(Unicode)

ကိုဗစ်-၁၉ကာလအတွင်း အစိုးရအနေဖြင့် လက်ဘက်ရည်ဆိုင်များ၊ လမ်းဘေးဈေးသည်များကို သက်သာသည့်နှုန်းထားဖြင့် ချေးငွေထုတ် ချေးခြင်းအတွက် ကျပ်ဘီလျံ ၁၀၀ ကျခံသုံးစွဲခဲ့ကြောင်း၊ အသေးစား ချေးငွေလုပ်ငန်းများမှတစ်ဆင့် တစ်ပိုင်တစ်နိုင်ချေးယူသူများအတွက် ကျပ်ဘီလျံ ၁၀၀ ကျခံခဲ့ကြောင်း၊ SME လုပ်ငန်းများအတွက် ထုတ်ချေးခြင်းတွင် ကျပ်ဘီလျံ ၂၀၀ ရှိပြီး COVID-19 ကပ်ရောဂါ ကာလ တွင် တောင်သူလယ်သမားများအတွက် တစ်ဧကလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ထောက်ပံ့ခြင်းအတွက် ကျပ်ဘီလျံ ၆၀၀ ထောက်ပံ့ခဲ့ ကြောင်း၊ လျှပ်စစ်ဓာတ်အား ကင်းလွတ်ခွင့်အတွက် တစ်နိုင်ငံလုံး ကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလျံ အစိုးရမှ ကျခံခဲ့ကြောင်း နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြားသည်။

ယခုထပ်မံပြီး အစိုးရအနေဖြင့် COVID-19 ကပ်ရောဂါကာလအတွင်း တတိယအကြိမ်အဖြစ် အိမ်ထောင်စု တစ်စုလျှင် ကျပ်(၂)သောင်း ဖြင့် အိမ်ထောင်စု ၅ ဒသမ ၆ သန်းကို ကျပ် ၁၁၃ ဒသမ ၅၃၅ ဘီလျံကျခံ၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။ စက်တင်ဘာ ၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဦးဇော်ဌေးက အထက်ပါတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။



နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း ပြည်သူလူထုနှင့် တိုက်ရိုက်ဆက်စပ်သည့် စား သောက်ကုန်ငါးမျိုး ထောက်ပံ့ပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းများ အပါအဝင် ထောက်ပံ့ကူညီမှုများအဖြစ် စုစုပေါင်း ကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလျံအထိ ကျခံသုံးစွဲခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။မနေ့ကနိုင်ငံတော် သမ္မတအိမ်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


REF: ELEVEN MEDIA


(Zawgyi)

ကိုဗစ္-၁၉ကာလအတြင္း အစိုးရအေနျဖင့္ လက္ဘက္ရည္ဆိုင္မ်ား၊ လမ္းေဘးေဈးသည္မ်ားကို သက္သာသည့္ႏႈန္းထားျဖင့္ ေခ်းေငြထုတ္ ေခ်းျခင္းအတြက္ က်ပ္ဘီလ်ံ ၁၀၀ က်ခံသုံးစြဲခဲ့ေၾကာင္း၊ အေသးစား ေခ်းေငြလုပ္ငန္းမ်ားမွတစ္ဆင့္ တစ္ပိုင္တစ္ႏိုင္ေခ်းယူသူမ်ားအတြက္ က်ပ္ဘီလ်ံ ၁၀၀ က်ခံခဲ့ေၾကာင္း၊ SME လုပ္ငန္းမ်ားအတြက္ ထုတ္ေခ်းျခင္းတြင္ က်ပ္ဘီလ်ံ ၂၀၀ ရွိၿပီး COVID-19 ကပ္ေရာဂါ ကာလ တြင္ ေတာင္သူလယ္သမားမ်ားအတြက္ တစ္ဧကလွ်င္ က်ပ္ငါးေသာင္းႏႈန္းျဖင့္ ေထာက္ပံ့ျခင္းအတြက္ က်ပ္ဘီလ်ံ ၆၀၀ ေထာက္ပံ့ခဲ့ ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အား ကင္းလြတ္ခြင့္အတြက္ တစ္ႏိုင္ငံလုံး က်ပ္ ၁၀၇ ဒသမ ၃၇၉ ဘီလ်ံ အစိုးရမွ က်ခံခဲ့ေၾကာင္း ႏိုင္ငံေတာ္သမၼတ ႐ုံး ေျပာေရးဆိုခြင့္ရွိသူဦးေဇာ္ေဌးက ေျပာၾကားသည္။

ယခုထပ္မံၿပီး အစိုးရအေနျဖင့္ COVID-19 ကပ္ေရာဂါကာလအတြင္း တတိယအႀကိမ္အျဖစ္ အိမ္ေထာင္စု တစ္စုလွ်င္ က်ပ္(၂)ေသာင္း ျဖင့္ အိမ္ေထာင္စု ၅ ဒသမ ၆ သန္းကို က်ပ္ ၁၁၃ ဒသမ ၅၃၅ ဘီလ်ံက်ခံ၍ ေထာက္ပံ့ေပးမည္ျဖစ္ေၾကာင္း ဦးေဇာ္ေဌးက ေျပာၾကားသည္။ စက္တင္ဘာ ၄ ရက္က ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္ သမၼတအိမ္ေတာ္တြင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနသည့္ ကာလအတြင္း ႏိုင္ငံေတာ္အစိုးရ၏ ေဆာင္႐ြက္ခ်က္မ်ားႏွင့္ပတ္သက္၍ ဦးေဇာ္ေဌးက အထက္ပါတိုင္း ထည့္သြင္းေျပာ ၾကားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ COVID-19 ကပ္ေရာဂါ ျဖစ္ပြားေနသည့္ ကာလ အတြင္း ျပည္သူလူထုႏွင့္ တိုက္႐ိုက္ဆက္စပ္သည့္ စား ေသာက္ကုန္ငါးမ်ိဳး ေထာက္ပံ့ေပးျခင္း၊ ေငြေၾကးေထာက္ပံ့ေပးျခင္းမ်ား အပါအဝင္ ေထာက္ပံ့ကူညီမႈမ်ားအျဖစ္ စုစုေပါင္း က်ပ္ ၁၉၀၈ ဒသမ ၀၈၅ ဘီလ်ံအထိ က်ခံသုံးစြဲခဲ့ေၾကာင္း ဦးေဇာ္ေဌးက ေျပာၾကားသည္။မေန႔ကႏိုင္ငံေတာ္ သမၼတအိမ္ေတာ္တြင္ ျပဳလုပ္ေသာ သတင္းစာ ရွင္းလင္းပြဲတြင္ ရွင္းလင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။


REF: ELEVEN MEDIA


Post a Comment

Previous Post Next Post