ေဆးကုသမႈခံယူေနေသာ ကိုဗစ္လူနာတစ္ဦး၏ ဖုန္းကိုခိုးယူကာေရာင္းစားခဲ့သူတစ္ဦးကို ဖမ္းဆီး၍ Q စင္တာသို႔

ပို႔ေဆာင္ထိန္းသိမ္းအေရးယူလိုက္သည့္ျဖစ္စဥ္ ေကာလင္းၿမိဳ႕၌ ျဖစ္ပြားေၾကာင္း သတင္းရရွိပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ေကာလင္းၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း အုပ္ခ်ဳပ္ေရးမႉးမ်ားပါဝင္သည့္ အသိသက္ေသပူးေပါင္းအဖြဲ႕တို႔က

စက္တင္ဘာ ၂၅ ရက္၌ နယ္ေျမလုံၿခဳံေရးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္လ်က္ရွိေနရာ ေန႔ခင္းအခ်ိန္တြင္


ဖုန္းေရာင္း/ဝယ္ဆိုင္မ်ားသို႔ လူတစ္ဦးက ဆမ္ေဆာင္းတက္ဘလက္ ဖုန္းကို လိုက္လံေရာင္းခ်ေနေၾကာင္း သတင္းေပးခ်က္ရရွိခဲ့ၾကပါတယ္။


ယင္းအတြက္ေၾကာင့္ ပူးေပါင္းအဖြဲ႕က အဆိုပါဖုန္းေရာင္းခ်သူကိုစုံစမ္းခဲ့ရာ ေကာလင္းၿမိဳ႕၊ ေ႐ႊမင္းဝံလမ္းမႀကီး၊ ကေမာၻဇဘဏ္(၂)ေရွ႕အေရာက္၌

ေတာင္ယာႀကီးေတာေက်း႐ြာေန ဆန္းဝင္းကို(ခ)မင္းသား (၂၃) ႏွစ္ ဆိုသူသည္ ဆိုင္ကယ္စီးလာကာ စစ္ေဆးမႈမခံဘဲ ေမာင္းႏွင္ထြက္ေျပးခဲ့သျဖင့္ လိုက္လံဖမ္းဆီးခဲ့ၾကပါတယ္။


၎ကို ဝန္းသိုၿမိဳ႕နယ္၊ ပိန္းနဲကုန္းေက်း႐ြာေရာက္ရွိစဥ္တြင္ ဖမ္းဆီးရမိခဲ့ရာ လြယ္အိတ္အတြင္း၌ အလ်ား ၁၀ လက္မ၊ အနံ ၆ လက္မရွိ ဆမ္ေဆာင္း တက္ဘလက္ ဖုန္းေတြ႕ရွိရသျဖင့္

ေမးျမန္းရာ ေကာလင္းၿမိဳ႕ေဆး႐ုံအတြင္း ခိုးယူလာေသာ ဖုန္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

“Positive လူနာဆီကေန ခိုးယူလာတဲ့ဖုန္းျဖစ္ေနတဲ့အတြက္ သူ႔ကို စာသင္ေက်ာင္း Q စင္တာမွာေစာင့္ၾကည့္လူနာအျဖစ္ထားရွိတယ္။


ဖုန္းေတြကို လိုက္လံေရာင္းခ်ေနတဲ့ ကြင္းဆက္အကုန္လုံး ကိုလည္း Q စင္တာကို ပို႔ေဆာင္ေပးထားတယ္။


သူ႔(ဆန္းဝင္းကို)ကို သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈပုဒ္မအျပင္ ခိုးမႈတို႔နဲ႔ အေရးယူသြားမွာပါ” ဟု ေကာလင္းၿမိဳ႕နယ္တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။


ဖမ္းဆီးရမိေသာ ဆန္းဝင္းကို(ခ)မင္းသား(၂၃)ႏွစ္သည္ ေရွာက္မီ ဖုန္းတစ္လုံးကို လည္း ေကာလင္းၿမိဳ႕၊ ၿမိဳ႕ကုန္းၿမိဳ႕မရပ္ကြက္ရွိ ဖုန္းဆိုင္၌

က်ပ္ ၁၃၀၀၀ ျဖင့္ေရာင္းခ်ထားၿပီးေၾကာင္းလည္း သိရွိရသျဖင့္ ယင္းဖုန္းကိုျပန္လည္ရယူကာ ေနာက္ဆက္တြဲကြင္းဆက္အားလုံးကို Q ဝင္ေစလ်က္ရွိေၾကာင္း သိရသည္။


လက္ရွိတြင္ ျပစ္မႈက်ဴးလြန္ေသာ ဆန္းဝင္းကို(ခ)မင္းသား(၂၃)ႏွစ္ကို ေကာလင္းၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ – ၃၈၀/၅၄ အျပင္


သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈပုဒ္မ – ၂၅ ျဖင့္လည္း အမႈဖြင့္ရန္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိပါတယ္။

------------------------------------------------------------------

ဆေးကုသမှုခံယူနေသော ကိုဗစ်လူနာတစ်ဦး၏ ဖုန်းကိုခိုးယူကာရောင်းစားခဲ့သူတစ်ဦးကို ဖမ်းဆီး၍ Q စင်တာသို့


ပို့ဆောင်ထိန်းသိမ်းအရေးယူလိုက်သည့်ဖြစ်စဉ် ကောလင်းမြို့၌ ဖြစ်ပွားကြောင်း သတင်းရရှိပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း အုပ်ချုပ်ရေးမှူးများပါဝင်သည့် အသိသက်သေပူးပေါင်းအဖွဲ့တို့က


စက်တင်ဘာ ၂၅ ရက်၌ နယ်မြေလုံခြုံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိနေရာ နေ့ခင်းအချိန်တွင်


ဖုန်းရောင်း/ဝယ်ဆိုင်များသို့ လူတစ်ဦးက ဆမ်ဆောင်းတက်ဘလက် ဖုန်းကို လိုက်လံရောင်းချနေကြောင်း သတင်းပေးချက်ရရှိခဲ့ကြပါတယ်။


ယင်းအတွက်ကြောင့် ပူးပေါင်းအဖွဲ့က အဆိုပါဖုန်းရောင်းချသူကိုစုံစမ်းခဲ့ရာ ကောလင်းမြို့၊ ရွှေမင်းဝံလမ်းမကြီး၊ ကမ္ဘောဇဘဏ်(၂)ရှေ့အရောက်၌

တောင်ယာကြီးတောကျေးရွာနေ ဆန်းဝင်းကို(ခ)မင်းသား (၂၃) နှစ် ဆိုသူသည် ဆိုင်ကယ်စီးလာကာ စစ်ဆေးမှုမခံဘဲ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြပါတယ်။


၎င်းကို ဝန်းသိုမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာရောက်ရှိစဉ်တွင် ဖမ်းဆီးရမိခဲ့ရာ လွယ်အိတ်အတွင်း၌ အလျား ၁၀ လက်မ၊ အနံ ၆ လက်မရှိ ဆမ်ဆောင်း တက်ဘလက် ဖုန်းတွေ့ရှိရသဖြင့်


မေးမြန်းရာ ကောလင်းမြို့ဆေးရုံအတွင်း ခိုးယူလာသော ဖုန်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။


“Positive လူနာဆီကနေ ခိုးယူလာတဲ့ဖုန်းဖြစ်နေတဲ့အတွက် သူ့ကို စာသင်ကျောင်း Q စင်တာမှာစောင့်ကြည့်လူနာအဖြစ်ထားရှိတယ်။


ဖုန်းတွေကို လိုက်လံရောင်းချနေတဲ့ ကွင်းဆက်အကုန်လုံး ကိုလည်း Q စင်တာကို ပို့ဆောင်ပေးထားတယ်။


သူ့(ဆန်းဝင်းကို)ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မအပြင် ခိုးမှုတို့နဲ့ အရေးယူသွားမှာပါ” ဟု ကောလင်းမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


ဖမ်းဆီးရမိသော ဆန်းဝင်းကို(ခ)မင်းသား(၂၃)နှစ်သည် ရှောက်မီ ဖုန်းတစ်လုံးကို လည်း ကောလင်းမြို့၊ မြို့ကုန်းမြို့မရပ်ကွက်ရှိ ဖုန်းဆိုင်၌


ကျပ် ၁၃၀၀၀ ဖြင့်ရောင်းချထားပြီးကြောင်းလည်း သိရှိရသဖြင့် ယင်းဖုန်းကိုပြန်လည်ရယူကာ နောက်ဆက်တွဲကွင်းဆက်အားလုံးကို Q ဝင်စေလျက်ရှိကြောင်း သိရသည်။


လက်ရှိတွင် ပြစ်မှုကျူးလွန်သော ဆန်းဝင်းကို(ခ)မင်းသား(၂၃)နှစ်ကို ကောလင်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ – ၃၈၀/၅၄ အပြင်


သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မ – ၂၅ ဖြင့်လည်း အမှုဖွင့်ရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Post a Comment

Previous Post Next Post