ဧရာဝတီတိုင္း၊ ေရၾကည္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာတစ္ခုမွာ အိမ္ေထာင္စု ၂၂၆စုကို ႏိုင္ငံေတာ္က ေငြေၾကး ေထာက္ပံ့ရာမွ ေငြထုတ္ေပးျခင္းမရွိသည့္အတြက္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို အမႈဖြင့္အေရးယူထား တယ္လို႔ သိရပါတယ္။


အဆိုပါျဖစ္စဥ္မွာ ေရၾကည္ၿမိဳ႕နယ္၊ မိႆလင္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေအာင္ထြန္းေက်ာ္(၄၅)ႏွစ္အား စက္ တင္ဘာလ ၂၃ရက္ေန႔က ေရၾကည္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္အေရးယူထားတာျဖစ္ပါတယ္။


ႏိုင္ငံေတာ္က အိမ္ေထာင္စုတစ္စုလွ်င္ ေငြက်ပ္ ၂၀၀၀၀ႏႈန္းေထာက္ပံ့ရန္ ေက်း႐ြာရွိ အိမ္ေထာင္စု ၄၃၉စုအ တြက္ ေငြက်ပ္ ၈,၇၈၀,၀၀၀ထုတ္ေပးခဲ့ေသာ္လည္း အိမ္ေထာင္စု ၂၁၃စုကိုသာ ေငြထုတ္ေပးခဲ့တယ္လို႔ ဆိုပါ တယ္။

က်န္ရွိသည့္ အိမ္ေထာင္စု ၂၂၆စုအတြက္ ေငြ ၄,၅၂၀,၀၀၀က်ပ္ကို ထုတ္ေပးျခင္းမရွိေသာေၾကာင့္ ေက်း႐ြာအုပ္ ခ်ဳပ္ေရးမႉး ေအာင္ထြန္းေက်ာ္ကို အမႈဖြင့္အေရးယူထားျခင္းျဖစ္တယ္လို႔ သိရပါတယ္။


ထိုသို႔ အိမ္ေထာင္စု ၂၂၆စုအတြက္ ေထာက္ပံ့ေငြမထုတ္ေပးခဲ့သည့္ အဆိုပါေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအား ေရၾကည္ၿမိဳ႕ မရဲစခန္းမွ (ပ)၃၃၅/ ၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၄၀၉ျဖင့္ အမႈဖြင့္အေရးယူထားတာျဖစ္ပါတယ္။

TMA

----------------------------------------------

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုမှာ အိမ်ထောင်စု ၂၂၆စုကို နိုင်ငံတော်က ငွေကြေး ထောက်ပံ့ရာမှ ငွေထုတ်ပေးခြင်းမရှိသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမှုဖွင့်အရေးယူထား တယ်လို့ သိရပါတယ်။


အဆိုပါဖြစ်စဉ်မှာ ရေကြည်မြို့နယ်၊ မိဿလင်ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ထွန်းကျော်(၄၅)နှစ်အား စက် တင်ဘာလ ၂၃ရက်နေ့က ရေကြည်မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။


နိုင်ငံတော်က အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀နှုန်းထောက်ပံ့ရန် ကျေးရွာရှိ အိမ်ထောင်စု ၄၃၉စုအ တွက် ငွေကျပ် ၈,၇၈၀,၀၀၀ထုတ်ပေးခဲ့သော်လည်း အိမ်ထောင်စု ၂၁၃စုကိုသာ ငွေထုတ်ပေးခဲ့တယ်လို့ ဆိုပါ တယ်။


ကျန်ရှိသည့် အိမ်ထောင်စု ၂၂၆စုအတွက် ငွေ ၄,၅၂၀,၀၀၀ကျပ်ကို ထုတ်ပေးခြင်းမရှိသောကြောင့် ကျေးရွာအုပ် ချုပ်ရေးမှူး အောင်ထွန်းကျော်ကို အမှုဖွင့်အရေးယူထားခြင်းဖြစ်တယ်လို့ သိရပါတယ်။


ထိုသို့ အိမ်ထောင်စု ၂၂၆စုအတွက် ထောက်ပံ့ငွေမထုတ်ပေးခဲ့သည့် အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးအား ရေကြည်မြို့ မရဲစခန်းမှ (ပ)၃၃၅/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ဖြင့် အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

TMA

Post a Comment

Previous Post Next Post