ပန္းေတာင္း၊ စက္တင္ဘာလ ၂၇၊ ၂၀၂၀။

ျပည္ခရိုင္၊ ပန္းေတာင္းၿမိဳ႕နယ္ ေညာင္က်ိဳးနယ္စပ္ စစ္ေဆးေရးစခန္းမွာ မေန႔ညေနပိုင္းက ရခိုင္ျပည္နယ္ကိုတင္ပို႔မယ့္ WY နဲ႔ R ေရာရာစာတန္းပါ စိတ္ႂကြမူးယစ္ေဆးဝါး ၂ သန္း ၁ ေသာင္းေျခာက္ေထာင္ကို ယာဥ္ေမာင္းတဦးနဲ႔အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ျပည္ခရိုင္ရဲမႉးႀကီးထံက သိရပါတယ္။


"ကားနဲ႔တကြမိထားပါၿပီ လူကေတာ့တေယာက္ထဲပါ အေရးယူထားပါၿပီ၊ ေလာေလာဆယ္ေတာ့ သူတေယာက္ထဲကိုပဲ ဖမ္းမိထားပါေသးတယ္။ လိုအပ္တဲ့စစ္ေဆးမႈေတြလုပ္ေနတုံးပဲ" လို႔ ျပည္ခရိုင္ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီးေအာင္မိုးက ေျပာပါတယ္။

Hyundai ကားေနာက္ဘက္က က်မ္းခင္းကို အံဖြက္လုပ္ကာဖြက္လာၿပီး၊ ခ်င္းေရႊေဟာ္ကေန ေမာင္းလာကာ ယာဥ္ေမာင္းကေတာ့ လာရွိုးၿမိဳ႕က စိုင္းေသာ္စိုးျဖစ္ပါတယ္။ ယာဥ္ေမာင္းရဲ့ ေက်ာပိုးအိပ္ထဲကေန  R စာတန္းပါ နီညိဳေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၆၀၀၀) ပါတထုပ္ကို စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး ယာဥ္ကိုဥသၽွစ္ပင္ရဲစခန္းမွာ ထပ္မံ စစ္ေဆးရာကေန ကားေနာက္ခမ္း အံဝွက္ထဲကေန႔ အဝါေရာင္ပါကင္ထုပ္ေတြထဲက WY နဲ႔ R စာတန္းေတြပါတဲ့ လိေမၼာ္ေရာင္စိတ္ႂကြေဆးျပား အထုပ္ေပါင္း ၂၀၁ ထုပ္ကေန ေဆးျပား စုစုေပါင္း ၂ သန္းေက်ာ္ ကာလတန္ဖိုး သိန္းေပါင္း ၃ ေသာင္းေက်ာ္ဖိုးကို ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

-


#ေျမလတ္အသံ

------------------------------------------

ပန်းတောင်း၊ စက်တင်ဘာလ ၂၇၊ ၂၀၂၀။

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးနယ်စပ် စစ်ဆေးရေးစခန်းမှာ မနေ့ညနေပိုင်းက ရခိုင်ပြည်နယ်ကိုတင်ပို့မယ့် WY နဲ့ R ရောရာစာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၂ သန်း ၁ သောင်းခြောက်ထောင်ကို ယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင်ရဲမှူးကြီးထံက သိရပါတယ်။


"ကားနဲ့တကွမိထားပါပြီ လူကတော့တယောက်ထဲပါ အရေးယူထားပါပြီ၊ လောလောဆယ်တော့ သူတယောက်ထဲကိုပဲ ဖမ်းမိထားပါသေးတယ်။ လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေတုံးပဲ" လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မိုးက ပြောပါတယ်။


Hyundai ကားနောက်ဘက်က ကျမ်းခင်းကို အံဖွက်လုပ်ကာဖွက်လာပြီး၊ ချင်းရွှေဟော်ကနေ မောင်းလာကာ ယာဉ်မောင်းကတော့ လာရှိုးမြို့က စိုင်းသော်စိုးဖြစ်ပါတယ်။ ယာဉ်မောင်းရဲ့ ကျောပိုးအိပ်ထဲကနေ  R စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား (၆၀၀၀) ပါတထုပ်ကို စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ယာဉ်ကိုဥသျှစ်ပင်ရဲစခန်းမှာ ထပ်မံ စစ်ဆေးရာကနေ ကားနောက်ခမ်း အံဝှက်ထဲကနေ့ အဝါရောင်ပါကင်ထုပ်တွေထဲက WY နဲ့ R စာတန်းတွေပါတဲ့ လိမ္မော်ရောင်စိတ်ကြွဆေးပြား အထုပ်ပေါင်း ၂၀၁ ထုပ်ကနေ ဆေးပြား စုစုပေါင်း ၂ သန်းကျော် ကာလတန်ဖိုး သိန်းပေါင်း ၃ သောင်းကျော်ဖိုးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

-

#မြေလတ်အသံ

Post a Comment

Previous Post Next Post