ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွ အမႈစုစုေပါင္း (၇၈) မႈကို အြန္လိုင္းမွတစ္ဆင့္ Zoom Application အသုံးျပဳကာ စက္တင္ဘာလ ၂၄ ရက္ေန႕က တရားစီရင္မိန႔္ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။

ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရးကာလအတြင္း ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္မွာ Zoom Application အသုံးျပဳကာ တရားစီရင္မိန႔္ကို ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ထိုသို႔ အြန္လိုင္းမွခ်မွတ္ခဲ့သည့္ ၇၈ မႈသည္ ျပစ္မႈဆိုင္ရာအမႈ (၃၃)မႈ၊ တရားမဆိုင္ရာအမႈ (၄၅)မႈတို႔ျဖစ္တယ္ လို႔ တိုင္းတရားလႊတ္ေတာ္မွ တိုင္းေဒသႀကီးတရားေရးဦးစီးမႉး ဦးေက်ာ္စြာၿငိမ္းက ေျပာပါတယ္။


ထိုသို႔အမိန႔္ခ်မွတ္သည့္အခါ အမႈသည္မ်ားနဲ႕ ေရွ႕ေနမ်ားအေနနဲ႕ Social Distancing နဲ႕ လာေရာက္နားေထာင္ နိုင္သလို မလာေရာက္နိုင္သည့္အမႈသည္မ်ားအတြက္ Zoom App ကို အသုံးျပဳတာျဖစ္တယ္လို႔ သိရပါတယ္။


ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ရဲ႕ေအာက္မွာ ခရိုင္ ၄ ခရိုင္ရွိၿပီး အထူးတရား႐ုံး ၁၀ ႐ုံးရွိကာ ၿမိဳ႕နယ္တ ရား႐ုံး ၄၅ ႐ုံးရွိတာျဖစ္ပါတယ္။

-------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ အမှုစုစုပေါင်း (၇၈) မှုကို အွန်လိုင်းမှတစ်ဆင့် Zoom Application အသုံးပြုကာ စက်တင်ဘာလ ၂၄ ရက်နေ့က တရားစီရင်မိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ Zoom Application အသုံးပြုကာ တရားစီရင်မိန့်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ ထိုသို့ အွန်လိုင်းမှချမှတ်ခဲ့သည့် ၇၈ မှုသည် ပြစ်မှုဆိုင်ရာအမှု (၃၃)မှု၊ တရားမဆိုင်ရာအမှု (၄၅)မှုတို့ဖြစ်တယ် လို့ တိုင်းတရားလွှတ်တော်မှ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ပြောပါတယ်။




ထိုသို့အမိန့်ချမှတ်သည့်အခါ အမှုသည်များနဲ့ ရှေ့နေများအနေနဲ့ Social Distancing နဲ့ လာရောက်နားထောင် နိုင်သလို မလာရောက်နိုင်သည့်အမှုသည်များအတွက် Zoom App ကို အသုံးပြုတာဖြစ်တယ်လို့ သိရပါတယ်။


ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရဲ့အောက်မှာ ခရိုင် ၄ ခရိုင်ရှိပြီး အထူးတရားရုံး ၁၀ ရုံးရှိကာ မြို့နယ်တ ရားရုံး ၄၅ ရုံးရှိတာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post