(Unicode)

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Yenjai Wongpaiboonsri အမည် ရှိတဲ့ အသက်80အရွယ် အဘွားအို နှင့် အသက် 83နှစ်အရွယ် Prachuap Wongpaiboonsri အမည်ရှိတဲ့အဘိုးအိုတို့ဟာ စုဆောင်းထားတဲ့ငွေ 1.15 မီလီယံဘတ်ကို ၎င်းတို့မြို့ရှိဆေးရုံ 2ရုံသို့ လှူဒါန်းခဲ့ပါတယ် ။ ၎င်းတို့လင်မယားဟာ ထိုင်းနိုင်ငံအရှေ့ဖက် ၊ Chon Buri မှာ ဘဲသားခေါက်ဆွဲ ဆိုင်လေးဖွင့်ထားကြသူပါ။Queen Savang Vadhana ဆေးရုံသို့ 500,000 ဘတ်လှူဒါန်းခဲ့ပြီး ၊650,000 ဘတ်ကို Lam chabang ဆေးရုံသို့ လှူတန်းပေးခဲ့ပါတယ် ။



အဆိုပါလင်မယားဟာ အတော်လေးကိုအိုေ နပြီဖြစ်တဲ့အတွက် ဘယ် အချိန်လောကကြီးကနေ ထွက်သွား ရမလဲဆိုတာ မသိလို့ ယခုလိုလှူတန်းခဲ့တာဖြစ် ပါတ ယ်။အ ဘွားအိုကတော့ ဟိုးအရင်ချိန်တုန်းက အဘိုးအိုခြေထောက်နှစ်ဖက်လုံးကျိုးသွားခဲ့တဲ့အချိန်တုန်းက ဆေးရုံရှိဆရာဝန်များနှင့် သူနာပြုများက ဂရုစိုက်ေ ပး ကြ တဲ့ အပြင် ၊ ဆေးဖိုးကု သစရိတ်များကိုပါ ထောက်ပံ့ပေးခဲ့လို့ အတော်လေးကျေးဇူးတင်ခဲ့ရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။



အဘိုးအဘွားနှစ်ဦးဟာ အဆိုပါခေါက်ဆွဲဆိုင်ကိုဖွင့်ခဲ့တာ နှစ်ပေါင်း 50 ရှိနေပြီဖြစ်ပြီး ဒေသခံတွေကတော့ ၎င်းတို့ရဲ့ခေါက်ဆွဲကိုအတော်ကြိုက်နှစ်သက်ကြသူပါ ။ ထို့အပြင် ၎င်းတို့ရဲ့ခေါက်ဆွဲချက်ပြုတ်နည်းကိုမေးမြန်းခဲ့ချိန်မှာလည်း လတ်ဆတ်ပြီးသန့်ရှင်းတဲ့အစားအသောက်တွေကိုသာ အသုံးပြုပြီး၊ စေတနာအြ ပည့်နှင့်ချ က်ပြုတ်ထား တာဖြစ်ကြောင်း ရှင်းပြ ခဲ့ပါတယ် ။

Credit Mckzone Daily

(Zawgyi)









Credit Mckzone Daily

Post a Comment

Previous Post Next Post