ကိုဗစိကာလေၾကာင့္ ခက္ခဲေနၾကတဲ့သူေတြအတြက္ တတ္နိုင္သူေတြက လႉဒါန္းမႈေတြျပဳလုပ္ေပး ၿပီး အခ်င္းခ်င္းရိုင္းပင္းကူညီေနၾကတဲ့ အခ်ိန္မွာ အႏုပညာရွင္ မင္းသားမင္းသမီးေတြ ေတာ္ေတာ္မ်ားမ်ားက လည္း တတ္နိုင္သမၽွလႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္ ။

ပရိသတ္အခ်စ္ေတာ္ လြင္မိုးကလည္း ရပ္ကြက္အတြင္း Mask ေတြနဲ႔ Spray ပိုးသတ္ေဆးေတြ လႉဒါန္းခဲ့သလို We love yangon နဲ႔.ကိုဗစ္ကာ ကြယ္ထိန္းခ်ဳပ္ေရးအတြက္ လိုအပ္သည့္ေနရာမ်ားတြင္ အသုံးျပဳရန္ အတြက္လည္းလႉဒါန္းမႈေတြ ျပဳလုပ္ခဲ့ပါေသးတယ္ ။


လြင္မိုးဟာ အလႉေရစက္လက္နဲ႔မကြာဆိုသလို အျမဲလႉဒါန္းမႈေတြ ျပဳလုပ္တတ္ေပမယ့္ ကိုဗစ္ကာလမွာေတာ့ ပိုၿပီး လႉဒါန္း ေပးကမ္းမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတာကိုေတြ႕ရပါတယ္ ။


လတ္တေလာမွာလည္း ႏွစ္စဥ္အလႈလုပ္ေနက် မိသားစုအလႉေလးတစ္ခုကို ျပဳလုပ္ခဲ့ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန မၽွေဝေပးလာခဲ့ပါတယ္ ။ ကမၻာေအး..မဟာဂႏၶာ႐ုံ..စာသင္တိုက္အတြက္ ဆီ (၅၀) ပိႆာ ၊ ငပိ (၅) ပိႆာ ၊ ငါးရံ့ေျခာက္ ဖုတ္ၿပီးသား (၂) ပိႆာ တို႔ကိုလႉဒါန္းခဲ့တာျဖစ္ၿပီး အလႉပုံရိပ္ေတြကို ပရိသတ္ေတြကိုမၽွေဝေပးလာခဲ့တာျဖစ္ပါတယ္ ။


ပရိသတ္ေတြကလည္း လြင္မိုးရဲ့ အခုလို လႉဒါန္းမႈေလးကို သာဓုေတြေခၚဆိုခဲ့ၾကၿပီး ဒီထက္မက လႉနိုင္တန္းနိုင္တဲ့ သူတစ္ေယာက္ျဖစ္ပါေစလို႔ ဆုမြန္ေကာင္းေတြ ေတာင္းေပးထားၾကတာေတြ႕ရပါတယ္ ။ လြင္မိုးကိုခ်စ္တဲ့ ဆယ္လီကမၻာ ပရိသတ္ႀကီးလည္း သာဓုေခၚဆိုနိုင္ေစဖို႔ အလႉပုံရိပ္ေလးေတြကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္ေနာ္ ။Swelsone News


-----------------------------------------------------------------------

ကိုဗစိကာလကြောင့် ခက်ခဲနေကြတဲ့သူတွေအတွက် တတ်နိုင်သူတွေက လှူဒါန်းမှုတွေပြုလုပ်ပေး ပြီး အချင်းချင်းရိုင်းပင်းကူညီနေကြတဲ့ အချိန်မှာ အနုပညာရှင် မင်းသားမင်းသမီးတွေ တော်တော်များများက လည်း တတ်နိုင်သမျှလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ် ။

ပရိသတ်အချစ်တော် လွင်မိုးကလည်း ရပ်ကွက်အတွင်း Mask တွေနဲ့ Spray ပိုးသတ်ဆေးတွေ လှူဒါန်းခဲ့သလို We love yangon နဲ့.ကိုဗစ်ကာ ကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုရန် အတွက်လည်းလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။


လွင်မိုးဟာ အလှူရေစက်လက်နဲ့မကွာဆိုသလို အမြဲလှူဒါန်းမှုတွေ ပြုလုပ်တတ်ပေမယ့် ကိုဗစ်ကာလမှာတော့ ပိုပြီး လှူဒါန်း ပေးကမ်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကိုတွေ့ရပါတယ် ။


လတ်တလောမှာလည်း နှစ်စဉ်အလှုလုပ်နေကျ မိသားစုအလှူလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။ ကမ္ဘာအေး..မဟာဂန္ဓာရုံ..စာသင်တိုက်အတွက် ဆီ (၅၀) ပိဿာ ၊ ငပိ (၅) ပိဿာ ၊ ငါးရံ့ခြောက် ဖုတ်ပြီးသား (၂) ပိဿာ တို့ကိုလှူဒါန်းခဲ့တာဖြစ်ပြီး အလှူပုံရိပ်တွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။


ပရိသတ်တွေကလည်း လွင်မိုးရဲ့ အခုလို လှူဒါန်းမှုလေးကို သာဓုတွေခေါ်ဆိုခဲ့ကြပြီး ဒီထက်မက လှူနိုင်တန်းနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတွေ တောင်းပေးထားကြတာတွေ့ရပါတယ် ။ လွင်မိုးကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်စေဖို့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Swelsone News

Post a Comment

Previous Post Next Post