စက္တင္ဘာ ၂၈
TNO
--------------------------------------------------------
စက်တင်ဘာ ၂၈
ယနေ့နံနက်ပိုင်းအထိ ရခိုင်ပြည်နယ် တစ်ခုလုံးမှ မှ ကိုဗစ်လူနာ ၈၆၀ ဦးအထိ ဆေးရုံဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က ပြောကြားလိုက် ပါတယ်။
ရခိုင်ပြည်နယ်အတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများမှ စက်တင်ဘာလ (၂၈) ရက် နံနက်ပိုင်း အထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၈၆၀) ဦး ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဩဂုတ်လ (၁၆) ရက်နေ့မှ စက်တင်ဘာလ (၂၈) ရက်၊ နံနက်ပိုင်း အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၅၇) ဦး ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက်မှာ စက်တင်ဘာလ (၂၈) ရက်၊ နံနက်ပိုင်း အထိ စုစုပေါင်း (၈၆၀)ဦး ရှိသွားပြီဖြစ်ပါတယ်။
TNO
Post a Comment