(Unicode)

Covid-19 ကာကွယ်ကုသရေး အတွက် စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ငွေကျပ် သိန်း(၂၈၀) သွားရောက်လှူဒါန်း

ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် Covid-19 ကူးစက်ခံရသူ (၁၀၀)ကျော်ကို အနီးကပ်ကြပ်မတ် ကုသပေးလျက်ရှိသော စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီး အတွက်ငွေကျပ် သိန်း(၁၆၀) တန်ဖိုးရှိ အရေးပေါ် လိုအပ်နေသော ကာကွယ်ကုသရေး ပစ္စည်းများနှင့် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများ၊



စေတနာ့ဝန်ထမ်းများ အတွက်ကျပ်သိန်း(၁၂၀)၊ စုစုပေါင်း ငွေကျပ် သိန်း(၂၈၀)ကို ဩဂုတ်လ (၂၇)ရက်နေ့က သွားရောက် လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သော ပစ္စည်းများတွင် ချွဲစုပ်စက် (၄)လုံး၊Oxygen Concentrator (၅)လုံး၊ သွေးပေါင်တိုင်းစက် (၁၀)ခု၊ Infrared Thermometer (၅)ခု၊



Gown Sterilize SMS (၁၅၀)၊ Patient Monitor (၂)လုံး၊ ICU သုံး PPE (150)၊ Surgical Facemask အခုရေ (၂၀၀၀၀)နှင့် 3M N95 Mask များပါဝင်ပြီးဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ အခြားမြို့နယ်များ အတွက်လည်း ဆက်လက် ထောက်ပံ့ကူညီသွားမည် ဖြစ်ပါသည်။credit Ayeyarwaddy Foundation LMP

(Zawgyi)










Post a Comment

Previous Post Next Post