(Unicode)

အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနဲ့ နိုင်ငံ့ဝန်ထမ်းများကို အခမဲ့ စစ်ဆေးပေးမယ်လို့ သိရပါတယ်။နေပြည်တော်ကိုလာရောက်မယ့် အခြားတိုင်းနဲ့ပြည်နယ်က ပြည်သူတိုင်း COVID-19 ဓာတ်ခွဲနမူနာ စစ်ဆေးရမှာဖြစ်ပြီး စစ်ဆေးမှုအတွက်

တစ်ကြိမ် ၅၀,၀၀၀ ကျပ်ကို မိမိကိုယ်တိုင်ကုန်ကျခံရမှာဖြစ်တယ်လို့ ကျန်းမာရေး နဲ့အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

နေပြည်တော်အတွင်း နေထိုင်တဲ့ ပြည်သူတွေက‌တေ့ ဓာတ်ခွဲနမူနာ စစ်ဆေးဖို့ တစ်ကြိမ် ၃၀ ,၀၀၀ ကျပ် ဖြစ်ပြီး နေပြည်တော်ကို လာရောက်မယ့်

UN ဝန်ထမ်းတွေနဲ့ INGO အဖွဲ့အစည်းတွေမှ နိုင်ငံခြားသားတွေကတော့ တစ်ကြိမ်ကို ၂၀၀,၀၀၀ ကျပ် ကုန်ကျခံစစ်ဆေးရမှာဖြစ်ပါတယ်။

“နေပြည်တော်က အုပ်ချုပ်ရေးမြို့တော် ၊အစိုးရဝန်ကြီးဌာနတွေလည်း ဖြစ်တယ်။ဝန်ထမ်းတွေက ရုံးတက်ရုံးဆင်း ကအစ စုစုဝေးဝေးနဲ့လုပ်ရတဲ့သဘောသဘာဝရှိတယ်။

နေပြည်တော်မှာ ပြည်တွင်း ကူးစက်မှု များရင်ဝန်ထမ်းအင်အားလျှော့ရတာတို့ ဖယ်ထုတ်တာတို့ ၊ တချို့ ကူးစက်မှုများတဲ့ရုံးတွေဆို ပိတ်တောင်ပိတ်ရမယ်၊အဲဒါမျိုးမဖြစ်အောင် ဆေးစစ်ဖို့ လုပ်တာဖြစ်တယ်။



ထုတ်ပြန်စာမှာရေးထားတဲ့အတိုင်းပဲ။စစ်ဆေးရေးဂိတ်ရောက်တာနဲ့ ကြေညာထားတဲ့အတိုင်းလုပ်ဆောင်ရမယ်၊ ထောက်ခံစာတွေလည်း စိစစ်ဖို့အတွက်လိုအုံးမယ်။

အမျိုးအစားကွဲမယ် နိုင်ငံဝန်ထမ်းတာဝန်နဲ့လား ထောက်ခံစာ၊ stay home မြို့နယ်ကဟုတ်မဟုတ် ထောက်ခံစာတွေကတော့ စိစစ်ဖို့ လိုဦးမယ်” လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန မှ ပြောဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဖြေလျှော့မှုအနေနဲ့ကတော့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေကနေ တရားဝင်ဖိတ်ကြားစာ ပါခဲ့ရင် ဓာတ်ခွဲနမူနာ စစ်ဆေးမှုကို အခမဲ့အဖြစ် သတ်မှတ်ထားသလို အစိုးရအဖွဲ့ဝင်များ၊

ပြည်သူ့ဝန်ထမ်းများနဲ့ နိုင်ငံ့ဝန်ထမ်းများကိုပါ အခမဲ့ စစ်ဆေးပေးမယ်လို့ သိရပါတယ်။“နေပြည်တော် ဆေးရုံကအထူးကုဆေးရုံဖြစ်တယ်၊သမားတော်ကြီးတွေ၊တရာဝန်ကြီးတွေ၊ဓာတ်ရောင်ခြည်ကင်တာမျိုးတွေရှိတယ်။

ရှိတဲ့အခါကျတော့ ဒီမှာရှိတဲ့ service တွေကိုသုံးစေချင်တဲ့အခါကျတော့ လူနာတွေကလည်း လာမယ်၊အရင်ပြလက်စလူနာတွေကလည်းလာမယ်အရေးရယ်အကြောင်းရယ်တခုခုရှိလို့ တက်လာတာတွေလည်းရှိနိုင်မယ်။



ရှိလာဲ့အခါ ရောဂါပါမလာဘူးလို့ပြောနိုင်တဲ့အနေအထားဆိုတော့ ကျနော်တို့ကစစ်ဆေးမယ်၊

ကုသပေးမယ်ပေါ့”လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ် ။

နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံကြီးကို နယ်ဆေးရုံတွေ ဆရာဝန်တွေရဲ့ လွှဲပြောင်းစာ(Referral Letter) နဲ့ ရောက်ရှိလာမယ့် လူနာတွေနဲ့ အရေးပေါ်ဆေးကုသမှုခံယူဖို့ နေပြည်တော်ကို လာရောက်မယ့် လူနာတွေကိုလည်း နေပြည်တော်အဝင်ဂိတ်မှာ ခြွင်းချက်အနေနဲ့ လူနာနဲ့

လူနာစောင့် (၂ )ဦးမှ ( ၃)ဦးအထိ ဝင်ရောက်ခွင့် ပြုမှာ ဖြစ်ပြီး ဆေးရုံရဲ့ သီးခြားဆောင် (Isolation room) မှာ ထားရှိကာ CoVID-19 ဓာတ်ခွဲနမူနာ အခမဲ့စစ်ဆေးပေးခြင်း၊ လိုအပ်တဲ့ ဆေးကုသမှုပေးခြင်းတို့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

(Zawgyi)

အစိုးရအဖြဲ႕ဝင္မ်ား၊ ျပည္သူ႔ဝန္ထမ္းမ်ားနဲ႔ နိုင္ငံ့ဝန္ထမ္းမ်ားကို အခမဲ့ စစ္ေဆးေပးမယ္လို႔ သိရပါတယ္။ေနျပည္ေတာ္ကိုလာေရာက္မယ့္ အျခားတိုင္းနဲ႔ျပည္နယ္က ျပည္သူတိုင္း COVID-19 ဓာတ္ခြဲနမူနာ စစ္ေဆးရမွာျဖစ္ၿပီး စစ္ေဆးမႈအတြက္

တစ္ႀကိမ္ ၅၀,၀၀၀ က်ပ္ကို မိမိကိုယ္တိုင္ကုန္က်ခံရမွာျဖစ္တယ္လို႔ က်န္းမာေရး နဲ႔အားကစားဝန္ႀကီးဌာန တာဝန္ရွိသူက ေျပာဆိုလိုက္ပါတယ္။

ေနျပည္ေတာ္အတြင္း ေနထိုင္တဲ့ ျပည္သူေတြက‌ေတ့ ဓာတ္ခြဲနမူနာ စစ္ေဆးဖို႔ တစ္ႀကိမ္ ၃၀ ,၀၀၀ က်ပ္ ျဖစ္ၿပီး ေနျပည္ေတာ္ကို လာေရာက္မယ့္

UN ဝန္ထမ္းေတြနဲ႔ INGO အဖြဲ႕အစည္းေတြမွ နိုင္ငံျခားသားေတြကေတာ့ တစ္ႀကိမ္ကို ၂၀၀,၀၀၀ က်ပ္ ကုန္က်ခံစစ္ေဆးရမွာျဖစ္ပါတယ္။

“ေနျပည္ေတာ္က အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္ ၊အစိုးရဝန္ႀကီးဌာနေတြလည္း ျဖစ္တယ္။ဝန္ထမ္းေတြက ႐ုံးတက္႐ုံးဆင္း ကအစ စုစုေဝးေဝးနဲ႔လုပ္ရတဲ့သေဘာသဘာဝရွိတယ္။

ေနျပည္ေတာ္မွာ ျပည္တြင္း ကူးစက္မႈ မ်ားရင္ဝန္ထမ္းအင္အားေလၽွာ့ရတာတို႔ ဖယ္ထုတ္တာတို႔ ၊ တခ်ိဳ႕ ကူးစက္မႈမ်ားတဲ့႐ုံးေတြဆို ပိတ္ေတာင္ပိတ္ရမယ္၊အဲဒါမ်ိဳးမျဖစ္ေအာင္ ေဆးစစ္ဖို႔ လုပ္တာျဖစ္တယ္။



ထုတ္ျပန္စာမွာေရးထားတဲ့အတိုင္းပဲ။စစ္ေဆးေရးဂိတ္ေရာက္တာနဲ႔ ေၾကညာထားတဲ့အတိုင္းလုပ္ေဆာင္ရမယ္၊ ေထာက္ခံစာေတြလည္း စိစစ္ဖို႔အတြက္လိုအုံးမယ္။

အမ်ိဳးအစားကြဲမယ္ နိုင္ငံဝန္ထမ္းတာဝန္နဲ႔လား ေထာက္ခံစာ၊ stay home ၿမိဳ႕နယ္ကဟုတ္မဟုတ္ ေထာက္ခံစာေတြကေတာ့ စိစစ္ဖို႔ လိုဦးမယ္” လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန မွ ေျပာဆိုခြင့္ရွိသူ ေဒါက္တာသန္းနိုင္စိုးက ေျပာပါတယ္။

ေျဖေလၽွာ့မႈအေနနဲ႔ကေတာ့ ျပည္ေထာင္စုအဆင့္ ဝန္ႀကီးဌာနေတြကေန တရားဝင္ဖိတ္ၾကားစာ ပါခဲ့ရင္ ဓာတ္ခြဲနမူနာ စစ္ေဆးမႈကို အခမဲ့အျဖစ္ သတ္မွတ္ထားသလို အစိုးရအဖြဲ႕ဝင္မ်ား၊

ျပည္သူ႔ဝန္ထမ္းမ်ားနဲ႔ နိုင္ငံ့ဝန္ထမ္းမ်ားကိုပါ အခမဲ့ စစ္ေဆးေပးမယ္လို႔ သိရပါတယ္။“ေနျပည္ေတာ္ ေဆး႐ုံကအထူးကုေဆး႐ုံျဖစ္တယ္၊သမားေတာ္ႀကီးေတြ၊တရာဝန္ႀကီးေတြ၊ဓာတ္ေရာင္ျခည္ကင္တာမ်ိဳးေတြရွိတယ္။

ရွိတဲ့အခါက်ေတာ့ ဒီမွာရွိတဲ့ service ေတြကိုသုံးေစခ်င္တဲ့အခါက်ေတာ့ လူနာေတြကလည္း လာမယ္၊အရင္ျပလက္စလူနာေတြကလည္းလာမယ္အေရးရယ္အေၾကာင္းရယ္တခုခုရွိလို႔ တက္လာတာေတြလည္းရွိနိုင္မယ္။



ရွိလာဲ့အခါ ေရာဂါပါမလာဘူးလို႔ေျပာနိုင္တဲ့အေနအထားဆိုေတာ့ က်ေနာ္တို႔ကစစ္ေဆးမယ္၊

ကုသေပးမယ္ေပါ့”လို႔ ေဒါက္တာသန္းနိုင္စိုးက ေျပာပါတယ္ ။

ေနျပည္ေတာ္ ခုတင္(၁၀၀၀) ေဆး႐ုံႀကီးကို နယ္ေဆး႐ုံေတြ ဆရာဝန္ေတြရဲ့ လႊဲေျပာင္းစာ(Referral Letter) နဲ႔ ေရာက္ရွိလာမယ့္ လူနာေတြနဲ႔ အေရးေပၚေဆးကုသမႈခံယူဖို႔ ေနျပည္ေတာ္ကို လာေရာက္မယ့္ လူနာေတြကိုလည္း ေနျပည္ေတာ္အဝင္ဂိတ္မွာ ႁခြင္းခ်က္အေနနဲ႔ လူနာနဲ႔

လူနာေစာင့္ (၂ )ဦးမွ ( ၃)ဦးအထိ ဝင္ေရာက္ခြင့္ ျပဳမွာ ျဖစ္ၿပီး ေဆး႐ုံရဲ့ သီးျခားေဆာင္ (Isolation room) မွာ ထားရွိကာ CoVID-19 ဓာတ္ခြဲနမူနာ အခမဲ့စစ္ေဆးေပးျခင္း၊ လိုအပ္တဲ့ ေဆးကုသမႈေပးျခင္းတို႔ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

Post a Comment

Previous Post Next Post