ေကာင္းလိုက္တဲ့ အလႉ။

သာဓု အႀကိမ္ ႀကိမ္ေခၚပါတယ္ဗ်ာ


သိဒၶိဝင္ ကုမၸဏီမွ အသစ္ေဆာက္လုပ္ၿပီးစီးေသာ အခန္း(75)ခန္းပါ ဟိုတယ္ အေဆာက္အဦးသစ္အား (covid 19) ေရာဂါ အလ်င္အျမန္ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ စြမ္းစြမ္းတမံ တာဝန္ယူေဆာင္႐ြက္ေနၾကေသာ ဆရာဝန္မ်ား သူနာျပဳဆရာ ဆရာမမ်ားႏွင့္ Volunteer မ်ားအတြက္ ေခတၱ ေနထိုင္ အနားယူ အသုံးျပဳရန္ အခန္းတိုင္းတြင္ Air con ႏွင့္ ေရပူေရေအး ရရွိႏိုင္သည္အထိ စီမံေဆာင္႐ြက္ၿပီး ျဖစ္ပါသည္။


ေန႔လည္စာႏွင့္ ညစာမ်ားကို ကုမၸဏီမွ တာဝန္ယူထားပါသည္ ။


ကူးစက္ျမန္ေရာဂါ ကပ္ဆိုးႀကီးကို အဆုံးသတ္ႏိုင္ရန္အတြက္ အဖက္ဖက္မွ ဝိုင္းဝန္း ေဆာင္႐ြက္ ေနခ်ိန္တြင္ သိဒၶိဝင္ ကုမၸဏီအေနျဖင့္ တစ္ေထာင့္တစ္ေနရာမွ ပါဝင္ကူညီခြင့္ရသည့္အတြက္ အထူးပင္အားရေက်နပ္မိပါေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံသူ/သား အားလုံး ေရာဂါကပ္ဆိုးႀကီးမွ အျမန္ဆုံး လြတ္ေျမာက္ႏိုင္ပါေစရန္ ဆုမြန္ေကာင္း ေတာင္းအပ္ပါသည္။

ျပီးခဲ႔တဲ႔ ရက္ကမွ အထူးကုဆရာ၀န္ၾကီးတစ္ဦးက ေဆးရံုကေန အိမ္ုပန္ခ်ိန္မွာ မိသားစု၀င္ေတြကို ေရာဂါကူးမွာ စိုးရိမ္တဲ႔အတြက္ ခုလို သီးသန္႔ခန္းေလးေတြ လွဴႏိုင္ရင္လွူ မလွဴႏိုင္ရင္ သင့္ေလ်ာ္တဲ႔ေစ်းႏႈန္းနဲ႔ ငွားေပးၾကဖို႔ အကူအညီေတာင္းခဲ႔တာျဖစ္ပါတယ္



ခုလို အလွဴရွင္ေပၚလာေတာ့ တကယ္ကို ၀မ္းသာစရာပါပဲဗ်ာ


Via..Htay Lwin

---------------------------------------------------------------------------------------

ကောင်းလိုက်တဲ့ အလှူ။


သာဓု အကြိမ် ကြိမ်ခေါ်ပါတယ်ဗျာ


သိဒ္ဓိဝင် ကုမ္ပဏီမှ အသစ်ဆောက်လုပ်ပြီးစီးသော အခန်း(75)ခန်းပါ ဟိုတယ် အဆောက်အဦးသစ်အား (covid 19) ရောဂါ အလျင်အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စွမ်းစွမ်းတမံ တာဝန်ယူဆောင်ရွက်နေကြသော ဆရာဝန်များ သူနာပြုဆရာ ဆရာမများနှင့် Volunteer များအတွက် ခေတ္တ နေထိုင် အနားယူ အသုံးပြုရန် အခန်းတိုင်းတွင် Air con နှင့် ရေပူရေအေး ရရှိနိုင်သည်အထိ စီမံဆောင်ရွက်ပြီး ဖြစ်ပါသည်။


နေ့လည်စာနှင့် ညစာများကို ကုမ္ပဏီမှ တာဝန်ယူထားပါသည် ။


ကူးစက်မြန်ရောဂါ ကပ်ဆိုးကြီးကို အဆုံးသတ်နိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်း ဆောင်ရွက် နေချိန်တွင် သိဒ္ဓိဝင် ကုမ္ပဏီအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီခွင့်ရသည့်အတွက် အထူးပင်အားရကျေနပ်မိပါကြောင်း နှင့် မြန်မာနိုင်ငံသူ/သား အားလုံး ရောဂါကပ်ဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။






ပြီးခဲ့တဲ့ ရက်ကမှ အထူးကုဆရာဝန်ကြီးတစ်ဦးက ဆေးရုံကနေ အိမ်ုပန်ချိန်မှာ မိသားစုဝင်တွေကို ရောဂါကူးမှာ စိုးရိမ်တဲ့အတွက် ခုလို သီးသန့်ခန်းလေးတွေ လှူနိုင်ရင်လှူ မလှူနိုင်ရင် သင့်လျော်တဲ့ဈေးနှုန်းနဲ့ ငှားပေးကြဖို့ အကူအညီတောင်းခဲ့တာဖြစ်ပါတယ်


ခုလို အလှူရှင်ပေါ်လာတော့ တကယ်ကို ဝမ်းသာစရာပါပဲဗျာ


Via..Htay Lwin

Post a Comment

Previous Post Next Post