ျမန္မာႏိုင္ငံအတြက္ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံရျခင္း ရွိ/ မရွိကို ျမန္ဆန္စြာ စမ္းသပ္ႏိုင္တဲ့ ကိရိယာမ်ားကို ေတာင္ကိုရီးယားႏိုင္ငံကေန မွာယူထားတယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ စက္တင္ဘာ (၂၅) ရက္ ည(၈) နာရီမွာ ထုတ္လႊင့္တဲ့ မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားလိုက္ပါတယ္။


ႏိုင္ငံအတြင္း ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ အေျခအေနႏွင့္စပ္လ်ဥ္းၿပီး ျပည္သူသို႔ အစီရင္ခံ တင္ျပသည့္ အဲဒီမိန႔္ခြန္းမွာ ႏိုင္ငံေတာ္အေနနဲ႔ ကိုဗစ္-၁၉ ေရာဂါပိုး ရွိ/ မရွိ ျမန္ျမန္ဆန္ဆန္ စစ္ေဆးႏိုင္တဲ့ ပစၥည္းေဆးဝါးတစ္သိန္းကို ေတာင္ကိုရီးယားႏိုင္ငံကို မွာၾကားထားၿပီး ေတာင္ကိုရီးယားႏိုင္ငံကလည္း ကန္ေဒၚလာ ငါးသိန္းဖိုး လႉဒါန္းမွာ ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစု ၾကည္က ေျပာပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္

ဒီပစၥည္းေတြဟာ ျမန္မာႏိုင္ငံကို ရက္ပိုင္းအတြင္း ေရာက္ရွိလာမွာ ျဖစ္ၿပီး ခ႐ိုင္နဲ႔ ၿမိဳ႕နယ္ေတြကို ျဖန႔္ျဖဴးေပးသြားမွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။


ဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရျခင္း ရွိ/မရွိ စစ္ေဆးမႈေတြ ျပဳလုပ္မယ္ဆိုရင္ ခ႐ိုင္နဲ႔ ၿမိဳ႕နယ္ေဆး႐ုံေတြကို သြားေရာက္ၾကဖို႔လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က တိုက္တြန္း လိုက္ပါတယ္။


အဲဒီလို ခ႐ိုင္နဲ႔ ၿမိဳ႕နယ္ေဆး႐ုံေတြမွာ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးမႈေတြကို ျပဳလုပ္ေပးမယ္ဆိုရင္ လူအင္အားလည္း လိုအပ္တာေၾကာင့္ ပုဂၢလိကပိုင္းဆိုင္ရာက်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ဝိုင္းဝန္းကူညီ ေပးၾကဖို႔ကိုလည္း တိုက္တြန္းလိုက္ပါတယ္။


ဒါ့အျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က လက္ရွိမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈကို ကာကြယ္ႏိုင္တဲ့ ကာကြယ္ေဆးမရွိေသးေပမယ့္၊ ႏိုင္ငံအခ်ိဳ႕က ကာကြယ္ေဆးထုတ္လုပ္ဖို႔ ႀကိဳးစားေနရာမွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က အသိအမွတ္ျပဳ ကာကြယ္ေဆးထုတ္လုပ္ႏိုင္ၿပီ ဆိုရင္ေတာ့ ျမန္မာႏိုင္ငံ ျပည္သူလူထုအတြက္ ေစာႏိုင္သမွ် ေစာေစာ ကာကြယ္ေဆးရဖို႔အတြက္ အခုကတည္းက ႀကိဳတင္စီစဥ္ ေဆာင္႐ြက္ေနပါတယ္လို႔လည္း ေျပာၾကားလိုက္ပါတယ္။

-------------------------------------------------------------------------

မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ/ မရှိကို မြန်ဆန်စွာ စမ်းသပ်နိုင်တဲ့ ကိရိယာများကို တောင်ကိုရီးယားနိုင်ငံကနေ မှာယူထားတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ စက်တင်ဘာ (၂၅) ရက် ည(၈) နာရီမှာ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။


နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေနှင့်စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံ တင်ပြသည့် အဲဒီမိန့်ခွန်းမှာ နိုင်ငံတော်အနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်တဲ့ ပစ္စည်းဆေးဝါးတစ်သိန်းကို တောင်ကိုရီးယားနိုင်ငံကို မှာကြားထားပြီး တောင်ကိုရီးယားနိုင်ငံကလည်း ကန်ဒေါ်လာ ငါးသိန်းဖိုး လှူဒါန်းမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစု ကြည်က ပြောပါတယ်။



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒီပစ္စည်းတွေဟာ မြန်မာနိုင်ငံကို ရက်ပိုင်းအတွင်း ရောက်ရှိလာမှာ ဖြစ်ပြီး ခရိုင်နဲ့ မြို့နယ်တွေကို ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။


ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုရင် ခရိုင်နဲ့ မြို့နယ်ဆေးရုံတွေကို သွားရောက်ကြဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း လိုက်ပါတယ်။


အဲဒီလို ခရိုင်နဲ့ မြို့နယ်ဆေးရုံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုတွေကို ပြုလုပ်ပေးမယ်ဆိုရင် လူအင်အားလည်း လိုအပ်တာကြောင့် ပုဂ္ဂလိကပိုင်းဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဝိုင်းဝန်းကူညီ ပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။


ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးမရှိသေးပေမယ့်၊ နိုင်ငံအချို့က ကာကွယ်ဆေးထုတ်လုပ်ဖို့ ကြိုးစားနေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အသိအမှတ်ပြု ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီ ဆိုရင်တော့ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် စောနိုင်သမျှ စောစော ကာကွယ်ဆေးရဖို့အတွက် အခုကတည်းက ကြိုတင်စီစဉ် ဆောင်ရွက်နေပါတယ်လို့လည်း ပြောကြားလိုက်ပါတယ်။


Post a Comment

Previous Post Next Post