(Unicode)

စက်တင်ဘာ ၁၁ ရက်နေ့အထိ တနိုင်ငံလုံး မှာ ပြည်တွင်းရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ဟာ ရန်ကုန်တိုင်းမှာ ၇၃၆ ဦး၊ တခြားတိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာ ၈၉၉ ဦး စုစုပေါင်း ၁၆၃၅ ဦးရှိလာပြီး အဲဒီအထဲက ၈ ဦးသေဆုံးခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၂၆၅ ဦး၊ သေဆုံးသူ ၁၄ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၆၂၅ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၂၉ ဦး ရှိပါတယ်။

ရန်ကုန်တိုင်းအတွင်း က မြို့နယ် ၄၄ မြို့နယ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေကို တိုင်းပြင်ပ ခရီးသွားလာခွင့် တားမြစ်ကြောင်း တိုင်းဒေသ ကြီးအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ကိုးကိုးကျွန်းမှအပ Stay At Home ချမှတ်ထားတဲ့ မြို့နယ်တွေအပါအဝင် ကျန်တဲ့ မြို့နယ် ၄၄ မြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်နဲ့ အရေးကြီး ကိစ္စရပ်တွေမှအပ တိုင်းပြင်ပမသွားကြဖို့ တားမြစ်လိုက် တာဖြစ်ပါတယ်။


စက်တင်ဘာလ ၁၁ ရက်နေ့ကနေ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံတွေကို ခရီးသွား ရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုတွေနဲ့ ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်ဟာ သြဂုတ် ၁၆ ရက်နေ့မှာ တကျော့ပြန်အနေနဲ့ သိသိ သာသာ မြင့်တက်လာ‌နေတာပါ။


REF: DVB

(Zawgyi)

စက္တင္ဘာ ၁၁ ရက္ေန႔အထိ တႏိုင္ငံလုံး မွာ ျပည္တြင္းေရာဂါပိုး ကူးစက္ခံရသူ အေရအတြက္ဟာ ရန္ကုန္တိုင္းမွာ ၇၃၆ ဦး၊ တျခားတိုင္း ေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ ၈၉၉ ဦး စုစုေပါင္း ၁၆၃၅ ဦးရွိလာၿပီး အဲဒီအထဲက ၈ ဦးေသဆုံးခဲ့ပါတယ္။ က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ျမန္မာႏိုင္ငံမွာ ဒီေန႔မနက္အထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၂,၂၆၅ ဦး၊ ေသဆုံးသူ ၁၄ ဦး၊ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့သူ ၆၂၅ ဦးနဲ႔ ေစာင့္ၾကည့္လူနာအသစ္ ၂၂၉ ဦး ရွိပါတယ္။

ရန္ကုန္တိုင္းအတြင္း က ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္မွာ ေနထိုင္ၾကတဲ့ ျပည္သူေတြကို တိုင္းျပင္ပ ခရီးသြားလာခြင့္ တားျမစ္ေၾကာင္း တိုင္းေဒသ ႀကီးအစိုးရက ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ကိုးကိုးကြၽန္းမွအပ Stay At Home ခ်မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြအပါအဝင္ က်န္တဲ့ ၿမိဳ႕နယ္ ၄၄ ၿမိဳ႕နယ္မွာ ေနထိုင္သူေတြအေနနဲ႔ က်န္းမာေရးဆိုင္ရာ ကိစၥရပ္နဲ႔ အေရးႀကီး ကိစၥရပ္ေတြမွအပ တိုင္းျပင္ပမသြားၾကဖို႔ တားျမစ္လိုက္ တာျဖစ္ပါတယ္။

စက္တင္ဘာလ ၁၁ ရက္ေန႔ကေန လာမယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔အထိ အက်ဳံးဝင္မွာ ျဖစ္ပါတယ္။ ျပည္ပႏိုင္ငံေတြကို ခရီးသြား ရာဇဝင္မရွိဘဲ ျပည္တြင္းကူးစက္မႈေတြနဲ႔ ကိုဗစ္-၁၉ ကူးစက္ခံရသူ အေရအတြက္ဟာ ၾသဂုတ္ ၁၆ ရက္ေန႔မွာ တေက်ာ့ျပန္အေနနဲ႔ သိသိ သာသာ ျမင့္တက္လာ‌ေနတာပါ။


REF: DVB

Post a Comment

Previous Post Next Post