးမြို့နယ် ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့အား Stay at Home အစီအစဉ်တွင်အကျုံးဝင်သည်ဟုယမန့်နေညက ကြေငြာထားပြီး ယင်းအမိန့်သည် ယနေနံနက် ၈ နာရီမှစတင်မည်ဖြစ်သည်။

Stay at home အစီအစဉ် အကျုံးဝင်သော မြို့နယ်များအဖြစ်  သတ်မှတ်ထားသော ပဲခူး၊ သနပ်ပင်၊ ကဝ မြို့နယ်များမှ ဒေသခံများကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပေးရန်တိုင်းကျန်းမာရေးကတိုက်တွန်းထားသည်။

PUI လူနာ ၂၄-ဉီးခန့် ထားနိုင်မယ့်နေရာကိုတော့ ပဲခူးဆေးရုံကြီးမှာ ပြင်ထားပြီး စတင်ထားနေပြီ ဖြစ်ပါတယ်၊ Positive လူနာများအတွက် တိုင်းရင်းဆေးရုံကိုလည်း ယခုအပတ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နေသည်ဟုတိုင်းကျန်းမာရေးကဆိုသည်။

ပဲခူးတိုင်းအတွင်းရှိစက်ရုံများပိတ်သိမ်းရန်ညွှန်ကြားချက်ထုတ်ပြန်ရန်အစီအစဉ်မရှိဟု ပဲခူးတိုင်းအစိုးရမှ ယမန်နေ့တွင်ပဲခူးခရိုင်ပြန်ဆက်မှတဆင့်သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့မှစတင်၍ ပဲခူးနှင့်ရန်ကုန်နယ်စပ်ဝင်ဘော်ဒတ်စစ်ဆေးရေးဂိတ်မှ ရန်ကုန်မှလာသောလူများနှင့် ပဲခူးမှထွက်သည့်လူများအားလုံးဝဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း ယင်းဂိတ်တာဝန်ခံ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး

ဦးမောင်မောင်ငယ်ကပြောကြားသည်။

တိုင်းအတွင်းရေးမှုးက တယ်လီဖုန်းဆက်ပြီးတော့ Lock Down သတ်မှတ်လိုက်ပြီလို့ညွှန်ကြားချက်ပေးတယ် လမ်းလျှောက်ဖြတ်လို့လဲမရဘူး ဆိုင်ကယ်နဲ့လဲမရဘူးဟု ဦးမောင်မောင်ငယ်ပြောကြားသည်။

ပုံညွှန်း -Stay at Home 

သတ်မှတ်ထားသော

ပဲခူးမြို့၏ ယနေ့မြင်ကွင်းများ 

Photo ဟိန်းထက်(မြန်မာပြည်)

#Bagoweeklyjournal

Post a Comment

Previous Post Next Post