(Unicode)

သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကို စမ်းသပ်ဖို့အတွက် မက္ကဆီကိုနိုင်ငံ ချီဟွာဟွာ ပြည်နယ်က ချူတီမို့မြို့ရဲ့ မြို့တော်ဝန် ကားလို့စ်တီနာဟာ မသန် စွမ်းအဖြစ်ဟန်ဆောင်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းမှာ ဖော်ပြပါတယ်။

တီနာဟာ ပြီးခဲ့တဲ့ရက်တွေမှာ သက်ဆိုင်ရာအရာရှိတွေရဲ့ မြို့ခံမသန်စွမ်းတွေနဲ့ ဆင်းရဲသားတွေအပေါ် ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားမှု များစွာ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီတိုင်ကြားမူတွေဟာ တကယ်ဟုတ်မဟုတ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျစုံစမ်းဖို့ သူ့ကိုယ်သူ အကူအညီလိုအပ်နေတဲ့ မသန်စွမ်းတယောက်လို ရုပ်ဖျက်ခဲ့တာပါ။



တီနာဟာ လည်ပင်းအထိ ဖုံးအုပ်ထားတဲ့ ဆွယ်တာဝတ် ဦးထုပ်ကို ဆောင်းပြီး နေကာမျက်မှန်အနက်တခုကို တပ်ဆင်ရုပ်ဖျက်ခဲ့ပါတယ်။ နားတဖက်မှာလည်း ပတ်တီးစည်းထားခဲ့ပြီး အမှန်တကယ် အကူအညီလိုအပ်နေတဲ့လူနဲ့ တူအောင်ပုံဖျက်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ သူဟာ လူမူဖူလုံရေးရုံးတခုဆီ ဝှီးချဲနဲ့ သွားရောက်ခဲ့ပြီးတော့ မက္ကဆီကိုဥပဒေအရ ခွင့်ပြုထားတဲ့ ထမင်းကျွေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လျစ်လျူရှုခံရရုံတင်မဟုတ်ဘဲ ခွဲခြားဆက်ဆံမှုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။



ဒီခွဲခြားဆက်ဆံမှုကြောင့် တီနာဟာ သူ့ရုံးကိုသွားရောက်ခဲ့ပြီး မြို့တော်ဝန်နဲ့တွေ့ဆုံဖို့ တောင်းဆိုခဲ့ပြန်ပါတယ်။ ဒီတကြိမ်မှာလည်း မြို့တော်ဝန်မရှိဘူးလို့ ပြောဆို နှင်ထုတ်ခံခဲ့ရပြန်ပါတယ်။ အဲ့ဒီနောက်မှာ သူဟာ မြို့တော် ကောင်ဆီအတွင်းဝန်နဲ့တွေ့ဆုံဖို့ တောင်းဆိုခဲ့ရာမှာတော့ ရိုင်းစိုင်းစွာ ဆက်ဆံခံခဲ့ရပြီး တာဝန်ရှိသူကို တနာရီလောက် ထိုင်စောင့်ခဲ့ရပါတယ်။

တိုင်ကြားမှုတွေဟာ အမှန်တကယ်ဖြစ်နေကြောင်း သိရှိပြီးနောက်မှာတော့ တီနာဟာ သူ့ဟန်ဆောင်မှုတွေကို အဆုံးသတ်ခဲ့ပြီး ရုံးထဲက ဝန်ထမ်းတွေကို အကြီးအကျယ် ရှော့ခ်ရစေခဲ့ပါတယ်။



တီနာဟာ အကူအညီလိုအပ်နေတဲ့ မသန်စွမ်းသူအဖြစ် နှစ်လလောက်ကြာအောင် ဟန်ဆောင်ခဲ့တာဖြစ်ပြီး ဒီကိစ္စကို ဘယ်သူ့ကိုမှလည်း ပြောမပြခဲ့ဘူးလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။တီနာဟာ လိုအပ်ချက်ရှိနေသူတွေအတွက် တက်ကြွစွာတိုက်ပွဲဝင်တတ်သူတဦးအဖြစ် ထင်ရှားသူဖြစ်ပြီး အရင်တုန်းကလည်း ဒီလိုမျိုးပုံစံဖျက် ထောက်လှမ်းမှုတွေ လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေကို ကူညီပေးဖို့ တာဝန်ရှိသူတွေရဲ့ စိတ်ထားတွေကို အမှန်တကယ် စိတ်ပျက်မိတယ်လို့လည်း တီနာက ပြောပါတယ်။

 (Zawgyi)


သက္ဆိုင္ရာ ျပည္သူ႔ဝန္ထမ္းေတြရဲ႕ စိတ္ဓာတ္ကို စမ္းသပ္ဖို႔အတြက္ မကၠဆီကိုႏိုင္ငံ ခ်ီဟြာဟြာ ျပည္နယ္က ခ်ဴတီမို႔ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ ကားလို႔စ္တီနာဟာ မသန္ စြမ္းအျဖစ္ဟန္ေဆာင္ခဲ့တယ္လို႔ ႏိုင္ငံတကာ သတင္းမွာ ေဖာ္ျပပါတယ္။

တီနာဟာ ၿပီးခဲ့တဲ့ရက္ေတြမွာ သက္ဆိုင္ရာအရာရွိေတြရဲ႕ ၿမိဳ႕ခံမသန္စြမ္းေတြနဲ႔ ဆင္းရဲသားေတြအေပၚ ဆက္ဆံမႈနဲ႔ ပတ္သက္တဲ့ တိုင္ၾကားမႈ မ်ားစြာ ရရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္ ဒီတိုင္ၾကားမူေတြဟာ တကယ္ဟုတ္မဟုတ္ဆိုတာကို ကိုယ္တိုင္ကိုယ္က်စုံစမ္းဖို႔ သူ႔ကိုယ္သူ အကူအညီလိုအပ္ေနတဲ့ မသန္စြမ္းတေယာက္လို ႐ုပ္ဖ်က္ခဲ့တာပါ။



တီနာဟာ လည္ပင္းအထိ ဖုံးအုပ္ထားတဲ့ ဆြယ္တာဝတ္ ဦးထုပ္ကို ေဆာင္းၿပီး ေနကာမ်က္မွန္အနက္တခုကို တပ္ဆင္႐ုပ္ဖ်က္ခဲ့ပါတယ္။ နားတဖက္မွာလည္း ပတ္တီးစည္းထားခဲ့ၿပီး အမွန္တကယ္ အကူအညီလိုအပ္ေနတဲ့လူနဲ႔ တူေအာင္ပုံဖ်က္ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာ သူဟာ လူမူဖူလုံေရး႐ုံးတခုဆီ ဝွီးခ်ဲနဲ႔ သြားေရာက္ခဲ့ၿပီးေတာ့ မကၠဆီကိုဥပေဒအရ ခြင့္ျပဳထားတဲ့ ထမင္းေကြၽးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ သူဟာ လ်စ္လ်ဴရႈခံရ႐ုံတင္မဟုတ္ဘဲ ခြဲျခားဆက္ဆံမႈနဲ႔လည္း ရင္ဆိုင္ခဲ့ရပါတယ္။



ဒီခြဲျခားဆက္ဆံမႈေၾကာင့္ တီနာဟာ သူ႔႐ုံးကိုသြားေရာက္ခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္နဲ႔ေတြ႕ဆုံဖို႔ ေတာင္းဆိုခဲ့ျပန္ပါတယ္။ ဒီတႀကိမ္မွာလည္း ၿမိဳ႕ေတာ္ဝန္မရွိဘူးလို႔ ေျပာဆို ႏွင္ထုတ္ခံခဲ့ရျပန္ပါတယ္။ အဲ့ဒီေနာက္မွာ သူဟာ ၿမိဳ႕ေတာ္ ေကာင္ဆီအတြင္းဝန္နဲ႔ေတြ႕ဆုံဖို႔ ေတာင္းဆိုခဲ့ရာမွာေတာ့ ႐ိုင္းစိုင္းစြာ ဆက္ဆံခံခဲ့ရၿပီး တာဝန္ရွိသူကို တနာရီေလာက္ ထိုင္ေစာင့္ခဲ့ရပါတယ္။

တိုင္ၾကားမႈေတြဟာ အမွန္တကယ္ျဖစ္ေနေၾကာင္း သိရွိၿပီးေနာက္မွာေတာ့ တီနာဟာ သူ႔ဟန္ေဆာင္မႈေတြကို အဆုံးသတ္ခဲ့ၿပီး ႐ုံးထဲက ဝန္ထမ္းေတြကို အႀကီးအက်ယ္ ေရွာ့ခ္ရေစခဲ့ပါတယ္။



တီနာဟာ အကူအညီလိုအပ္ေနတဲ့ မသန္စြမ္းသူအျဖစ္ ႏွစ္လေလာက္ၾကာေအာင္ ဟန္ေဆာင္ခဲ့တာျဖစ္ၿပီး ဒီကိစၥကို ဘယ္သူ႔ကိုမွလည္း ေျပာမျပခဲ့ဘူးလို႔ ေဒသတြင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။တီနာဟာ လိုအပ္ခ်က္ရွိေနသူေတြအတြက္ တက္ႂကြစြာတိုက္ပြဲဝင္တတ္သူတဦးအျဖစ္ ထင္ရွားသူျဖစ္ၿပီး အရင္တုန္းကလည္း ဒီလိုမ်ိဳးပုံစံဖ်က္ ေထာက္လွမ္းမႈေတြ လုပ္ခဲ့ဖူးတယ္လို႔ သိရပါတယ္။ ေဒသခံျပည္သူေတြကို ကူညီေပးဖို႔ တာဝန္ရွိသူေတြရဲ႕ စိတ္ထားေတြကို အမွန္တကယ္ စိတ္ပ်က္မိတယ္လို႔လည္း တီနာက ေျပာပါတယ္။

 Credit Original

Post a Comment

Previous Post Next Post