(Unicode)

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသူ ဦးဌေးအောင်၏ အမှုကို ၆လအတွင်း အပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ တွဲဖက်တရားသူကြီး (၂)က ပြောသည်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ယနေ့ စက်တင်ဘာ ၁ ရက်က ဦးဌေးအောင်အား ပထမဆုံးအကြိမ်ရုံးထုတ်ရာတွင် တရားသူကြီးက တရားစွဲဆိုသော လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို တရားခွင်အတွင်း ပြောကြားစဉ် ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။



ဦးဌေးအောင်အနေဖြင့် ၎င်းပိုင်ဆိုင်သည့် House of orchid တွင် ဩဂုတ်လ ၈ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲနှင့် လူမှုကွန်ရက်တွင်လွှင့်တင်ခဲ့သည့် NLD ကိုယ်စားလှယ်များ အမေရိကန်တွင် သင်တန်းတက်ခြင်း၊ ပြည်ပအထောက်အပံ့ယူခြင်း၊ ကိုဖီအာနန်ကော်မရှင် စသည့်အကြောင်းအရာများနှင့်ပတ်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်အောင်က တရားရုံးသို့ဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်း တရားသူကြီးကဆိုသည်။



ဦးဌေးအောင်ကလည်း မိမိနေဖြင့် အာမခံလုံးဝ လျှောက်ထားမည်မဟုတ်ကြောင်း၊ တရားဥပဒေအကြောင်းကို တရားသူကြီးထက် နားလည်ကြောင်း၊ ထောင်ထဲတွင်လည်း မိမိထံသို့ ထောင်ပိုင်ကြီးက ဘာများလိုအပ်သလဲဟု လာရောက်မေးမြန်းကြောင်း၊ ထောင်ထဲတွင် အထူးအလေးပေးခံရကြောင်း တရားခွင်အတွင်းတွင်ပြောကြားခဲ့သည်။ လာမည့် ရုံးချိန်းကို စက်တင်ဘာ ၁၁ ရက်နေ့သို့ချိန်းဆိုထားကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးက သိရသည်။



News Watch


(Zawgyi)


ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က)ျဖင့္ တရားစြဲဆိုခံထားရသူ ဦးေဌးေအာင္၏ အမႈကို ၆လအတြင္း အၿပီးစစ္ေဆးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး၊ တြဲဖက္တရားသူႀကီး (၂)က ေျပာသည္။ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးတြင္ ယေန႔ စက္တင္ဘာ ၁ ရက္က ဦးေဌးေအာင္အား ပထမဆုံးအႀကိမ္႐ုံးထုတ္ရာတြင္ တရားသူႀကီးက တရားစြဲဆိုေသာ လုပ္ငန္းစဥ္မ်ားႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို တရားခြင္အတြင္း ေျပာၾကားစဥ္ ယင္းသို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။


ဦးေဌးေအာင္အေနျဖင့္ ၎ပိုင္ဆိုင္သည့္ House of orchid တြင္ ဩဂုတ္လ ၈ ရက္ေန႔ကက်င္းပခဲ့သည့္ သတင္းစာရွင္းလင္းပြဲႏွင့္ လူမႈကြန္ရက္တြင္လႊင့္တင္ခဲ့သည့္ NLD ကိုယ္စားလွယ္မ်ား အေမရိကန္တြင္ သင္တန္းတက္ျခင္း၊ ျပည္ပအေထာက္အပံ့ယူျခင္း၊ ကိုဖီအာနန္ေကာ္မရွင္ စသည့္အေၾကာင္းအရာမ်ားႏွင့္ပတ္သက္ၿပီး ပုဇြန္ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးခ်မ္းၿငိမ္ေအာင္က တရား႐ုံးသို႔ဦးတိုက္ေလွ်ာက္ထားျခင္းျဖစ္ေၾကာင္း တရားသူႀကီးကဆိုသည္။



ဦးေဌးေအာင္ကလည္း မိမိေနျဖင့္ အာမခံလုံးဝ ေလွ်ာက္ထားမည္မဟုတ္ေၾကာင္း၊ တရားဥပေဒအေၾကာင္းကို တရားသူႀကီးထက္ နားလည္ေၾကာင္း၊ ေထာင္ထဲတြင္လည္း မိမိထံသို႔ ေထာင္ပိုင္ႀကီးက ဘာမ်ားလိုအပ္သလဲဟု လာေရာက္ေမးျမန္းေၾကာင္း၊ ေထာင္ထဲတြင္ အထူးအေလးေပးခံရေၾကာင္း တရားခြင္အတြင္းတြင္ေျပာၾကားခဲ့သည္။ လာမည့္ ႐ုံးခ်ိန္းကို စက္တင္ဘာ ၁၁ ရက္ေန႔သို႔ခ်ိန္းဆိုထားေၾကာင္း အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက သိရသည္။


News Watch

Post a Comment

Previous Post Next Post