အိႏၵိယႏိုင္ငံက ထုတ္မယ့္ ကိုဗစ္-၁၉ ကာကြယ္ေဆး ပမာဏဟာ တကမာၻလုံး ကိုဗစ္တိုက္ဖ်က္ေရးအတြက္ အလုံအေလာက္ ရရွိႏိုင္မွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ Narendra Modi က အာမခံ ေျပာၾကားလိုက္ပါတယ္။ ၇၅ ႏွစ္ျပည့္ ကုလသမဂၢ အေထြေထြညီလာခံကို ေပးပို႔တဲ့ စေနေန႔ ဗြီဒီယိုမိန႔္ခြန္းမွာ သူက ထည့္သြင္း ေျပာၾကားသြားတာပါ။


အိႏၵိယက ကိုဗစ္ကာကြယ္ေဆး စမ္းသပ္မႈဟာ အဆင့္ ၃ ကို ေရာက္ေနၿပီး လူအမ်ားအျပားနဲ႔ စမ္းသပ္မႈေတြကေန ထိေရာက္ေဘးကင္းၿပီး စံသတ္မွတ္ခ်က္ရွိတဲ့ ကာကြယ္ေဆးအျဖစ္ အတည္ျပဳလာႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း၊ ကာကြယ္ေဆး ျဖန႔္ေဝေပးဖို႔ လိုအပ္တဲ့ႏိုင္ငံတိုင္းအတြက္ ေဆးသိုေလွာင္ေရးနဲ႔ အေအးခန္းအတြက္ပါ အကူအညီ ေပးသြားႏိုင္ေၾကာင္း ဝန္ႀကီးခ်ဳပ္ Modi က ေျပာပါတယ္။

သိပၸံပညာရွင္ေတြက အတည္ျပဳခ်က္ေပးတာနဲ႔ အိႏၵိယႏိုင္ငံက ကိုဗစ္-၁၉ ကာကြယ္ေဆးေတြ အေျမာက္အျမားထုတ္ဖို႔ အဆင္သင့္ရွိေၾကာင္း Modi က ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာ ေျပာၾကားခဲ့ပါတယ္။


ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကလည္း လူေတြ တတ္ႏိုင္ၿပီး ေနရာတိုင္းမွာ ဝယ္လို႔ရႏိုင္မယ့္ ျပည္သူ႔ကာကြယ္ေဆးတရပ္ ေပၚလာဖို႔ကို တြန္းအားေပးခဲ့ေပမယ့္ တခ်ိဳ႕ႏိုင္ငံေတြဟာ သူ႔ျပည္သူေတြအတြက္သာ ရည္႐ြယ္ ထုတ္ေနတာအတြက္ စိတ္ပ်က္မိေၾကာင္း၊ တရားမွ်တမႈ မရွိေၾကာင္း အဂၤါေန႔က ေျပာပါတယ္။


တကမာၻလုံးက ျပည္သူေတြကို ကိုဗစ္ကပ္ေရာဂါကေန အကာအကြယ္ မေပးႏိုင္သေ႐ြ႕ေတာ့ ဘယ္သူ တဦးတေယာက္မွ ဒီကပ္ေရာဂါကေန လြတ္ေျမာက္မွာ မဟုတ္ေၾကာင္း Guterres က ေျပာပါတယ္။

----------------------------------------

အိန္ဒိယနိုင်ငံက ထုတ်မယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး ပမာဏဟာ တကမ္ဘာလုံး ကိုဗစ်တိုက်ဖျက်ရေးအတွက် အလုံအလောက် ရရှိနိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Narendra Modi က အာမခံ ပြောကြားလိုက်ပါတယ်။ ၇၅ နှစ်ပြည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပေးပို့တဲ့ စနေနေ့ ဗွီဒီယိုမိန့်ခွန်းမှာ သူက ထည့်သွင်း ပြောကြားသွားတာပါ။


အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှုဟာ အဆင့် ၃ ကို ရောက်နေပြီး လူအများအပြားနဲ့ စမ်းသပ်မှုတွေကနေ ထိရောက်ဘေးကင်းပြီး စံသတ်မှတ်ချက်ရှိတဲ့ ကာကွယ်ဆေးအဖြစ် အတည်ပြုလာနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ကာကွယ်ဆေး ဖြန့်ဝေပေးဖို့ လိုအပ်တဲ့နိုင်ငံတိုင်းအတွက် ဆေးသိုလှောင်ရေးနဲ့ အအေးခန်းအတွက်ပါ အကူအညီ ပေးသွားနိုင်ကြောင်း ဝန်ကြီးချုပ် Modi က ပြောပါတယ်။


သိပ္ပံပညာရှင်တွေက အတည်ပြုချက်ပေးတာနဲ့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အမြောက်အမြားထုတ်ဖို့ အဆင်သင့်ရှိကြောင်း Modi က ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ပြောကြားခဲ့ပါတယ်။


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း လူတွေ တတ်နိုင်ပြီး နေရာတိုင်းမှာ ဝယ်လို့ရနိုင်မယ့် ပြည်သူ့ကာကွယ်ဆေးတရပ် ပေါ်လာဖို့ကို တွန်းအားပေးခဲ့ပေမယ့် တချို့နိုင်ငံတွေဟာ သူ့ပြည်သူတွေအတွက်သာ ရည်ရွယ် ထုတ်နေတာအတွက် စိတ်ပျက်မိကြောင်း၊ တရားမျှတမှု မရှိကြောင်း အင်္ဂါနေ့က ပြောပါတယ်။


တကမ္ဘာလုံးက ပြည်သူတွေကို ကိုဗစ်ကပ်ရောဂါကနေ အကာအကွယ် မပေးနိုင်သရွေ့တော့ ဘယ်သူ တဦးတယောက်မှ ဒီကပ်ရောဂါကနေ လွတ်မြောက်မှာ မဟုတ်ကြောင်း Guterres က ပြောပါတယ်။

Post a Comment

Previous Post Next Post