(Unicode)

ကွန်ဂရစ်အလွှာ ငါးလွှာရဲ့ အောက်မှာ ဒုံးကျည်ရာပေါင်းများစွာနဲ့ လောင်စာအပြည့်ဖြည့် ရော့ကက်တွေ ရှိနေတဲ့ အီရန်ရဲ့ မြေအောက် ဒုံးကျည်မြို့တော်ရဲ့ ဓာတ်ပုံတွေကို အီရန်သတင်းဌာနက ထုတ်ဖော်ပြသလိုက်ပါတယ်။



အီရန်ရဲ့ ဒုံးကျည်စခန်းတွေဟာ နိုင်ငံအနှံ့အပြားမှာ ရှိနေပြီး တောင်တွေရဲ့အောက် ပေ ၁၆၄၀ အောက်က ဘန်ကာတွေမှာ ထားရှိထားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ပေါင်းစုမှ လေတပ်တပ်မှူး အလီဟာဂျီဇာဒက်က အတည်ပြုပြောပါတယ်။ပြီးခဲ့တဲ့ ခြောက်နှစ်အကြာကလည်း တော်လှန်ရေးအစောင့်တပ်ဟာ မြေအောက်ဒုံးကျည်မြို့တော် သုံးမြို့ တည်ဆောက်နေတယ်လို့ ပြောရင်း ရော့ကက်နဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးတွေ အသွင်းအထုတ် လုပ်ရာ ဥမင်တွေကို ပြသခဲ့ဖူးပါတယ်။



တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်လိုက်တာကြောင့် အဲ့ဒီအချိန်ကစပြီ အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ မြင့်တက်နေပြီး နောက်ထပ်တင်းမာမှုတစ်ရပ်ဟာ အရှေ့အလယ်ပိုင်းဒေသကို စစ်ပွဲအတွင်း ဆွဲချသွားလိမ့်မယ်လို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။



အမေရိကန်စစ်စခန်းကို ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်အပြီးမှာ အီရန်ဗိုလ်ချုပ်ကြီးတွေက အမေရိကန်စစ်စခန်းအားလုံးကို ဆူနာမီနဲ့ တိုက်စားဖြိုဖျက်ပစ်မယ်လို့ သတိပေးလိုက်ပါတယ်။

မောင်သံဆင့်
(Zawgyi)


ကြန္ဂရစ္အလႊာ ငါးလႊာရဲ႕ ေအာက္မွာ ဒုံးက်ည္ရာေပါင္းမ်ားစြာနဲ႔ ေလာင္စာအျပည့္ျဖည့္ ေရာ့ကက္ေတြ ရွိေနတဲ့ အီရန္ရဲ႕ ေျမေအာက္ ဒုံးက်ည္ၿမိဳ႕ေတာ္ရဲ႕ ဓာတ္ပုံေတြကို အီရန္သတင္းဌာနက ထုတ္ေဖာ္ျပသလိုက္ပါတယ္။



အီရန္ရဲ႕ ဒုံးက်ည္စခန္းေတြဟာ ႏိုင္ငံအႏွံ႔အျပားမွာ ရွိေနၿပီး ေတာင္ေတြရဲ႕ေအာက္ ေပ ၁၆၄၀ ေအာက္က ဘန္ကာေတြမွာ ထားရွိထားေၾကာင္း အီရန္ေတာ္လွန္ေရးအေစာင့္တပ္ေပါင္းစုမွ ေလတပ္တပ္မႉး အလီဟာဂ်ီဇာဒက္က အတည္ျပဳေျပာပါတယ္။ၿပီးခဲ့တဲ့ ေျခာက္ႏွစ္အၾကာကလည္း ေတာ္လွန္ေရးအေစာင့္တပ္ဟာ ေျမေအာက္ဒုံးက်ည္ၿမိဳ႕ေတာ္ သုံးၿမိဳ႕ တည္ေဆာက္ေနတယ္လို႔ ေျပာရင္း ေရာ့ကက္နဲ႔ တာလတ္ပစ္ပဲ့ထိန္းဒုံးေတြ အသြင္းအထုတ္ လုပ္ရာ ဥမင္ေတြကို ျပသခဲ့ဖူးပါတယ္။



ေတာ္လွန္ေရးအေစာင့္တပ္ရဲ႕ ထိပ္တန္းတပ္မႉး ဗိုလ္ခ်ဳပ္ႀကီး ကာဆမ္ဆိုလီမာနီကို အေမရိကန္က လုပ္ႀကံသတ္ျဖတ္လိုက္တာေၾကာင့္ အဲ့ဒီအခ်ိန္ကစၿပီ အေမရိကန္နဲ႔ အီရန္အၾကား တင္းမာမႈေတြ ျမင့္တက္ေနၿပီး ေနာက္ထပ္တင္းမာမႈတစ္ရပ္ဟာ အေရွ႕အလယ္ပိုင္းေဒသကို စစ္ပြဲအတြင္း ဆြဲခ်သြားလိမ့္မယ္လို႔ စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။



အေမရိကန္စစ္စခန္းကို ပဲ့ထိန္းဒုံးက်ည္တိုက္ခိုက္အၿပီးမွာ အီရန္ဗိုလ္ခ်ဳပ္ႀကီးေတြက အေမရိကန္စစ္စခန္းအားလုံးကို ဆူနာမီနဲ႔ တိုက္စားၿဖိဳဖ်က္ပစ္မယ္လို႔ သတိေပးလိုက္ပါတယ္။

ေမာင္သံဆင့္

Post a Comment

Previous Post Next Post