(Zawgyi)









REF: MYANMA PLATFORM


(Unicode)


ရွေးကောက်ပွဲအတွက် နိုင်လိုစိတ်နဲ့ သွေးဆူပြီး ထိန်းမနိုင်သိမ်းမရ လူစုလူဝေးတွေ မဖြစ်စေချင်လို့ပါ၊ ရွေးကောက်ပွဲလုပ်ပြီဆိုရင်တော့ လည်းပဲ အောင်ပန်းဆွတ် ရမယ့်တာဝန်က ကျေရမှာဖြစ်တဲ့အတွက် ကန့်သတ်ခွင့်ပြုအင်အားနဲ့ စည်းမျဉ်းစည်း ကမ်းတွေနဲ့အညီ လှုပ်ရှား စည်းရုံးမှုတွေကိုတော့ စဉ် ဆက်မပြတ် စနစ်တကျ လုပ်သွားကြရမှာပါ”လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုလိုက်ပါတယ်။


ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာလ ၁၆ရက်နေ့မှစတင်ကာ ရပ်နားလိုက်ပြီ ဖြစ်ပါတယ်။“ဒီနေ့အရေးကြီးဆုံး ဦးစားပေးလုပ်ရမယ့် တကယ့်အမျိုးသားရေးတာဝန်ဟာ အဲ့ဒီကပ်ရောဂါ ထိန်းချုပ်အောင် နိုင်ရေးပါ၊ ရွေး ကောက်ပွဲအောင်နိုင်ရေးဆိုတာက အာဏာကိစ္စပါ”လို့ ၎င်းက ပြောပါတယ်။


ကိုဗစ်-၁၉ကို နိုင်အောင်မလုပ်နိုင်ဘဲ ရွေးကောက်ပွဲနိုင်ခဲ့မည်ဆိုပါကလည်း ဘယ်သူပဲနိုင်နိုင် တစ်ကယ့်အောင်နိုင် မှုမဖြစ်နိုင်ကြောင်း ဦး သန်းဌေးက ပြောဆိုလိုက်ပါ တယ်။ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ ရွေးကောက်ပွဲရက်သတ်မှတ်ချက်ကို ပြန်လည် သုံးသပ်ပေး ရန် နိုင်ငံတော်သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတာဖြစ် ပါတယ်။


ဆက်လက်ပြီး လက်ရှိအခြေအနေကို လျှော့မတွက်သင့်သလို ဖော့ပြီးတွေးဖို့လည်း မသင့်သည့်အတွက် USDP အနေနဲ့ ပါတီဝင်များ အင် အားအများအပြားနဲ့ စုဝေးလှည့်လည်မှုမလုပ်ရန် ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။


REF: MYANMA PLATFORM

Post a Comment

Previous Post Next Post