စစ္ကိုင္းတိုင္းေဒသႀကီးမွာ ကိုဗစ္အတည္ျပဳလူနာ (၆) ဦး ထပ္တိုးတယ္လို႔ စစ္ကိုင္းတိုင္း COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ တုန႔္ျပန္ေရးေကာ္မတီ ထုတ္ျပန္ ခ်က္အရ သိရပါတယ္။


ကေလးၿမိဳ႕က ပိုးေတြ႕လူနာ (၃) ဦးဟာ ကေလးတကၠသိုလ္ အသြားအလာကန႔္သတ္ aစာင့္ၾကည့္ေရးစခန္းမွာ စက္တင္ဘာ (၂၆) ရက္ကစၿပီး ေနထုိင္ ေနၾကသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။ အတည္ျပဳလူနာေတြဟာ အသက္(၄၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီး (၁) ဦး၊ အသက္ (၃၈) နွစ္အ႐ြယ္ အမ်ိဳးသမီး (၁) ဦးနဲ႔ အသက္(၄၂) ႏွစ္အ႐ြယ္ အမ်ိဳးသား (၁) ဦးတို႔ ျဖစ္တယ္လို႔ သိရပါတယ္။


“သူတို႔က Positive လူနာရဲ႕ကြင္းဆက္ေတြပါ။ သူတို႔က စမ္းၿမိဳ႕ ေနထိုင္သူေတြပါ။ သူတို႔နဲ႔ထိေတြ႕တဲ့ Contact ေတြထပ္ ရွာေနပါတယ္။ ကေလးၿမိဳ႕မွာ ကိုဗစ္ေရာဂါျပန႔္ပြားမႈ အေျခအေနဟာ အထူးသတိထားရမယ့္ အခ်ိန္ေရာက္ၿပီ။ Contactျဖစ္ခဲ့တဲ့သူေတြအေနနဲ႔ ပြင့္ပြင့္လင္းလင္းဝန္ခံဖို႔လိုအပ္တယ္”လို႔ ကေလးၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ ကိုယ္စားလွယ္ေဒၚေအးေအးမူ (ခ) ေဒၚရွားမီးက ေျပာပါတယ္။


ယင္းမာပင္ၿမိဳ႕နယ္က အတည္ျပဳလူနာ (၂) ဦးကေတာ့ အသက္ (၂၇) နွစ္အ႐ြယ္ အမ်ိဳးသား (၂) ဦး ျဖစ္ၿပီး စက္တင္ဘာလ (၂၃) ရက္က ရန္ကုန္ ယာဥ္ထိန္း တပ္ဖြဲ႕ကေန ယင္းမာၿမိဳ႕နယ္က ရဲတပ္ရင္း (၂၈) ကို ေျပာင္းေ႐ႊ႕လာသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။


ေျပာင္းေ႐ႊ႕လာသူေတြကို စက္တင္ဘာလ (၂၄) ရက္ကစၿပီး ယင္းမာပင္ ရဲတပ္ရင္းအတြင္းမွာ အသြားအလာကန႔္သတ္ ေနထိုင္ေစခဲ့ၿပီး စက္တင္ဘာ (၂၅) ရက္မွာ ဓါတ္ခြဲနမူနာ ရယူစစ္ေဆးခဲ့ရာကေန ေရာဂါပို႔ေတြ႕ရွိ ခဲ့တာပါ။


“သူတို႔ႏွစ္ေယာက္က ရန္ကုန္ယာထိန္း ရဲတပ္ဖြဲ႕ကေန ဒီကိုေျပာင္းလာတဲ့ သူေတြပါ၊ဒီေရာက္ကတည္းက သူတို႔ကို Quaratine ထားရွိပါတယ္။ ေျပာင္းေ႐ြ႕ လာတဲ့ ၁၁ ေယာက္ကို Swab ယူစစ္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ ဒီေန႔ ညေနပိုင္းက ေရာဂါပိုးေတြ႕ရွိတယ္လို႔ သိရတယ္”လို႔ ယင္းမာပင္ၿမိဳ႕နယ္ ဒုတိယ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးၿငိမ္းထက္က ေျပာပါတယ္။

ေခ်ာင္းဦးၿမိဳ႕နယ္က အတည္ျပဳလူနာကေတာ့ ရန္ကုန္တိုင္းေဒသႀကီး အင္းစိန္ၿမိဳ႕နယ္ကေန ျပန္လာခဲ့ရာ ခင္မြန္ေက်း႐ြာ မွာ စက္တင္ဘာ (၂၅) ရက္ေန႔က ေရာက္ရွိၿပီး အထကေက်ာင္းမွာ အသြားအလာကန႔္ သတ္ထားကာ (၂၆) ရက္က ဓါတ္ခြဲနမူနာ စစ္ေဆးခဲ့ရာ အသက္ (၂၇) ႏွစ္အ႐ြယ္ အမ်ိဳးသားမွာ ေရာဂါပိုး ေတြ႕ရွိခဲ့တာပါ။


“သူက ကားဌားျပန္လာတယ္၊ရန္ကုန္ကေန ၅ ေယာက္ျပန္လာၾကတာပါ။ ေခ်ာင္းဦးၿမိဳ႕နယ္ က်ီကုန္းက ၄ ေယာက္နဲ႔  ခင္မြန္က ၁ ေယာက္ပါ။က်ီကုန္းက ၄ေယာက္က Negative ထြက္ၿပီး ခင္မြန္က တစ္ေယာက္က Positive ထြက္တာပါ”လို႔ ေခ်ာင္းဦးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေဘာ္က ေျပာပါတယ္။ အတည္ျပဳလူနာ (၆) ဦးကို သက္ဆိုင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံေတြမွာ သီးသန႔္ထားရွိ ကုသမႈေတြ ျပဳလုပ္ေပးေနတယ္လို႔ ေျပာပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးမွာ ၿမိဳ႕နယ္ေပါင္း (၃၇) ၿမိဳ႕နယ္ရွိၿပီး အဲဒီထဲက (၂၁) ၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ အတည္ျပဳလူနာ (၅၀) ရွိေနတယ္လို႔ တိုင္းအစိုးရအဖြဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။


အဲဒီ အထည္ျပဳလူနာထဲက (၉) ဦးကေတာ့ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံက ဆင္းသြားၿပီ ျဖစ္တယ္လို႔လည္း စစ္ကိုင္းတိုင္းေဒသႀကီး အစိုးရအဖြဲ႕Page မွာ ထုတ္ျပန္ထားပါတယ္။

----------------------------------------------------------

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြုလူနာ (၆) ဦး ထပ်တိုးတယ်လို့ စစ်ကိုင်းတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ ထုတ်ပြန် ချက်အရ သိရပါတယ်။




ကလေးမြို့က ပိုးတွေ့လူနာ (၃) ဦးဟာ ကလေးတက္ကသိုလ် အသွားအလာကန့်သတ် aစာင့်ကြည့်ရေးစခန်းမှာ စက်တင်ဘာ (၂၆) ရက်ကစပြီး နေထိုင် နေကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ အတည်ပြုလူနာတွေဟာ အသက်(၄၈) နှစ်အရွယ် အမျိုးသမီး (၁) ဦး၊ အသက် (၃၈) နှစ်အရွယ် အမျိုးသမီး (၁) ဦးနဲ့ အသက်(၄၂) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။


“သူတို့က Positive လူနာရဲ့ကွင်းဆက်တွေပါ။ သူတို့က စမ်းမြို့ နေထိုင်သူတွေပါ။ သူတို့နဲ့ထိတွေ့တဲ့ Contact တွေထပ် ရှာနေပါတယ်။ ကလေးမြို့မှာ ကိုဗစ်ရောဂါပြန့်ပွားမှု အခြေအနေဟာ အထူးသတိထားရမယ့် အချိန်ရောက်ပြီ။ Contactဖြစ်ခဲ့တဲ့သူတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းဝန်ခံဖို့လိုအပ်တယ်”လို့ ကလေးမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။


ယင်းမာပင်မြို့နယ်က အတည်ပြုလူနာ (၂) ဦးကတော့ အသက် (၂၇) နှစ်အရွယ် အမျိုးသား (၂) ဦး ဖြစ်ပြီး စက်တင်ဘာလ (၂၃) ရက်က ရန်ကုန် ယာဉ်ထိန်း တပ်ဖွဲ့ကနေ ယင်းမာမြို့နယ်က ရဲတပ်ရင်း (၂၈) ကို ပြောင်းရွှေ့လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။


ပြောင်းရွှေ့လာသူတွေကို စက်တင်ဘာလ (၂၄) ရက်ကစပြီး ယင်းမာပင် ရဲတပ်ရင်းအတွင်းမှာ အသွားအလာကန့်သတ် နေထိုင်စေခဲ့ပြီး စက်တင်ဘာ (၂၅) ရက်မှာ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာကနေ ရောဂါပို့တွေ့ရှိ ခဲ့တာပါ။


“သူတို့နှစ်ယောက်က ရန်ကုန်ယာထိန်း ရဲတပ်ဖွဲ့ကနေ ဒီကိုပြောင်းလာတဲ့ သူတွေပါ၊ဒီရောက်ကတည်းက သူတို့ကို Quaratine ထားရှိပါတယ်။ ပြောင်းရွေ့ လာတဲ့ ၁၁ ယောက်ကို Swab ယူစစ်တော့ သူတို့နှစ်ယောက်ဟာ ဒီနေ့ ညနေပိုင်းက ရောဂါပိုးတွေ့ရှိတယ်လို့ သိရတယ်”လို့ ယင်းမာပင်မြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။




ချောင်းဦးမြို့နယ်က အတည်ပြုလူနာကတော့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကနေ ပြန်လာခဲ့ရာ ခင်မွန်ကျေးရွာ မှာ စက်တင်ဘာ (၂၅) ရက်နေ့က ရောက်ရှိပြီး အထကကျောင်းမှာ အသွားအလာကန့် သတ်ထားကာ (၂၆) ရက်က ဓါတ်ခွဲနမူနာ စစ်ဆေးခဲ့ရာ အသက် (၂၇) နှစ်အရွယ် အမျိုးသားမှာ ရောဂါပိုး တွေ့ရှိခဲ့တာပါ။


“သူက ကားဌားပြန်လာတယ်၊ရန်ကုန်ကနေ ၅ ယောက်ပြန်လာကြတာပါ။ ချောင်းဦးမြို့နယ် ကျီကုန်းက ၄ ယောက်နဲ့  ခင်မွန်က ၁ ယောက်ပါ။ကျီကုန်းက ၄ယောက်က Negative ထွက်ပြီး ခင်မွန်က တစ်ယောက်က Positive ထွက်တာပါ”လို့ ချောင်းဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က ပြောပါတယ်။ အတည်ပြုလူနာ (၆) ဦးကို သက်ဆိုင်မြို့နယ် ပြည်သူ့ဆေးရုံတွေမှာ သီးသန့်ထားရှိ ကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ပြောပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း (၃၇) မြို့နယ်ရှိပြီး အဲဒီထဲက (၂၁) မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၀) ရှိနေတယ်လို့ တိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။


အဲဒီ အထည်ပြုလူနာထဲက (၉) ဦးကတော့ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့Page မှာ ထုတ်ပြန်ထားပါတယ်။

Post a Comment

Previous Post Next Post