(Unicode)

ကိုဗစ်လူနာတစ်ဦး ထပ်မံသေဆုံး၊ ပိုးကူးစက်မှုများနေတဲ့ သင်္ဃန်းကျွန်းကဖြစ် စက်တင်ဘာ – ၆၊ ၂၀၂၀

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ ကုသမှု ခံယူနေတဲ့ အသက် ၄၆နှစ်အရွယ် လူနာ ဟာ မနေ့က မွန်းလွဲပိုင်း က ကွယ်လွန်သွားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။လူနာအမှတ် ၁၂၃၆ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တ ရက်အသက်ရှူလ မ်းကြောင်းပျက်စီးတာ ၊



နာတာရှည်ကျောက်ကပ်ပျက်စီးတာနဲ့ ဆီးချိုရောဂါ အခံ ရှိတာကြောင်ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က ဆိုထားပါတယ်။ပြည်တွင်းကူးစက်မှု ပြန်တွေ့ရပြီးတဲ့နောက် ရန်ကုန်တိုင်းမှာ သင်္ဃန်းကျွန်းဟာ ကိုဗစ်လူနာအတွေ့များ တဲ့မြို့နယ် ဖြစ်နေပါတယ်။



လူနာတစ်ဦးတည်းကပဲ လူ ၂၅ ယောက်ထိ ကူးစက်ခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုထားပါတယ်။ဒီနေ့ မနက် ကျန်းမာရေးဝန်ကြီးဌာနရဲ့စာရင်းအရလည်း သင်္ဃန်းကျွန်းက လူနာသစ် ၁၁ ဦးပါလာပြီး အဲဒီသူတွေဟာ Quarantine ဝင်နေရသူတွေလို့သိရပါတယ်။ဒီကနေ့မနက်အထိ မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့ရတဲ့ အတည်ပြု လူနာစုစုပေါင်းဟာ ၁၃၁၉ ဦးရှိခဲ့ပြီး သေဆုံးသူကတော့ ရှစ်ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


(Zawgyi)


ကိုဗစ္လူနာတစ္ဦး ထပ္မံေသဆုံး၊ ပိုးကူးစက္မႈမ်ားေနတဲ့ သဃၤန္းကြၽန္းကျဖစ္ စက္တင္ဘာ – ၆၊ ၂၀၂၀

သဃၤန္းကြၽန္းစံျပေဆး႐ုံႀကီးမွာ ကုသမႈ ခံယူေနတဲ့ အသက္ ၄၆ႏွစ္အ႐ြယ္ လူနာ ဟာ မေန႔က မြန္းလြဲပိုင္း က ကြယ္လြန္သြားတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။လူနာအမွတ္ ၁၂၃၆ ဟာ ျပင္းထန္အဆုတ္ေရာင္ေရာဂါ ေၾကာင့္ ႐ုတ္တ ရက္အသက္ရႉလ မ္းေၾကာင္းပ်က္စီးတာ ၊



နာတာရွည္ေက်ာက္ကပ္ပ်က္စီးတာနဲ႔ ဆီးခ်ိဳေရာဂါ အခံ ရွိတာေၾကာင္ျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန က ဆိုထားပါတယ္။ျပည္တြင္းကူးစက္မႈ ျပန္ေတြ႕ရၿပီးတဲ့ေနာက္ ရန္ကုန္တိုင္းမွာ သဃၤန္းကြၽန္းဟာ ကိုဗစ္လူနာအေတြ႕မ်ား တဲ့ၿမိဳ႕နယ္ ျဖစ္ေနပါတယ္။



လူနာတစ္ဦးတည္းကပဲ လူ ၂၅ ေယာက္ထိ ကူးစက္ခဲ့တဲ့ ျဖစ္စဥ္လည္းရွိခဲ့တယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနဘုန္းလတ္က ဆိုထားပါတယ္။ဒီေန႔ မနက္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕စာရင္းအရလည္း သဃၤန္းကြၽန္းက လူနာသစ္ ၁၁ ဦးပါလာၿပီး အဲဒီသူေတြဟာ Quarantine ဝင္ေနရသူေတြလို႔သိရပါတယ္။ဒီကေန႔မနက္အထိ ျမန္မာႏိုင္ငံမွာ ေတြ႕ရွိခဲ့ရတဲ့ အတည္ျပဳ လူနာစုစုေပါင္းဟာ ၁၃၁၉ ဦးရွိခဲ့ၿပီး ေသဆုံးသူကေတာ့ ရွစ္ဦး ရွိခဲ့ၿပီျဖစ္ပါတယ္။

Post a Comment

Previous Post Next Post