လက္ရွိကိုဗစ္ကူးစက္ေရာဂါေၾကာင့္ အျပင္မထြက္ရန္ စည္းကမ္းတင္းၾကပ္လိုက္ေသာ ဆရာေတာ္ကို မေက်နပ္သည့္ကပၸိယက ဓားျဖင့္ခုတ္သတ္လိုက္သည့္ျဖစ္စဥ္ လွည္းကူးၿမိဳ႕၌ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။


ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ မအူေက်းရြာရွိ ေအာင္ဓမၼရိပ္သာဘုန္းႀကီးေက်ာင္း၌ စက္တင္ဘာ ၂၄ ရက္၊ ည ၉ နာရီတြင္ သက္ေတာ္(၅၃)ႏွစ္၊ ဝါေတာ္(၃၃) ဝါရွိ ဆရာေတာ္မွာ ဦးေခါင္း/ဝဲနားအုံျပတ္ရွဒဏ္ရာမ်ားျဖင့္ အသတ္ခံရေၾကာင္း သတင္းအရ တာဝန္ရွိသူမ်ားကသြားေရာက္ စစ္ေဆးခဲ့ၾကသည္။

စစ္ေဆးခ်က္အရ ဆရာေတာ္ကို သတ္ျဖတ္လိုက္သူမွာ ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ေအာင္မဂၤလာရပ္ကြက္ေန ေမာင္ေမာင္လွ(၃၇)ႏွစ္ဆိုသူျဖစ္ လြန္ခဲ့သည့္ ၂ လခန႔္ကမွ ကပၸိယအျဖစ္ လာေရာက္လုပ္ကိုင္ ေနထိုင္ေနသူျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သည္။


ယင္းအတြက္ေၾကာင့္ ၎ကိုဖမ္းဆီးရန္ေဆာင္ရြက္ေနစဥ္ ေမာင္ေမာင္လွ(၃၇)ႏွစ္က ဓားကိုင္လ်က္အသာတၾကည္အဖမ္းမခံဘဲ ေဖ်ာင္းဖ်မႈကိုျငင္းဆန္သျဖင့္ ျပန္လည္ခုခံကာကြယ္ပိုင္ခြင့္ကို အသုံးခ်ကာ ေသနတ္ျဖင့္ပစ္ခတ္၍ ဖမ္းဆီးနိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။


ျပစ္မႈက်ဴးလြန္သူ ေမာင္ေမာင္လွ(၃၇)ႏွစ္၏ ေပါင္၌ထိမွန္ဒဏ္ရာရရွိသျဖင့္ ကုသမႈခံယူေပးေၾကာင္း၊ ပ်ံလြန္ေတာ္မူေသာ ဆရာေတာ္အားသတ္ျဖတ္ရျခင္းမွာ အျပင္မထြက္ရန္စည္းကမ္းတင္းၾကပ္လြန္း၍ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂(လူသတ္မႈ)ျဖင့္ လွည္းကူးၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ အေရးယူထားသည္။



ကိုဗစ္-၁၉ ကပ္ေရာဂါ ကာလ အတြင္း ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္ႏွင့္ လူမႈစီးပြားတည္ၿငိမ္ေအးခ်မ္းေစေရး ကိုဗစ္-၁၉ ႏွင့္ပတ္သက္သည့္ သတ္မွတ္စည္းကမ္း ခ်က္မ်ားလိုက္နာေစေရး ရဲတပ္ဖြဲ႕ဝင္မ်ားက အေလးထားထိန္းခ်ဳပ္ေဆာင္ရြက္ေနရခ်ိန္တြင္ ျပစ္မႈက်ဴးလြန္ သူမ်ားကိုလည္း ထိေရာက္စြာထိန္းသိမ္း နိုင္ေရး ရဲတပ္ဖြဲ႕ဝင္မ်ားမွ အေလးထားေဆာင္ရြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က အသိေပးသတင္းထုတ္ျပန္ထားသည္။


အျပင္မထြက္ရန္ စည္းကမ္းတင္းၾကပ္ေသာ ဆရာေတာ္ကို

ကပၸိယကသတ္ျဖတ္မႈျဖစ္ပြား


Crd----------

အကုန္သိသတင္းဌာန -----------

----------------------------------------------------------------------------

လက်ရှိကိုဗစ်ကူးစက်ရောဂါကြောင့် အပြင်မထွက်ရန် စည်းကမ်းတင်းကြပ်လိုက်သော ဆရာတော်ကို မကျေနပ်သည့်ကပ္ပိယက ဓားဖြင့်ခုတ်သတ်လိုက်သည့်ဖြစ်စဉ် လှည်းကူးမြို့၌ဖြစ်ပွားကြောင်း သတင်းရရှိသည်။


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မအူကျေးရွာရှိ အောင်ဓမ္မရိပ်သာဘုန်းကြီးကျောင်း၌ စက်တင်ဘာ ၂၄ ရက်၊ ည ၉ နာရီတွင် သက်တော်(၅၃)နှစ်၊ ဝါတော်(၃၃) ဝါရှိ ဆရာတော်မှာ ဦးခေါင်း/ဝဲနားအုံပြတ်ရှဒဏ်ရာများဖြင့် အသတ်ခံရကြောင်း သတင်းအရ တာဝန်ရှိသူများကသွားရောက် စစ်ဆေးခဲ့ကြသည်။


စစ်ဆေးချက်အရ ဆရာတော်ကို သတ်ဖြတ်လိုက်သူမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊အောင်မင်္ဂလာရပ်ကွက်နေ မောင်မောင်လှ(၃၇)နှစ်ဆိုသူဖြစ် လွန်ခဲ့သည့် ၂ လခန့်ကမှ ကပ္ပိယအဖြစ် လာရောက်လုပ်ကိုင် နေထိုင်နေသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်။


ယင်းအတွက်ကြောင့် ၎င်းကိုဖမ်းဆီးရန်ဆောင်ရွက်နေစဉ် မောင်မောင်လှ(၃၇)နှစ်က ဓားကိုင်လျက်အသာတကြည်အဖမ်းမခံဘဲ ဖျောင်းဖျမှုကိုငြင်းဆန်သဖြင့် ပြန်လည်ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးချကာ သေနတ်ဖြင့်ပစ်ခတ်၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။


ပြစ်မှုကျူးလွန်သူ မောင်မောင်လှ(၃၇)နှစ်၏ ပေါင်၌ထိမှန်ဒဏ်ရာရရှိသဖြင့် ကုသမှုခံယူပေးကြောင်း၊ ပျံလွန်တော်မူသော ဆရာတော်အားသတ်ဖြတ်ရခြင်းမှာ အပြင်မထွက်ရန်စည်းကမ်းတင်းကြပ်လွန်း၍ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂(လူသတ်မှု)ဖြင့် လှည်းကူးမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားသည်။


ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ အတွင်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူမှုစီးပွားတည်ငြိမ်အေးချမ်းစေရေး ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် သတ်မှတ်စည်းကမ်း ချက်များလိုက်နာစေရေး ရဲတပ်ဖွဲ့ဝင်များက အလေးထားထိန်းချုပ်ဆောင်ရွက်နေရချိန်တွင် ပြစ်မှုကျူးလွန် သူများကိုလည်း ထိရောက်စွာထိန်းသိမ်း နိုင်ရေး ရဲတပ်ဖွဲ့ဝင်များမှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က အသိပေးသတင်းထုတ်ပြန်ထားသည်။


အပြင်မထွက်ရန် စည်းကမ်းတင်းကြပ်သော ဆရာတော်ကို

ကပ္ပိယကသတ်ဖြတ်မှုဖြစ်ပွား


Crd----------

အကုန်သိသတင်းဌာန -----------

Post a Comment

Previous Post Next Post