(Unicode)

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁,၀၂၆) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၇၄) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၃၉၂) ခု၊ နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၅) ခု စုစုပေါင်း (၂,၀၄၇)ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာတွင် အတည်ပြုလူနာသစ် (၁၄၂)ဦး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။



ထို့ကြောင့် စက်တင်ဘာလ ၁၀ ရက် ည ၈နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂,၁၅၀) ဦးရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံးဆင်းလူနာ (၇၂) ဦးရှိသဖြင့် စုစုပေါင်း (၆၂၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။



ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၄)ဦး ရှိပါသည်။

ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်း ကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး ထပ်မံထုတ်ပြန် မည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

(Zawgyi)











Post a Comment

Previous Post Next Post