(Unicode)

စက်တင်ဘာလ ၁ ရက်နေ့တွင် ထွက်ရှိလာသည့် (၁၉) ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သရက်မြိုင်ရဲရိပ်သာမှ မယမင်းစံက ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ရွှေမြန်မာနှစ်စောင်တွဲထီလက်မှတ် ပေါက်မဲနံပါတ် ပ-၃ဝ၇၆၆၆ ဖြင့် ကျပ်သိန်းတစ်သောင်းခွဲဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင် မယမင်းစံက“အဲ့ဒီနံပါတ်ကို ကြိုက်လို့ ရွေးလိုက်တာပါ။ ညီမတို့ရုံးက မန်နေဂျာအမဆီကဝယ်တာ။ သူက တစ်ဆင့်ယူလာပြီး ရောင်းပေးတာ။ ထီပေါက်တယ်ပြောတုန်းက ယုံတောင်မယုံနိုင် ဘူး။ အရမ်းပျော်ပါတယ်။ အဖေဆိုရင် မျက်ရည်တောင်ကျပါတယ်” ဟု ပြောသည်။ လစဉ်တိုင်း နေရာနှစ်နေရာခွဲပြီး ထီထိုးလေ့ရှိသော်လည်း ယခင်က ထီဆုမပေါက်ဖူးဘဲ ယခုပထမဆုံးအကြိမ်အဖြစ် ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင် မယမင်းခိုင်သည် အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သည်။ ၎င်း၏ အစ်မတော်စပ်သူမှာ ရဲဝန်ထမ်းတစ်ဦးဖြစ်သောကြောင့် ရဲရိပ်သာတွင် မိသားစုနှင့် အတူနေထိုင် လျှက်ရှိပြီး ဆုငွေများဖြင့် အလှူအတန်းပြုလုပ်ပြီး မိသားစုနေထိုင်ရန် အိမ်တစ်လုံးဝယ်သွားရန်ရည်ရွယ်ထားကြောင်းဆိုသည်။ “ညီမကတော့ ဘုရားတည်မယ်ရှင့်။ စေတီတည်မယ်ပေါ့နော်။ ပြီးရင် အမေတို့အတွက် အိမ်ဝယ်ပေးမှာပေါ့နော်။ အမေတို့ကိုပဲ အကုန်ပေးမှာဆိုတော့။ ပြီးရင်တော့ အပြင်လုပ်ငန်းတစ်ခုလုပ်မယ်လို့ စဉ်းစားထားတယ်ရှင့်” ဟု မယမင်းခိုင်က ပြောသည်။



ယခုလအတွက် အောင်ဘာလေထီထဲတွင် ဆုကြေးအမြင့်ဆုံးထဲတွင်တစ်ခုအပါအဝင်ဖြစ်သော ကျပ်သိန်းတစ်သောင်းဆု သ- ၈၂၈၇ဝ၉ ကို လားရှိုးမြို့ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ဝယ်ယူသွားသည့် ဦးမင်းခိုင် ကဆွတ်ခူးခဲ့ကြောင်းလည်း သိရသည်။ (၁၉ )ကြိမ်မြောက်အောင်ဘာလေထီထီဖွင့်ပွဲအတွက် ထီလက်မှတ်ရောင်းချရငွေ၏ ၆ဝ ရာခိုင်နှုန်းနှင့် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅ဝ ကို ထည့်သွင်း ကာ ထီဆုများချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

မဇ္ဇျိမ

(Zawgyi)

စက္တင္ဘာလ ၁ ရက္ေန႔တြင္ ထြက္ရွိလာသည့္ (၁၉) ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ သရက္ၿမိဳင္ရဲရိပ္သာမွ မယမင္းစံက ဆြတ္ခူးခဲ့ေၾကာင္း သိရသည္။ ေ႐ႊျမန္မာႏွစ္ေစာင္တြဲထီလက္မွတ္ ေပါက္မဲနံပါတ္ ပ-၃ဝ၇၆၆၆ ျဖင့္ က်ပ္သိန္းတစ္ေသာင္းခြဲဆြတ္ခူးခဲ့ျခင္းျဖစ္သည္။

က်ပ္သိန္းတစ္ေသာင္းခြဲကံထူးရွင္ မယမင္းစံက“အဲ့ဒီနံပါတ္ကို ႀကိဳက္လို႔ ေ႐ြးလိုက္တာပါ။ ညီမတို႔႐ုံးက မန္ေနဂ်ာအမဆီကဝယ္တာ။ သူက တစ္ဆင့္ယူလာၿပီး ေရာင္းေပးတာ။ ထီေပါက္တယ္ေျပာတုန္းက ယုံေတာင္မယုံႏိုင္ ဘူး။ အရမ္းေပ်ာ္ပါတယ္။ အေဖဆိုရင္ မ်က္ရည္ေတာင္က်ပါတယ္” ဟု ေျပာသည္။ လစဥ္တိုင္း ေနရာႏွစ္ေနရာခြဲၿပီး ထီထိုးေလ့ရွိေသာ္လည္း ယခင္က ထီဆုမေပါက္ဖူးဘဲ ယခုပထမဆုံးအႀကိမ္အျဖစ္ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ဆြတ္ခူးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။



က်ပ္သိန္းတစ္ေသာင္းခြဲကံထူးရွင္ မယမင္းခိုင္သည္ အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး ကုမၸဏီဝန္ထမ္းတစ္ဦးျဖစ္သည္။ ၎၏ အစ္မေတာ္စပ္သူမွာ ရဲဝန္ထမ္းတစ္ဦးျဖစ္ေသာေၾကာင့္ ရဲရိပ္သာတြင္ မိသားစုႏွင့္ အတူေနထိုင္ လွ်က္ရွိၿပီး ဆုေငြမ်ားျဖင့္ အလႉအတန္းျပဳလုပ္ၿပီး မိသားစုေနထိုင္ရန္ အိမ္တစ္လုံးဝယ္သြားရန္ရည္႐ြယ္ထားေၾကာင္းဆိုသည္။ “ညီမကေတာ့ ဘုရားတည္မယ္ရွင့္။ ေစတီတည္မယ္ေပါ့ေနာ္။ ၿပီးရင္ အေမတို႔အတြက္ အိမ္ဝယ္ေပးမွာေပါ့ေနာ္။ အေမတို႔ကိုပဲ အကုန္ေပးမွာဆိုေတာ့။ ၿပီးရင္ေတာ့ အျပင္လုပ္ငန္းတစ္ခုလုပ္မယ္လို႔ စဥ္းစားထားတယ္ရွင့္” ဟု မယမင္းခိုင္က ေျပာသည္။



ယခုလအတြက္ ေအာင္ဘာေလထီထဲတြင္ ဆုေၾကးအျမင့္ဆုံးထဲတြင္တစ္ခုအပါအဝင္ျဖစ္ေသာ က်ပ္သိန္းတစ္ေသာင္းဆု သ- ၈၂၈၇ဝ၉ ကို လားရႈိးၿမိဳ႕ မိုးယံေ႐ႊလမင္းႏွင့္ ျမတ္ဆုကုေဋထီဆိုင္မွ ဝယ္ယူသြားသည့္ ဦးမင္းခိုင္ ကဆြတ္ခူးခဲ့ေၾကာင္းလည္း သိရသည္။ (၁၉ )ႀကိမ္ေျမာက္ေအာင္ဘာေလထီထီဖြင့္ပြဲအတြက္ ထီလက္မွတ္ေရာင္းခ်ရေငြ၏ ၆ဝ ရာခိုင္ႏႈန္းႏွင့္ သတ္မွတ္ကာလအတြင္း လာေရာက္ထုတ္ယူျခင္းမရွိေသာ ဆုမဲမ်ား၏ ဘ႑ာသိမ္းရေငြမွ က်ပ္သန္း ၂၅ဝ ကို ထည့္သြင္း ကာ ထီဆုမ်ားခ်ီးျမႇင့္ခဲ့ျခင္း ျဖစ္သည္။

မဇၨ်ိမ

Post a Comment

Previous Post Next Post