(Zawgyi)

ရန္ကုန္တိုင္းေဒသႀကီးထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ ကြမ္းယာဆိုင္ေတြကို မနက္ျဖန္ စက္တင္ဘာလ(၂၄)ရက္ကစၿပီး သက္ဆိုင္ရာၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအစီအစဥ္နဲ႔ ပိတ္သိမ္းခိုင္းေတာ့မယ္လို႔ တာဝန္ရွိသူေတြဆီက သိရပါတယ္။


ရန္ကုန္မွာ ကိုဗစ္ကူးစက္မႈႏႈန္းျမင့္မားလာတဲ့အတြက္ တိုက္႐ိုက္ထိေတြ႕မႈေတြျဖစ္ေစတဲ့ ကြမ္းယာဆိုင္ေတြကို သက္ဆိုင္ရာ စည္ပင္သာယာေရးေကာ္မတီအစီအစဥ္နဲ႔ ပိတ္သိမ္းမွာျဖစ္ပါတယ္။



“ကြၽန္ေတာ္တို႔ ပုဇြန္ေတာင္ၿမိဳ႕နယ္မွာေတာ့ မနက္ျဖန္ကစၿပီးပိတ္ပါၿပီ။ ၿမိဳ႕နယ္အေနနဲ႔ လုပ္တာပါ။ ၫႊန္ၾကားခ်က္ကေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္တာကို ရည္ၫြန္းၿပီးေတာ့ လုပ္သင့္၊ လုပ္ထိုက္တယ္ထင္လို႔လုပ္တာ။“လို႔ ပုဇြန္ေတာင္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးျမင့္ျမတ္သူက ေျပာပါတယ္။



စားေသာက္ဆိုင္ေတြနဲ႔ လဖက္ရည္ဆိုင္ေတြကို ပါဆယ္စနစ္ေရာင္းခ်ခြင့္ျပဳထားခ်ိန္မွာ ကြမ္းယာဆိုင္ေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္(၆)ေပျခားဖို႔ ခက္ခဲၿပီး ကူးစက္မႈအႏၲရာယ္ရွိႏိုင္လို႔ ပိတ္သိမ္းခိုင္းတာလို႔ သိရပါတယ္။

“ပထမလႈိင္းတုန္းကေတာ့ ပိတ္ဖို႔မေျပာခဲ့ေပမဲ့ အခုကေတာ္ေတာ္ဆိုးလာၿပီ။ ကြမ္းယာဆိုင္က ဘယ္ေလာက္ပဲ ပါဆယ္ေရာင္းေရာင္း ႏွစ္ေယာက္၊ သုံးေယာက္ေလာက္လာတာနဲ႔ စကားေျပာဘာေျပာနဲ႔ စုမိေနတယ္။ ဘယ္လိုမွ အဆင္မေျပဘူး။ ကြၽန္ေတာ္တို႔ စည္ပင္ေကာ္မတီရဲ႕ လုပ္ပိုင္ခြင့္ထဲကေနလုပ္တာျဖစ္တယ္။“လို႔ ဦးျမင့္ျမတ္သူက ေျပာပါတယ္။


ဒါ့အျပင္ တာေမြၿမိဳ႕နယ္မွာလည္း လမ္းေဘးမွာေရာင္းခ်ေနတဲ့ ကြမ္းယာဆိုင္ေတြကို မနက္ျဖန္ကစၿပီး ပိတ္သိမ္းခိုင္းေတာ့မွာျဖစ္သလို မပိတ္တဲ့ဆိုင္ေတြကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒအရ အေရးယူသြားမယ္လို႔ တာေမြၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေအာင္မ်ိဳးလင္းက ေျပာပါတယ္။


“မနက္ျဖန္ပိတ္ဖို႔အတြက္ အခုႏႈိးေဆာ္တာေတြလုပ္ေတာ့မွာပါ။ ကြမ္းယာဆိုင္၊ ျပင္ပကလာေရာင္းတဲ့ လမ္းေဘးေဈးသည္ေတြကို ပိတ္သိမ္းသြားမွာပါ။“လို႔ ဦးေအာင္မ်ိဳးလင္းက ေျပာပါတယ္။ဒါ့အျပင္ ျပည္သူက သတင္းေပးတိုင္ၾကားရင္လည္း သြားေရာက္သိမ္းဆည္းအေရးယူသြားမယ္လို႔ ေျပာပါတယ္။


သဃၤန္းကြၽန္းၿမိဳ႕နယ္မွာေတာ့ ပိတ္သိမ္းခိုင္းတာမ်ိဳးမရွိဘဲ ေန႔လည္(၁၂)နာရီအထိ ေဈးေရာင္းခ်ခြင့္ျပဳထားတယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္။


အခုအခ်ိန္မွာေတာ့ ရန္ကုန္မွာ ကိုဗစ္လူနာအေယာက္(၄၀၀၀)ေက်ာ္ရွိေနၿပီး ေသဆုံးသူအေယာက္ (၁၀၀)ေက်ာ္မွာလည္း ရန္ကုန္က အမ်ားဆုံးျဖစ္ေနပါတယ္။


O Media

(Unicode)

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တချို့မှာ ကွမ်းယာဆိုင်တွေကို မနက်ဖြန် စက်တင်ဘာလ(၂၄)ရက်ကစပြီး သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီအစီအစဉ်နဲ့ ပိတ်သိမ်းခိုင်းတော့မယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။


ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလာတဲ့အတွက် တိုက်ရိုက်ထိတွေ့မှုတွေဖြစ်စေတဲ့ ကွမ်းယာဆိုင်တွေကို သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီအစီအစဉ်နဲ့ ပိတ်သိမ်းမှာဖြစ်ပါတယ်။


“ကျွန်တော်တို့ ပုဇွန်တောင်မြို့နယ်မှာတော့ မနက်ဖြန်ကစပြီးပိတ်ပါပြီ။ မြို့နယ်အနေနဲ့ လုပ်တာပါ။ ညွှန်ကြားချက်ကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တာကို ရည်ညွန်းပြီးတော့ လုပ်သင့်၊ လုပ်ထိုက်တယ်ထင်လို့လုပ်တာ။“လို့ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်မြတ်သူက ပြောပါတယ်။




စားသောက်ဆိုင်တွေနဲ့ လဖက်ရည်ဆိုင်တွေကို ပါဆယ်စနစ်ရောင်းချခွင့်ပြုထားချိန်မှာ ကွမ်းယာဆိုင်တွေဟာ တစ်ယောက်နဲ့ တစ်ယောက်(၆)ပေခြားဖို့ ခက်ခဲပြီး ကူးစက်မှုအန္တရာယ်ရှိနိုင်လို့ ပိတ်သိမ်းခိုင်းတာလို့ သိရပါတယ်။


“ပထမလှိုင်းတုန်းကတော့ ပိတ်ဖို့မပြောခဲ့ပေမဲ့ အခုကတော်တော်ဆိုးလာပြီ။ ကွမ်းယာဆိုင်က ဘယ်လောက်ပဲ ပါဆယ်ရောင်းရောင်း နှစ်ယောက်၊ သုံးယောက်လောက်လာတာနဲ့ စကားပြောဘာပြောနဲ့ စုမိနေတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ စည်ပင်ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲကနေလုပ်တာဖြစ်တယ်။“လို့ ဦးမြင့်မြတ်သူက ပြောပါတယ်။


ဒါ့အပြင် တာမွေမြို့နယ်မှာလည်း လမ်းဘေးမှာရောင်းချနေတဲ့ ကွမ်းယာဆိုင်တွေကို မနက်ဖြန်ကစပြီး ပိတ်သိမ်းခိုင်းတော့မှာဖြစ်သလို မပိတ်တဲ့ဆိုင်တွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမယ်လို့ တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးလင်းက ပြောပါတယ်။


“မနက်ဖြန်ပိတ်ဖို့အတွက် အခုနှိုးဆော်တာတွေလုပ်တော့မှာပါ။ ကွမ်းယာဆိုင်၊ ပြင်ပကလာရောင်းတဲ့ လမ်းဘေးဈေးသည်တွေကို ပိတ်သိမ်းသွားမှာပါ။“လို့ ဦးအောင်မျိုးလင်းက ပြောပါတယ်။




ဒါ့အပြင် ပြည်သူက သတင်းပေးတိုင်ကြားရင်လည်း သွားရောက်သိမ်းဆည်းအရေးယူသွားမယ်လို့ ပြောပါတယ်။


သင်္ဃန်းကျွန်းမြို့နယ်မှာတော့ ပိတ်သိမ်းခိုင်းတာမျိုးမရှိဘဲ နေ့လည်(၁၂)နာရီအထိ ဈေးရောင်းချခွင့်ပြုထားတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။


အခုအချိန်မှာတော့ ရန်ကုန်မှာ ကိုဗစ်လူနာအယောက်(၄၀၀၀)ကျော်ရှိနေပြီး သေဆုံးသူအယောက် (၁၀၀)ကျော်မှာလည်း ရန်ကုန်က အများဆုံးဖြစ်နေပါတယ်။


O Media

Post a Comment

Previous Post Next Post