

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂၅)နံနက် ၀၇း၃၀ အချိန်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနမှ ရဲအုပ်နိုင်လင်းဦး ဦးစီးသောတပ်ဖွဲ့ဝင်များသည် ပျဉ်းမနား ၊ရွာကောက်နယ်မြေရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်အောင်ကိုကိုဝင်းဦးရဲတပ်ဖွဲ့ဝင်များနှင့်အတူ သတင်း ရရှိသော ပျဉ်းမနားမြို့၊ဘောဂဝတီရပ်ကွက်၊နယ် မြေ(၄) နေ ဝေယံ(ခ)ရဲမင်းကို၏နေအိမ်အားဝင်ရောက်ဖမ်းဆီးခဲ့ရာ နေအိမ်အတွင်း၌ဝေယံ(ခ)ရဲမင်းကို (၂၉)နှစ်(ကျဘမ်း)၊အောင်ပြည့်စုံ၊(၂၂)နှစ်၊ရွာကောက်ရပ်ကွက်နှင့် ပြည့်ဖြိုးပိုင် ၊(၂၁)နှစ် ပျဉ်းမနားမြို့နေသူ(၃)ဦးတို့အား စိတ်ကြွဆေးပြားနှင့်လက်နက်အစိတ်အပိုင်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






ထွန်း(နေပြည်တော်)

NewsWatch

-------------------------------------------------------------------------------------------------------------

နေပြည်တော်တွင် မိုက်ကြေးခွဲ ပိုက်ဆံတောင်းနေသူ(၃)ဦးကို စိတ်ကြွဆေးပြားနှင့်လက်နက်အစိတ်အပိုင်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာ ၂၅)နံနက် ဝရး၃၀ အချိန်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြောင်း သတင်းရရှိသဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနမှ ရဲအုပ်နိုင်လင်းဦး ဦးစီးသောတပ်ဖွဲ့ဝင်များသည် ပျဉ်းမနား ၊ရွာကောက်နယ်မြေရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်အောင်ကိုကိုဝင်းဦးရဲတပ်ဖွဲ့ဝင်များနှင့်အတူ သတင်း ရရှိသော ပျဉ်းမနားမြို့၊ဘောဂဝတီရပ်ကွက်၊နယ် မြေ(၄) နေ ဝေယံ(ခ)ရဲမင်းကို၏နေအိမ်အားဝင်ရောက်ဖမ်းဆီးခဲ့ရာ နေအိမ်အတွင်း၌ဝေယံ(ခ)ရဲမင်းကို (၂၉)နှစ်(ကျဘမ်း)၊အောင်ပြည့်စုံ၊(၂၂)နှစ်၊ရွာကောက်ရပ်ကွက်နှင့် ပြည့်ဖြိုးပိုင် ၊(၂၁)နှစ် ပျဉ်းမနားမြို့နေသူ(၃)ဦးတို့အား စိတ်ကြွဆေးပြားနှင့်လက်နက်အစိတ်အပိုင်းအချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


"အခုဖမ်းမိတဲ့တရားခံတွေကလူမိုက်တွေ ပျဉ်းမနားမှာမိုက်ကြေးခွဲပိုက်ဆံတောင်းနေသူတွေပေါ့..တစ်လောက KTV တစ်ဆိုင်ကဓားထောက်ပြီး ငွေ ၆၀၀၀၀၀ ယူသွားသူတွေပေါ့"ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှုကြိုဌာနမှ ရဲအုပ်နိုင်လင်းဦးက ပြောသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသောဝေယံ(ခ)ရဲမင်းကို၊အောင်ပြည့်စုံနှင့်ပြည့်ဖြိုးပိုင်တို့သုံးဦးအားပျဉ်းမနားရွာကောက်ရဲစခန်း၌ မူးယစ်(ပ)၁၁/၂၀၂၀ မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာပုဒ်မ ၁၉(က)/၂၀(က)/၂၁/၂၂(ခ)ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။


ထွန်း(နေပြည်တော်)

NewsWatch

Post a Comment

Previous Post Next Post