(Unicode)

ရန်ကုန်တိုင်းဒေသကြီး အတွင်း ညမထွက်ရ အမိန့်အား ဖောက်ဖျက် ကျူးလွန်သူ ၆၄၇ ဦးကို အရေးယူထားတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က ဒီကနေ့ မနက် သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်တိုင်းမှာ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ အမျိုးသား ၆၁၈ ဦးနဲ့ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၆၄၇ ဦး၊ မော်တော်ယာဉ် ၁၁၁ စီးနဲ့ ဆိုင်ကယ် ၁၈ စီတို့ကိုလည်း ရာဇ သတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။



ရန်ကုန်က ပြည်သူအများ စု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း လိုက်နာမှု အားနည်း လာတဲ့ အကြောင်းနဲ့ ကန့်သတ်ထားတဲ့ကြားက ဖွင့်လှစ်နေ တဲ့ Night Club တွေကို ထိထိရောက်ရောက် အရေးယူ ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မနေ့က အွန်လိုင်းကကျင်းပ တဲ့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတွေ့ရှိထားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၀၅၈ ဦးထဲမှာ ရန်ကုန် က ၄၄၃ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ခဲ့တဲ့ လူနာ သစ် ၆၃ ဦးထဲမှာလည်း ရန်ကုန်တိုင်း က ၃၆ ဦးပါဝင်ပါတယ်။

Credit:DVB

(Zawgyi)


ရန္ကုန္တိုင္းေဒသႀကီး အတြင္း ညမထြက္ရ အမိန႔္အား ေဖာက္ဖ်က္ က်ဴးလြန္သူ ၆၄၇ ဦးကို အေရးယူထားတယ္လို႔ ရန္ကုန္ရဲတပ္ဖြဲ႕က ဒီကေန႔ မနက္ သတင္း ထုတ္ျပန္ပါတယ္။

စက္တင္ဘာ ၂ ရက္ေန႔က ရန္ကုန္တိုင္းမွာ ညမထြက္ရအမိန႔္ ေဖာက္ဖ်က္က်ဴးလြန္သူ အမ်ိဳးသား ၆၁၈ ဦးနဲ႔ အမ်ိဳးသမီး ၂၉ ဦး စုစုေပါင္း ၆၄၇ ဦး၊ ေမာ္ေတာ္ယာဥ္ ၁၁၁ စီးနဲ႔ ဆိုင္ကယ္ ၁၈ စီတို႔ကိုလည္း ရာဇ သတ္ႀကီးဥပေဒပုဒ္မ ၁၈၈ နဲ႔ အေရးယူခဲ့တယ္လို႔ ဆိုပါတယ္။



ရန္ကုန္က ျပည္သူအမ်ား စု ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေရး စည္းကမ္း လိုက္နာမႈ အားနည္း လာတဲ့ အေၾကာင္းနဲ႔ ကန႔္သတ္ထားတဲ့ၾကားက ဖြင့္လွစ္ေန တဲ့ Night Club ေတြကို ထိထိေရာက္ေရာက္ အေရးယူ ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က မေန႔က အြန္လိုင္းကက်င္းပ တဲ့ ေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာေတြ႕ရွိထားတဲ့ ကိုဗစ္-၁၉ အတည္ျပဳလူနာေပါင္း ၁၀၅၈ ဦးထဲမွာ ရန္ကုန္ က ၄၄၃ ဦးနဲ႔ ဒုတိယအမ်ားဆုံးျဖစ္ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ဒီေန႔မနက္ ၈ နာရီ ထုတ္ျပန္ခဲ့တဲ့ လူနာ သစ္ ၆၃ ဦးထဲမွာလည္း ရန္ကုန္တိုင္း က ၃၆ ဦးပါဝင္ပါတယ္။

Credit:DVB

Post a Comment

Previous Post Next Post