မထြက္ပါနဲ႔ သားရယ္


အေမ …..သား ပစၥည္းေလးပါးမျပည့္စုံဘူးအေမသာသနာ့ဝန္ထမ္းရတာ ပင္ပမ္းလို႔လူထြက္ပါရေစေနာ္ အေမ


သား – – — -ဆြမ္းကြမ္းမျပည့္စုံလို႔ ဟုတ္လား သား….သားကို ဟိုးတုန္းကဆရာေတာ္ႀကီး ေတြအေၾကာင္းေျပာျပမယ္ သား…..


အခု သားတို႔ ငယ္လတ္ႀကီး စာေပေတြသင္ေနတာ မဟာဂႏၶာ႐ုံဆရာေတာ္ဘုရားႀကီး ေရးသားျပဳစုခဲ့တဲ့ စာေတြမဟုတ္လား…..


အဲဒီဆရာေတာ္ဘုရားႀကီးဟာ ဒုတိယကမာၻစစ္အတြင္းက စစ္ျဖစ္ ကပ္ဆိုက္ေနတဲ့အခ်ိန္မွာ တႏိုင္ငံလုံးကိုယ္ေတာ္ေတြ အေတာ္မ်ားမ်ား လူထြက္ၾကတယ္ ဒါေပမဲ့ သူဟာ အသက္သာေသရင္ေသပါေစ ယုတ္ညံ့တဲ့အဝတ္နဲ႔မလဲဘူးဆိုတဲ့ သံဓိ႒ာန္ခ်ၿပီးလူမထြက္ခဲ့ဘူးသား


သကၤန္းလႉမဲ့လူမရွိလို႔ ႏွစ္ထပ္သကၤန္းႀကီးကိုတစ္ျခမ္းခြဲၿပီး ဆြမ္းနဲ႔လဲစားခဲ့ရတယ္


ဖိနပ္လႉမဲ့သူမရွိလို႔ ေပါက္ေနတဲ့ဖိနပ္ကိုဖာၿပီးစီးရတယ္


အခ်ိဳပြဲဆိုတာ ဘာမွန္းမသိခဲ့ဘူး လက္ဘက္ေျခာက္ျပဳတ္ဖတ္ေတြကို သုတ္စားခဲ့ရသတဲ့ …


လယ္သမားတစ္ေယာက္လႉတဲ့ဘဲဥဆြမ္းဟာ အေကာင္းဆုံးဆြမ္းဆိုၿပီး မွတ္တမ္း တင္ထားခဲ့တယ္သားရဲ႕


သား ဆြမ္းကြမ္းပစၥည္းေလးပါး မျပည့္စုံဘူးဆိုတာ အဲဒီဆရာေတာ္ႀကီးေလာက္ဆိုးေနလို႔လား…..


ဗုံးႀကဲေလယာဥ္ေတြလာလို႔ စာမူေတြေပြ႕ပိုက္ၿပီး လႈိဏ္ေခါင္းေတြထဲ ဝင္ေျပးရတာ အႀကိမ္ေပါင္းမနည္းဘူးသားရဲ႕…..

အဲဒီလိုအသက္ေဘးၾကားထဲကေန သားတို႔အခုလို ပညာေတြသင္ႏိုင္ေအာင္ က်မ္းေပါင္းေျမာက္မ်ားစြာကို ေရးသားေပးခဲ့တာပါသားရယ္


ဆရာေတာ္ႀကီးအသက္နဲ႔ရင္းၿပီး ေရးခဲ့ရတဲ့က်မ္းေတြကို သားတို႔က လြယ္လင့္တကူ သင္ယူၾကရတာပါ အဲဒါကိုသားတို႔က ပစၥည္းေလးပါးမျပည္စုံယုံနဲ႔ လူထြက္မယ္ဆိုေတာ့ မရွက္ဘူးလားသားရယ္…..


မိုးကုတ္ဆရာေတာ္ဘုရားႀကီးဟာလည္းစစ္ေဘးစစ္ဒဏ္ေတြၾကားထဲကပဲ စာေတြခ် က်မ္းေတြျပဳစုၿပီး အရဟတၱဖိုလ္ကို အရယူသြားခဲ့တာပါ …….


လယ္တီဆရာေတာ္ဘုရားႀကီးတို႔ဆိုရင္စာဖတ္စရာလွ်ပ္စစ္မီး မရွိခဲ့ပါဘူးေလးေထာင့္သံဗုံးႀကီးကို မီးစာတပ္ၿပီး စာဖတ္ခဲ့တာပါ


သကၤန္းက ဂ်ပိုးေတြ စြဲေနတာေတာင္ သူတို႔ရွိလို႔ တရားအားထုတ္လို႔ရတာဆိုၿပီး ဒီအတိုင္းပဲ ထားခဲ့တာ သားရဲ႕


အုန္းသီးကို ေခါင္းအုံးၿပီး အိပ္ခဲ့တယ္ ျပဳတ္က်လိုက္ တရားထထိုင္လိုက္ ျပဳတ္က်လိုက္ တရားထထိုင္လိုက္နဲ႔ေပါ့ သားရယ္


အဲဒီၾကားထဲကပဲ လယ္တီဒီပနီေပါင္းေျမာက္မ်ားစြာ ျပဳစုႏိုင္ခဲ့တယ္ေလ


အဲဒီၾကားထဲကေနပဲ အရိယာစခန္းကိုတက္လွမ္းႏိုင္ခဲ့တာ သားရဲ႕သားရယ္ သီဟိုဠ္ ေခတ္ကရဟန္းေတြဆိုရင္ အစာေရစာ ရွားပါးတဲ့ ကပ္ႀကီးနဲ႔ႀကဳံခဲ့ရတာပါ ဆြမ္းလႉ မဲ့သူမရွိလို႔ ရထားတဲ့စာေတြ မေမ့ေအာင္လို႔ပူေနတဲ့ဝမ္းကိုေအးေအာင္ဆိုၿပီး သဲအစိုေတြကို ဝမ္းဗိုက္ေပၚမွာ တင္ၿပီး စာေတြ ေလ့က်က္ထိမ္းသိမ္းခဲ့ရတာတဲ့ သားရဲ႕


သား အခု မျပည့္စုံဘူးဆိုတာအဲဒီဆရာေတာ္ႀကီးေတြေလာက္ ဆိုးေနလို႔လား…သာသနာျပဳေနလွ်က္တဲ့လူေတြကဲ့ရဲ႕ ေဝဖန္ခံေနရတာကို ခံစားေနရလို႔ ဝမ္းနည္းေနတာလား

သားရယ္…..ဘုရားရွင္ဟာ အဆဲခံရဘူးတယ္ တံေတြးနဲ႔အေထြးခံရဘူးတယ္ တစ္ဝါတြင္းလုံးဆြမ္းမရလို႔…မုေယာဆြမ္းဆိုတဲ့ ဂ်ဳံဆြမ္းနဲ႔ပဲ ဘုန္းေပးခဲ့ရဘူးတယ္


အေလာင္းကအဝတ္ကိုခြါၿပီး သကၤန္း႐ုံခဲ့ရဘူးတယ္ …အသက္ကို ရန္ရွာခံရဘူးတယ္…


ကဲ ဘုရားရွင္ေတာင္မလြတ္တဲ့ အဆိုးေလာကဓံကို သားက ေၾကာက္ေနလို႔လား


သား ရဟန္းဝတ္နဲ႔ေနသမွ်ကာလပတ္လုံးအေမ ဂုဏ္ရွိေနပါတယ္သားရယ္….သားကို အေမရွိခိုးေနရတာကိုပဲ အေမ ေက်နပ္ေနတာပါ ဘုရားရွင္ေတာင္ ပါရမီျဖည့္ရာကာလေတြမွာ ရဟန္းဘဝကို ကိုးႀကိမ္ပဲရခဲ့တာပါ


သားအခု ရဟန္းဘဝကို ရ ေနတာဟာ ဘယ္ေလာက္ထိကံေကာင္းလည္းေတြးၾကည့္ေပါ့ သားရယ္…..


ငါ့သားရဟန္းရွိတယ္ဆိုတဲ့ ဂုဏ္ေက်းဇူးနဲအေမရပ္တည္ေနတာပါ အေမဘယ္ေလာက္ပဲပင္ပမ္းပါေစ ၾကမ္းတမ္းပါေစ သားကိုရဟန္းဝတ္နဲ႔ေတြ႕ေနသမွ် အေမ ေက်နပ္ေနမွာပါ


သားလူထြက္သြားရင္ အေမ ဘယ္လိုမ်က္ႏွာနဲ႔လူေတြကို ျပရမလဲသားရယ္


အေမ့မွာ ရွိသမွ် သားကို လႉတန္းေနမွာပါ


အေမမစားရခ်င္ေနပါေစ သားကို လႉမွာပါ


အေမ ရွာသမွ် သားအတြက္ပါ


တစ္ခုပဲ ေတာင္းဆိုခ်င္တာပါ


ဆရာေတာ္ဘုရားႀကီးေတြရဲ႕ ဇြဲ သတၱိမ်ိဳးနဲ႔သာသနာျပဳပါသားရယ္


အေမ့ကို ရွိခိုးတာ အေမမၾကည္ပါရေစနဲ႔…အေမကပဲ သားကိုရွိခိုးပါရေစေနာ


လူ မထြက္ပါနဲ႔သားရယ္…


သာသနာေတာ္ႀကီးဟာအသက္ငင္ေနလို႔ပါ…..


ဘုရားရွင္ သာသနာေတာ္ကို အသက္နဲ႔လဲၿပီး ေစာင့္ထိမ္းေနတဲ့သားရဟန္းရဲ႕ မယ္ေတာ္ပဲျဖစ္ပါရေစ သားရယ္…..

ဦးျမင့္ခိုင္ 

--------------------------------------------------

မထွက်ပါနဲ့ သားရယ်


အမေ …..သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေသာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့လူထွက်ပါရစေနော် အမေ


သား – – — -ဆွမ်းကွမ်းမပြည့်စုံလို့ ဟုတ်လား သား….သားကို ဟိုးတုန်းကဆရာတော်ကြီး တွေအကြောင်းပြောပြမယ် သား…..


အခု သားတို့ ငယ်လတ်ကြီး စာပေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား…..


အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ တနိုင်ငံလုံးကိုယ်တော်တွေ အတော်များများ လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချပြီးလူမထွက်ခဲ့ဘူးသား


သင်္ကန်းလှူမဲ့လူမရှိလို့ နှစ်ထပ်သင်္ကန်းကြီးကိုတစ်ခြမ်းခွဲပြီး ဆွမ်းနဲ့လဲစားခဲ့ရတယ်


ဖိနပ်လှူမဲ့သူမရှိလို့ ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ်


အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့ …


လယ်သမားတစ်ယောက်လှူတဲ့ဘဲဥဆွမ်းဟာ အကောင်းဆုံးဆွမ်းဆိုပြီး မှတ်တမ်း တင်ထားခဲ့တယ်သားရဲ့


သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက်ဆိုးနေလို့လား…..


ဗုံးကြဲလေယာဉ်တွေလာလို့ စာမူတွေပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့…..


အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့အခုလို ပညာတွေသင်နိုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ်


ဆရာတော်ကြီးအသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကိုသားတို့က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ်…..


မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်းစစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ …….


လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင်စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူးလေးထောင့်သံဗုံးကြီးကို မီးစာတပ်ပြီး စာဖတ်ခဲ့တာပါ


သင်္ကန်းက ဂျပိုးတွေ စွဲနေတာတောင် သူတို့ရှိလို့ တရားအားထုတ်လို့ရတာဆိုပြီး ဒီအတိုင်းပဲ ထားခဲ့တာ သားရဲ့


အုန်းသီးကို ခေါင်းအုံးပြီး အိပ်ခဲ့တယ် ပြုတ်ကျလိုက် တရားထထိုင်လိုက် ပြုတ်ကျလိုက် တရားထထိုင်လိုက်နဲ့ပေါ့ သားရယ်


အဲဒီကြားထဲကပဲ လယ်တီဒီပနီပေါင်းမြောက်များစွာ ပြုစုနိုင်ခဲ့တယ်လေ


အဲဒီကြားထဲကနေပဲ အရိယာစခန်းကိုတက်လှမ်းနိုင်ခဲ့တာ သားရဲ့သားရယ် သီဟိုဠ် ခေတ်ကရဟန်းတွေဆိုရင် အစာရေစာ ရှားပါးတဲ့ ကပ်ကြီးနဲ့ကြုံခဲ့ရတာပါ ဆွမ်းလှူ မဲ့သူမရှိလို့ ရထားတဲ့စာတွေ မမေ့အောင်လို့ပူနေတဲ့ဝမ်းကိုအေးအောင်ဆိုပြီး သဲအစိုတွေကို ဝမ်းဗိုက်ပေါ်မှာ တင်ပြီး စာတွေ လေ့ကျက်ထိမ်းသိမ်းခဲ့ရတာတဲ့ သားရဲ့


သား အခု မပြည့်စုံဘူးဆိုတာအဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား…သာသနာပြုနေလျှက်တဲ့လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့ ဝမ်းနည်းနေတာလား။


သားရယ်…..ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့အထွေးခံရဘူးတယ် တစ်ဝါတွင်းလုံးဆွမ်းမရလို့…မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဘူးတယ်


အလောင်းကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ် …အသက်ကို ရန်ရှာခံရဘူးတယ်…


ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား


သား ရဟန်းဝတ်နဲ့နေသမျှကာလပတ်လုံးအမေ ဂုဏ်ရှိနေပါတယ်သားရယ်….သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ


သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်းတွေးကြည့်ပေါ့ သားရယ်…..


ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲအမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့တွေ့နေသမျှ အမေ ကျေနပ်နေမှာပါ


သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့လူတွေကို ပြရမလဲသားရယ်


အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ


အမေမစားရချင်နေပါစေ သားကို လှူမှာပါ


အမေ ရှာသမျှ သားအတွက်ပါ


တစ်ခုပဲ တောင်းဆိုချင်တာပါ


ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့သာသနာပြုပါသားရယ်


အမေ့ကို ရှိခိုးတာ အမေမကြည်ပါရစေနဲ့…အမေကပဲ သားကိုရှိခိုးပါရစေနော


လူ မထွက်ပါနဲ့သားရယ်…


သာသနာတော်ကြီးဟာအသက်ငင်နေလို့ပါ…..


ဘုရားရှင် သာသနာတော်ကို အသက်နဲ့လဲပြီး စောင့်ထိမ်းနေတဲ့သားရဟန်းရဲ့ မယ်တော်ပဲဖြစ်ပါရစေ သားရယ်…..


ဦးမြင့်ခိုင် 

Post a Comment

Previous Post Next Post