(Unicode)

ဖြူဖြူထွေး လေးကတော့ ဝေဖန်မှုတွေကို လျစ်လျူ ရှုပြီး သူမရဲ့ ပုံစံလေး အတိုင်းပဲ လုပ်စရာရှိ တာတွေကို ဆက်လက် လုပ်ကိုင် နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ချစ်စရာကောင်း ပြီး ဖြူစင်လွန်းတဲ့ ဖြူဖြူထွေးလေး ကို ဒီထက်မက ချစ်ခင်အားပေးကြပါဦးနော်။ ဖတ်ရှုပေး ကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

ရိုးသားဖြူစင်ပြီး ပွင့်လင်းလွန်း တဲ့ ဖြူဖြူထွေး ကတော့ သူမရဲ့ ဟန်ဆောင်မှုမရှိတဲ့ ပုံစံလေးကြောင့် လူကြီးလူငယ် ပရိသတ်တိုင်းရဲ့ အား ပေး မှုကို ခံရတဲ့သူလေး ဖြစ်ပါတယ်။ ဖြူဖြူထွေးက အွန်လိုင်း ဆယ်လီ တစ်ယောက် အဖြစ်နဲ့ နာမည် ကြီးလာခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင် ဇာတ်ကားကြီး တွေနဲ့ ကြော်ငြာတွေ ရိုက် ကူး နိုင်တဲ့ အထိ အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေတာပဲ ဖြစ်ပါတယ်။


အောင်မြင်မှုတွေ ရရှိလာသူပီပီ အဖက်ဖက်ကနေ ဝေဖန်ထိုးနှက် မှုတွေကို ခံရတဲ့သဘောအတိုင်း ဖြူဖြူထွေးကလည်း ပြီးခဲ့တဲ့ ရက်သတ္တ ပတ် အနည်းငယ်ကလူမှုကွန်ယက် စာမျက်နှာကနေ သွားပုပ် လေလွင့် ပြောဆိုခံခဲ့ ရတာတွေ ရှိခဲ့ပါတယ်။ ဖြူဖြူထွေး ကတော့ ဝေဖန်မှု တွေ များစွာ ခံခဲ့ရပေမယ့် သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေရဲ မေတ္တာနဲ့ အရင်အတိုင်း ပြန်လည် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးက သူမ အရင်တုန်းက ပုံစံအတိုင်း ဇာတ်ပို့ သရုပ်ဆောင် တွေနဲ့ ကြော်ငြာရိုက်ပြီး ဇာတ်ပို့ သရုပ်ဆောင်တွေကို ပြန်လည်ကန် တော့ရ တာကြောင့် “ပီတိကတော့ ပါးစပ် နားတပ်ချိတ်တော့မယ်” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ်။

Source: Phyu Phyu Htwe’s fb

(Zawgyi)









Post a Comment

Previous Post Next Post