(Unicode)


အဆိုတော်မလေး အေသင်ချိုဆွေကတော့ လက်ရှိမှာ သူမရဲ့ စိတ်အချမ်းသာဆုံးအချိန်ကို ပိုင်ဆိုင်နေတာဖြစ်ပြီး ချစ်တဲ့သူတွေ ကြားမှာ ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေသင်ချိုဆွေကို ဒီလိုလေးပဲ အမြဲတမ်းပျော်ရွှင်နေတာ မြင်ချင်ကြတာပဲ ဖြစ်ပါ တယ်။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အေသင်ချိုဆွေ ဟာ ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်ပတ်ဝန်းကျင် ကတည်းက ပရိသတ်တွေ ချစ်ခင် အားပေးရတဲ့ ဘက်စုံရ အနုပညာရှင် တစ် ယောက် ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာ ကောင်းတဲ့ သမီးလေး Ivy ကလည်း မေမေနဲ့တူပြီး လှပတဲ့ မျက်နှာလေး ရှိတာကြောင့် ပရိသတ် တွေက အသည်းတုန်အောင် ချစ်ရတဲ့ သူလေးပဲ ဖြစ်ပါတယ်။


အေသင်ချိုဆွေကတော့ သူမရဲ့ တစ်ဘဝလုံး ကို သူမရဲ့ သမီးလေး Ivy အတွက်သာ မြှုပ်နှံ ထားပြီး သမီးလေး စိတ်ချမ်းသာအောင် ဖန်တီး နေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အချစ်သစ်တွေ့နေပြီဖြစ်တဲ့ အေသင်ချိုဆွေ က သူမရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေသင်ချိုဆွေက သူမရဲ့ ဓာတ်ပုံလေးတွေကို မျှဝေပြီး “မျက်နှာပေးပဲ ကြည့် အရမ်း အဆင်ပြေတယ်။ စိတ်ချမ်းသာပြီး အပူအပင် ကင်းအောင် ထားလို့လေ။ ကျွန်မ ပိုလှလာတယ် ဆိုပါတော့” ဆိုပြီး သူမပိုလှလာတဲ့အကြောင်းလေးကို ပြောလာပါတယ်။

CRD: SHWE WIKI


(Zawgyi)








CRD: SHWE WIKI

Post a Comment

Previous Post Next Post