(Zawgyi)








Eaim Hmue


(Unicode)


ကိုဗစ်ကြောင့် ညက အသက်ရှု ကျပ်မောပန်း လာလို့ ဖုန်းတွေကို ဖြေကြားခြင်း ပြန်ပြောခြင်း မလုပ်နိုင် တာကို ခွင့်လွတ် ပေးကြပါနော် အခုက သက်သာပါတယ်။ ရောဂါ လက္ခဏာကိုက အကောင်းတိုင်း ပြန်မဖြစ် နိုင်သေးတော့ သက်သာလိုက် ပြန်ထလိုက်နဲ့ ရောဂါ ကို ရင် ဆိုင်အံတုနေပါတယ်။ ညက ICU အပို့ခံရတဲ့ လူနာတွေ လဲ မနည်းဘူး မ နေ့က ကောင်းနေ တဲ့ လူတွေ ယောကျားရင့်မာ ကြီး တွေတောင် ချက်ခြင်း အမောထ ဖောက်လာတာ မျိုးတွေကလဲ ရှိနေတယ်။ မျက်စိတွေ ဝါလာတယ် လည်ပင်းတွေ ပြန်ယား ချောင်းတွေ ဆိုးကြ ကောင်းသွားတဲ့ လူတွေလဲ ရှိပါတယ်။

ဒါပေမဲ့ ဒီရောဂါကို ပါရာစီတမော့ သောက်ပါ ပျောက်တယ် ပြောတဲ့လူတွေ ကိုပြောချင်တယ်။ ဒီရောဂါ ဖြစ်တာငြိမ်ပီး အိမ်မှာ ပါရာသောက် ပီး နေနေတယ် ဆိုရင်တော့ ဘယ်နေ့ အမောဖောက် မလဲ အိမ်မှာအရံသင့် အောက်စီဂျင် စက်ရှိလား သွေးတွင်းအောက်စီဂျင် တိုင်းတာတဲ့ စက် အိမ်မှာ ရှိလား ၈ ရက်နေ့ညက ထိုင်နေရင်း ကိုမောတယ် အိပ်တော့လဲ ပိုအသက်ရှု ကျပိတယ်။ တစ်ညလုံး ခေါင်းအုံးကို ခေါက်ပီး ငုတ်တုတ် အိပ်ခဲ့ရတယ် မနက် ဆရာဝန်တွေ ကိုရောဂါ အခြေနေပြော တ ယ်။ ၉ ရက်နေ့ မနက် အဖျားတိုင်းတယ် အဖျားကမရှိ ညက အိပ် မရတော့ သွေးပေါင် ကြတယ် ။

သွေးတွင်း အောက်စီဂျင် နည်းနေတာ နေ့လည်ကြ တော့ ECG ဆွဲတယ်။ ဗိုက်ကို ဆေးတလုံး ထိုးတယ် ညကြတော့ စောစောအိပ် သွားတယ်။10 ရက်နေ့ ကြတော့ ဓာတ်မှန် ထပ်ရိုက်တယ် ညာဘက်လက်ကသွေးထုတ်တယ် ခါးထောက်ပေးထားရပီး လက်မောင်းကို ဆေးတလုံး ထိုး ပေးတယ် ဆေးက ချေလို့မရဘူး လက်မောင်းတခုလုံး တင်းပီး နာနေတယ် ဒါတောင် ည မှာ ထပ်ပီး မောဟိုက်လာတယ် ဆရာဝန်တွေ ပေးတဲ့ဆေးသောက်အိပ်ရတယ် ကို့အိမ်မှာကို သူများပြောတဲ့ အတိုင်း ပါရာသောက် နေရင် သက်သာပါ့မလား အခုလို တွေရော ကုသမှူ လုပ်လို့ရပါ့မလား။ ကိုဗစ် ဖြစ်လာရင် မပြနဲ့ အိမ်မှာပဲကု ဆိုတဲ့လူတွေ ဆေးရုံက ပါရာပဲ တိုက်တယ် ပြောတော့။

ပြောပြချင်တာက ဖျာနာ ချောင်းဆိုး အနံ့ပျောက် ကိုဗစ်ရောဂါ သည်နဲ့ ပိုးတွေ့လူနာနဲ့ ထိပီး ကိုဗစ် ပိုးတွေ့ လို့ဆေးရုံ ရောက်လာတဲ့ လူ နာက အရမ်းကွာတယ် မနေ့ကဆေးရုံမှာ ယောက်ျားတဦး လူငယ်ပါပဲ သူကပိုးရှိသူနဲ့ ထိတွေ့မှုရှိလို့ စစ်တာ သူက ပိုးတွေ့တယ် ဒါပေမဲ့ သူ့မှာ ဘာလက္ခဏာမှ မပြဘူး။ ဒါကို သူကဆေးရုံကို ကျွန်တော့်ကို ဘာဆေးမှ မပေးဘူး ဘာညာဆိုပီး ဆရာမတွေကို ပြောဆိုနေတာ။ အဓိကက ဒါပဲ ပြောပြချင်တာ ကိုဗစ် ရောဂါအတွက်ဆိုပီး သီးသန့်ဆေး ရှာမတွေ့သေးဘူး အဲ့တော့ပိုးတွေ့ လူနာတွေကို ထပ်မကူး စက် အောင် ဒီလိုနေရာတွေမှာ ထိန်းချုပ်ထားတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အသက်ရှု ကျပ်မယ်။

မောဟိုက်လာမယ် ချောင်း ဆိုးမယ် စသဖြင့် ရောဂါတွေဖြစ် ပေါ်လာတဲ့အခါ တဦးတယောက် ခြင်းဖြစ်တာ တွေက မတူညီကြဘူးအဲ့ချိန်မှာ ဆရာဝန်တွေက လူနာဘယ်လိုခံစားရတယ် ဆိုတဲ့ အပေါ်မှာ လိုက်ပီး ဆေးကုသပေးသွားတာ ဒါကို ဘာလက္ခဏာမှ မပြဘဲ ဘယ်လိုကုရ မလဲ ပိုးသတ်တဲ့နည်းတွေ ဆားနဲ့အာခေါင်ပ လုတ်ကျင်း Vitacee တနေ့ ၂ လုံး သောက်ဒါပဲ လေ ဒါ့ကြောင့် အပြင်ကနေ မသိရင်ဘာမှ မ ပြောဘဲ နေကြပါ အထဲမှာ တကယိ့ကို ဖြစ်လို့ ပိုးကူးခံပီး ကုသပေးနေတဲ့ ဆရာဝန်ဆရာမ စေတနာ့ ဝန်ထမ်းတွေ ကိုအားနာလို့ပါ။

Eaim Hmue

Post a Comment

Previous Post Next Post