အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါမွ သိပၸံပညာရွင္ သုေတသီေတြက ကိုဗစ္-၁၉ ေရာဂါကို ၁၀၀% နီးပါးေအာင္ျမင္နိုင္တဲ့ ကုထုံးကို ရွာေဖြ ေတြ႕ရွိၿပီးဟု ထင္ျမင္ယူဆ ၾကပါတယ္။

ေဆး အမ်ိဳးအစား ၄ မ်ိဳးေပါင္းစပ္ ထားတဲ့ ဒီကုထုံးကို ICAM လို့ အတိုေကာက္ အမည္ေပးထားပါတယ္။

ICAM ကအဆုတ္အတြင္းေရာင္ရမ္းမွု မျဖစ္ေအာင္ကာကြယ္ေနစဥ္မွာပဲ ခုခံအားစနစ္ကို ျမႇင့္တင္ေပးပါတယ္။


ဒီေတြ႕ရွိခ်က္ကို မွန္ကန္ေၾကာင္း သက္ေသျပဖို့ လူနာမ်ာနဲ႔ စမ္းသပ္ကုသမွုမ်ား ျပဳလုပ္ေနဆဲဟု သိရပါတယ္။ဒီကုထုံးကသာ အႏၲရာယ္ကင္းၿပီး ထိေရာက္မွု ရွိခဲ့ရင္ ကိုဗစ္လူနာေတြကို ေဆး႐ုံမတက္ေစပဲ ျပင္ပလူနာ အျဖစ္ ကုသနိုင္လိမ့္မယ္လို့ ေမၽွာ္လင့္ ရပါတယ္။


ICAMကေဆးအသစ္မဟုတ္ပါဘူး။


I = Immunosupport drugs ခုခံအားစနစ္ကို အေထာက္အပံ့ေပးတဲ့ ဗီတာမင္ C, D နဲ႔ သြပ္ဓာတ္


C =Corticosteroids ေရာင္ရမ္းမွုကို ေလ်ာ့က်ေစတဲ့ စတီးရြိဳက္ေဆးဝါး


A =Anticoagulants ေသြးက်ဲေဆး


M = Macrolides ေရာဂါပိုးကို တိုက္ခိုက္တဲ့ ပဠိဇီဝေဆး


ကိုဗစ္-၁၉ ေရာဂါကို ျဖစ္ေစတဲ့ နိုဗယ္ကိုရိုနာ ဗိုင္းရပ္စ္ပိုးကို တိုက္ထုတ္ဖို့ ကိုယ္တြင္းခုခံအားေကာင္းမြန္ဖို့ လိုအပ္တာမို့ ဗီတာမင္C, D နဲ႔ Zinc တို့ကို အသုံးျပဳပါတယ္။


Dexamethasoneလိုမ်ိဳး စတီးရြိဳက္ေဆးဝါးေတြက ေသဆုံးႏွုန္းကို ေလ်ာ့က်နိုင္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါက ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ ေသြးေၾကာေတြမွာ ထိခိုက္မွု ရွိပါတယ္။ေသြးေၾကာအတြင္းေသြးခဲတုံးေလးေတြ ျဖစ္ေပၚၿပီး ေသြးေၾကာပိတ္ဆို့ေနရင္


အဆုတ္၊ ဦးေႏွာက္နဲ႔ ႏွလုံး အပါအဝင္ အေရးႀကီးတဲ့ ကိုယ္တြင္းအဂၤါေတြဆီ ေသြးအေရာက္နည္း သြားကာ အဆုတ္ အလုပ္မလုပ္နိုင္တာ၊ ေလျဖတ္တာနဲ႔ heart attack ရတာေတြ ျဖစ္တတ္ပါတယ္။ ေသြးက်ဲေဆးက ကိုဗစ္ေၾကာင့္ ေနာက္ဆက္တြဲဆိုးက်ိဳး မျဖစ္ေအာင္ ကူညီေပးပါတယ္။


Marcrolides ေတြက antibioticsအုပ္စုျဖစ္ ၿပီး ဥပမာအားျဖင့္ azithromycinက သူ႔ရဲ့ အဖြဲ႕ဝင္ေတြပါ။


ICAM ကုထုံးကို အသုံးျပဳတာေၾကာင့္ လူနာအားလုံးက( အသက္အရြယ္မေရြး၊ နာတာရွည္ေရာဂါရွိသူ အပါအဝင္) အသက္ရွုစက္ အသုံးမျပဳရပဲ ေဆး႐ုံကဆင္းခြင့္ရသြား တယ္လို့ သုေတသီက ဆိုပါတယ္။


“ဒီေဆးဝါးေပါင္းစပ္ ကုထုံးက ဆိုးရြားတဲ့ ကိုဗစ္လူနာေတြ အတြက္ထိေရာက္မွု ရွိပါတယ္။ ဒီကုထုံးက ကိုယ္တြင္း ခုခံအားကို စူပါ ျဖစ္ေအာင္ ျပဳလုပ္ေပးတာပါ။ ဗိုင္းရပ္စ္ကို သတ္ပစ္တာ မဟုတ္ပါဘူး။ ဗိုင္းရပ္စ္က သက္တမ္းအလြန္တိုတဲ့အတြက္ သူ႔ဘာသာသူ ေပ်ာက္ ကြယ္သြားပါတယ္။ ကိုဗစ္ရဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးေၾကာင့္သာ ေသဆုံးရတာ ျဖစ္တယ္”လို့ သူက ဆက္ေျပာပါတယ္။



Ref; NEWSBREAK.COM

ေဒါက္တာခင္မိုးမုိး

--------------------------------------------------------

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမှ သိပ္ပံပညာရှင် သုတေသီတွေက ကိုဗစ်-၁၉ ရောဂါကို ၁၀၀% နီးပါးအောင်မြင်နိုင်တဲ့ ကုထုံးကို ရှာဖွေ တွေ့ရှိပြီးဟု ထင်မြင်ယူဆ ကြပါတယ်။




ဆေး အမျိုးအစား ၄ မျိုးပေါင်းစပ် ထားတဲ့ ဒီကုထုံးကို ICAM လို့ အတိုကောက် အမည်ပေးထားပါတယ်။


ICAM ကအဆုတ်အတွင်းရောင်ရမ်းမှု မဖြစ်အောင်ကာကွယ်နေစဉ်မှာပဲ ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။


ဒီတွေ့ရှိချက်ကို မှန်ကန်ကြောင်း သက်သေပြဖို့ လူနာမျာနဲ့ စမ်းသပ်ကုသမှုများ ပြုလုပ်နေဆဲဟု သိရပါတယ်။ဒီကုထုံးကသာ အန္တရာယ်ကင်းပြီး ထိရောက်မှု ရှိခဲ့ရင် ကိုဗစ်လူနာတွေကို ဆေးရုံမတက်စေပဲ ပြင်ပလူနာ အဖြစ် ကုသနိုင်လိမ့်မယ်လို့ မျှော်လင့် ရပါတယ်။


ICAMကဆေးအသစ်မဟုတ်ပါဘူး။


I = Immunosupport drugs ခုခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဗီတာမင် C, D နဲ့ သွပ်ဓာတ်


C =Corticosteroids ရောင်ရမ်းမှုကို လျော့ကျစေတဲ့ စတီးရွိုက်ဆေးဝါး


A =Anticoagulants သွေးကျဲဆေး


M = Macrolides ရောဂါပိုးကို တိုက်ခိုက်တဲ့ ပဠိဇီဝဆေး


ကိုဗစ်-၁၉ ရောဂါကို ဖြစ်စေတဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ဖို့ ကိုယ်တွင်းခုခံအားကောင်းမွန်ဖို့ လိုအပ်တာမို့ ဗီတာမင်C, D နဲ့ Zinc တို့ကို အသုံးပြုပါတယ်။


Dexamethasoneလိုမျိုး စတီးရွိုက်ဆေးဝါးတွေက သေဆုံးနှုန်းကို လျော့ကျနိုင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါက နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးကြောတွေမှာ ထိခိုက်မှု ရှိပါတယ်။သွေးကြောအတွင်းသွေးခဲတုံးလေးတွေ ဖြစ်ပေါ်ပြီး သွေးကြောပိတ်ဆို့နေရင်


အဆုတ်၊ ဦးနှောက်နဲ့ နှလုံး အပါအဝင် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီ သွေးအရောက်နည်း သွားကာ အဆုတ် အလုပ်မလုပ်နိုင်တာ၊ လေဖြတ်တာနဲ့ heart attack ရတာတွေ ဖြစ်တတ်ပါတယ်။ သွေးကျဲဆေးက ကိုဗစ်ကြောင့် နောက်ဆက်တွဲဆိုးကျိုး မဖြစ်အောင် ကူညီပေးပါတယ်။


Marcrolides တွေက antibioticsအုပ်စုဖြစ် ပြီး ဥပမာအားဖြင့် azithromycinက သူ့ရဲ့ အဖွဲ့ဝင်တွေပါ။


ICAM ကုထုံးကို အသုံးပြုတာကြောင့် လူနာအားလုံးက( အသက်အရွယ်မရွေး၊ နာတာရှည်ရောဂါရှိသူ အပါအဝင်) အသက်ရှုစက် အသုံးမပြုရပဲ ဆေးရုံကဆင်းခွင့်ရသွား တယ်လို့ သုတေသီက ဆိုပါတယ်။


“ဒီဆေးဝါးပေါင်းစပ် ကုထုံးက ဆိုးရွားတဲ့ ကိုဗစ်လူနာတွေ အတွက်ထိရောက်မှု ရှိပါတယ်။ ဒီကုထုံးက ကိုယ်တွင်း ခုခံအားကို စူပါ ဖြစ်အောင် ပြုလုပ်ပေးတာပါ။ ဗိုင်းရပ်စ်ကို သတ်ပစ်တာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်က သက်တမ်းအလွန်တိုတဲ့အတွက် သူ့ဘာသာသူ ပျောက် ကွယ်သွားပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးကြောင့်သာ သေဆုံးရတာ ဖြစ်တယ်”လို့ သူက ဆက်ပြောပါတယ်။


Ref; NEWSBREAK.COM

ဒေါက်တာခင်မိုးမိုး

Post a Comment

Previous Post Next Post