(Unicode)

အနုပညာလောကမှာ နာမည်ကြီးလူကြိုက်များတဲ့မင်းသမီးချောလေး မိုးပြည့်ပြည့်မောင်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့မင်းသမီးတစ်ယောက် ပဲ ဖြစ်ပါတယ်။

မိုးပြည့်ကတော့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် အကပိုင်းမှာလည်းထူးချွန်ပြီးနှင်းဆီအငြိမ့်အဖွဲ့ကိုစတင်တည်ထောင်စဉ်ကတည်းက အငြိမ့်မင်းသမီးတစ်ဦးအနေနဲ့ မေတ္တာနဲ့ ဝင်ရောက်ကူညီအားဖြည့်ပေးနေခဲ့တဲ့သူလည်းဖြစ်ပါတယ် ။



သာယာတဲ့မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့ မိုးပြည့်ကတော့ ချစ်ရတဲ့ မိသားစု နဲ့အတူ အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိတာကိုတော့ ပရိသတ်ကြီးလည်း သိပြီးဖြစ်မှာပါနော် ။ လတ်တလောမှာတော့ ပြည်မြို့ ကိုဘုရားဖူးသွားရင်း ပြုလုပ်ခဲ့တဲ့ သူမရဲ့အလှူလေးကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပြည်မြို့အနောက်ဖက်ကမ်းက မြေဆူတောင်နဲ့ ကျောက်ပါးစပ်တောင်တော်ကိုသွားရင်း ….ရှုခင်းတွေလဲလှ ဘုရားလဲဖူးရ လမ်းခင်း တဲ့အထဲလဲလှုခဲ့ရလို့ကုသိုလ်ပီတိဖြစ်ခဲ့ရတယ်လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ် ။



ပုံတွေမတင်တာကြာပြီဖြစ်တဲ့ သူမ ကို ပရိသတ်တွေက စိုးရိမ်နေကြပြီး ကျန်းမာရေးဂရုစိုက်ဖို့လည်း မှတ်ချက်ပေးထားကြတာတွေ့မြင်ရပါတယ် ။ မိုးပြည့်ကိုချစ်တဲ့ ပရိသတ်ကြီးအတွက် လည်း ပြည်ကိုဘုရားဖူးရောက်နေတဲ့ မိုးပြည့်ရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။

Source : Moe Pyae Pyae Maung
Emily (Cele Gabar)


(Zawgyi)

အႏုပညာေလာကမွာ နာမည္ႀကီးလူႀကိဳက္မ်ားတဲ့မင္းသမီးေခ်ာေလး မိုးျပည့္ျပည့္ေမာင္ကေတာ့ က်ရာဇာတ္႐ုပ္ကို ပီျပင္စြာသ႐ုပ္ေဆာင္ႏိုင္ၿပီး ပရိသတ္အားေပးခ်စ္ခင္မႈကို ရရွိထားတဲ့မင္းသမီးတစ္ေယာက္ ပဲ ျဖစ္ပါတယ္။

မိုးျပည့္ကေတာ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့အျပင္ အကပိုင္းမွာလည္းထူးခြၽန္ၿပီးႏွင္းဆီအၿငိမ့္အဖြဲ႕ကိုစတင္တည္ေထာင္စဥ္ကတည္းက အၿငိမ့္မင္းသမီးတစ္ဦးအေနနဲ႔ ေမတၱာနဲ႔ ဝင္ေရာက္ကူညီအားျဖည့္ေပးေနခဲ့တဲ့သူလည္းျဖစ္ပါတယ္ ။


သာယာတဲ့မိသားစုဘဝေလးတစ္ခုကို ပိုင္ဆိုင္ထားတဲ့ မိုးျပည့္ကေတာ့ ခ်စ္ရတဲ့ မိသားစု နဲ႔အတူ အလႉအတန္းေတြလည္း မၾကာခဏ ျပဳလုပ္ေလ့ရွိတာကိုေတာ့ ပရိသတ္ႀကီးလည္း သိၿပီးျဖစ္မွာပါေနာ္ ။ လတ္တေလာမွာေတာ့ ျပည္ၿမိဳ႕ ကိုဘုရားဖူးသြားရင္း ျပဳလုပ္ခဲ့တဲ့ သူမရဲ႕အလႉေလးကို ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့ပါတယ္ ။ ျပည္ၿမိဳ႕အေနာက္ဖက္ကမ္းက ေျမဆူေတာင္နဲ႔ ေက်ာက္ပါးစပ္ေတာင္ေတာ္ကိုသြားရင္း ….ရႈခင္းေတြလဲလွ ဘုရားလဲဖူးရ လမ္းခင္း တဲ့အထဲလဲလႈခဲ့ရလို႔ကုသိုလ္ပီတိျဖစ္ခဲ့ရတယ္လို႔ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္ ။

ပုံေတြမတင္တာၾကာၿပီျဖစ္တဲ့ သူမ ကို ပရိသတ္ေတြက စိုးရိမ္ေနၾကၿပီး က်န္းမာေရးဂ႐ုစိုက္ဖို႔လည္း မွတ္ခ်က္ေပးထားၾကတာေတြ႕ျမင္ရပါတယ္ ။ မိုးျပည့္ကိုခ်စ္တဲ့ ပရိသတ္ႀကီးအတြက္ လည္း ျပည္ကိုဘုရားဖူးေရာက္ေနတဲ့ မိုးျပည့္ရဲ႕ပုံရိပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ ။

Source : Moe Pyae Pyae Maung
Emily (Cele Gabar)

Post a Comment

Previous Post Next Post