(Unicode)

ပရိသတ်ကြီးရေ.. ဒီနေ့ စက်တင်ဘာလ(၉)ရက်နေ့လေးကတော့ မြန်မာနိုင်ငံမှာဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ မင်းသားနေတိုးရဲ့ အသက်(၃၉) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ နေတိုးကတော့ ရခိုင်တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် တောထူကျေးရွာမှာ မွေးဖွားခဲ့တာပါ။ မောင်နှမလေးယောက်ထဲမှာ ဒုတိယမြောက်သားဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာအဓိကနဲ့ ဘွဲ့ရရှိထားပါတယ်။



(၁၉၉၉) ခုနှစ်မှာ ရန်ကုန်ကိုပြောင်းလာခဲ့ပြီး အနုပညာလောကထဲဝင်ရောက်ဖို့ မော်ဒယ်လ်သင်တန်းနဲ့ အဆိုသင်တန်းတွေတက်ခဲ့ပါတယ်။ (၂၀၀၀) ခုနှစ်မှာ သီချင်းအယ်ဘမ်လ်တစ်ခုထွက်ခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သီချင်းဗွီဒီယိုတွေမှာ စတင်သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ပထမဆုံးဗွီဒီယိုကို (၂၀၀၁)ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်မှာ မိုးညအိပ်မက်မြူ ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး (၂၀၁၅) ခုနှစ်မှာ နက္ခတ်မှားတဲ့တိုက်ပွဲရုပ်ရှင်ဇာတ်ကား၊ (၂၀၁၇) ခုနှစ်မှာ တာတေကြီးဇာတ်ကားနဲ့ ရုပ်ရှင်ထူးချွန်ဆုတွေ ထပ်မံရရှိခဲ့ပါတယ်။



ဒါ့အပြင် (၂၀၁၈) ခုနှစ်မှာ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားနဲ့ Star Awards ရရှိခဲ့ပြီး (၂၀၁၉)ခုနှစ်မှာ လရောင်ဖြာတဲ့အင်းလေးမှာ ဇာတ်ကားရဲ့ဇာတ်ဝင်တေးသီချင်းနဲ့ Shwe FM Music Awards၊ (၂၀၂၀)ခုနှစ်မှာ အနုပညာနယ်ပယ်အသီးသီးမှာ ထူးချွန်သူတစ်ယောက်မို့ Best Actor In Multiple Role အနေနဲ့ Myanmar Pride Awards ကို ရရှိခဲ့ပါတယ်။ နေတိုးကတော့ လက်ရှိအချိန်မှာ သရုပ်ဆောင်၊ အဆိုတော်၊ နှင်းဆီအငြိမ့်ရဲ့ ဟာသလူရွှင်တော်အနေနဲ့ အနုပညာအလုပ်တွေလုပ်နေရုံမက သူဝါသနာပါတဲ့ မိတ်ကပ်ပညာကိုလည်း လေ့လာသင်ယူနေသူပါ။



နေတိုးကတော့ အနေအထိုင်သိုဝှက်လွန်းသူတစ်ယောက်ဖြစ်သလို လက်ရှိအချိန်ထိ အချစ်ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ အနုပညာအလုပ်တွေကိုပဲ အချိန်ပေးပြီး ကြိုးစားလုပ်ကိုင်နေပါတယ်။ နှင်းဆီအဖွဲ့နဲ့အတူ ပရဟိတအလှူတွေလုပ်နိုင်ဖို့ ကြိုးစားနေရုံမက ကိုယ်တိုင်လည်း လူမှုအကျိုးပြုလုပ်ငန်းတွေမှာ တတ်နိုင်သမျှ လှူဒါန်းကူညီနေသူပါ ပရိသတ်ကြီးရေ.. ပြီးပြည့်စုံတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့မင်းသားချောနေတိုးရဲ့ဒီနေ့မှာ ကျရောက်တဲ့မွေးနေ့လေးအတွက် ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါဦးနော်။



Source – Nay Toe’s Wikipedia
Rainbow- Cele Gabar


(Zawgyi)


ပရိသတ္ႀကီးေရ.. ဒီေန႔ စက္တင္ဘာလ(၉)ရက္ေန႔ေလးကေတာ့ ျမန္မာႏိုင္ငံမွာဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြ သိမ္းပိုက္ထားတဲ့ မင္းသားေနတိုးရဲ႕ အသက္(၃၉) ႏွစ္ျပည့္ေမြးေန႔ေလးပဲျဖစ္ပါတယ္။ ေနတိုးကေတာ့ ရခိုင္တိုင္းရင္းသားတစ္ေယာက္ျဖစ္ၿပီး ရခိုင္ျပည္နယ္၊ မာန္ေအာင္ၿမိဳ႕နယ္ ေတာထူေက်း႐ြာမွာ ေမြးဖြားခဲ့တာပါ။ ေမာင္ႏွမေလးေယာက္ထဲမွာ ဒုတိယေျမာက္သားျဖစ္ၿပီး ရန္ကုန္တကၠသိုလ္ကေန သခ်ၤာအဓိကနဲ႔ ဘြဲ႕ရရွိထားပါတယ္။



(၁၉၉၉) ခုႏွစ္မွာ ရန္ကုန္ကိုေျပာင္းလာခဲ့ၿပီး အႏုပညာေလာကထဲဝင္ေရာက္ဖို႔ ေမာ္ဒယ္လ္သင္တန္းနဲ႔ အဆိုသင္တန္းေတြတက္ခဲ့ပါတယ္။ (၂၀၀၀) ခုႏွစ္မွာ သီခ်င္းအယ္ဘမ္လ္တစ္ခုထြက္ခဲ့ေပမယ့္ ေအာင္ျမင္မႈမရရွိခဲ့ပါဘူး။ ေနာက္ပိုင္းမွာေတာ့ သီခ်င္းဗြီဒီယိုေတြမွာ စတင္သ႐ုပ္ေဆာင္ခဲ့ၿပီး သူ႔ရဲ႕ပထမဆုံးဗြီဒီယိုကို (၂၀၀၁)ခုႏွစ္မွာ စတင္႐ိုက္ကူးခဲ့ပါတယ္။ (၂၀၁၁) ခုႏွစ္မွာ မိုးညအိပ္မက္ျမဴ ဇာတ္ကားနဲ႔ အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး (၂၀၁၅) ခုႏွစ္မွာ နကၡတ္မွားတဲ့တိုက္ပြဲ႐ုပ္ရွင္ဇာတ္ကား၊ (၂၀၁၇) ခုႏွစ္မွာ တာေတႀကီးဇာတ္ကားနဲ႔ ႐ုပ္ရွင္ထူးခြၽန္ဆုေတြ ထပ္မံရရွိခဲ့ပါတယ္။



ဒါ့အျပင္ (၂၀၁၈) ခုႏွစ္မွာ တိမ္တိုက္တံတား ႐ုပ္ရွင္ဇာတ္ကားနဲ႔ Star Awards ရရွိခဲ့ၿပီး (၂၀၁၉)ခုႏွစ္မွာ လေရာင္ျဖာတဲ့အင္းေလးမွာ ဇာတ္ကားရဲ႕ဇာတ္ဝင္ေတးသီခ်င္းနဲ႔ Shwe FM Music Awards၊ (၂၀၂၀)ခုႏွစ္မွာ အႏုပညာနယ္ပယ္အသီးသီးမွာ ထူးခြၽန္သူတစ္ေယာက္မို႔ Best Actor In Multiple Role အေနနဲ႔ Myanmar Pride Awards ကို ရရွိခဲ့ပါတယ္။ ေနတိုးကေတာ့ လက္ရွိအခ်ိန္မွာ သ႐ုပ္ေဆာင္၊ အဆိုေတာ္၊ ႏွင္းဆီအၿငိမ့္ရဲ႕ ဟာသလူ႐ႊင္ေတာ္အေနနဲ႔ အႏုပညာအလုပ္ေတြလုပ္ေန႐ုံမက သူဝါသနာပါတဲ့ မိတ္ကပ္ပညာကိုလည္း ေလ့လာသင္ယူေနသူပါ။



ေနတိုးကေတာ့ အေနအထိုင္သိုဝွက္လြန္းသူတစ္ေယာက္ျဖစ္သလို လက္ရွိအခ်ိန္ထိ အခ်စ္ကိစၥနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသးဘဲ အႏုပညာအလုပ္ေတြကိုပဲ အခ်ိန္ေပးၿပီး ႀကိဳးစားလုပ္ကိုင္ေနပါတယ္။ ႏွင္းဆီအဖြဲ႕နဲ႔အတူ ပရဟိတအလႉေတြလုပ္ႏိုင္ဖို႔ ႀကိဳးစားေန႐ုံမက ကိုယ္တိုင္လည္း လူမႈအက်ိဳးျပဳလုပ္ငန္းေတြမွာ တတ္ႏိုင္သမွ် လႉဒါန္းကူညီေနသူပါ ပရိသတ္ႀကီးေရ.. ၿပီးျပည့္စုံတဲ့အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားတဲ့မင္းသားေခ်ာေနတိုးရဲ႕ဒီေန႔မွာ က်ေရာက္တဲ့ေမြးေန႔ေလးအတြက္ ဆယ္လီကမာၻပရိသတ္ႀကီးလည္း ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါဦးေနာ္။



Source – Nay Toe’s Wikipedia
Rainbow- Cele Gabar

Post a Comment

Previous Post Next Post