(Unicode)

မန္တလေး၊ စက်တင်ဘာ ၉

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများအလိုက် လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ အထူးရဲများအား လာမည့် အောက်တိုဘာလ (၁) ရက်နေ့မှ စတင်ကာ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သော သင်တန်းအား အချိန်ကာလ (၁) လကြာ သင်ကြား ပို့ချ ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။



မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် စာရင်းအရ မဲရုံလျာထားအရေအတွက် (၅၄၄၅) ရုံ ရှိသည့်အတွက် အထူးရဲ အရေအတွက်ကိုလည်း မဲရုံတစ်ရုံလျှင် တစ်ဦးနှုန်းဖြင့် အထူးရဲအင်အား (၅၄၄၅) ဦး ခန့်အပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ မြို့နယ်အဆင့် စိစစ်ရွေးချယ်ရေးအဖွဲ့များက သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်စိစစ်လျက် ရှိသည်။



ထို့အပြင် မဲရုံအဝေးစည်း လုံခြုံရေး၊ မဲလက်မှတ်သယ်ဆောင်စဉ် လုံခြုံရေး၊ လွှတ်တော်ကိုယ်စားလှယ် လုံခြုံရေး၊ မြို့နယ်အလိုက် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံး လုံခြုံရေးများအတွက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အရာရှိ (၆၅၆) ဦး၊ အခြားအဆင့် (၂၄၃၆) ဦး၊ စုစုပေါင်း (၃၀၉၂) ဦးတို့က မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။


(Zawgyi)


မႏၲေလး၊ စက္တင္ဘာ ၉

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ မဲ႐ုံမ်ားအလိုက္ လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ၾကမည့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းမွ အထူးရဲမ်ားအား လာမည့္ ေအာက္တိုဘာလ (၁) ရက္ေန႔မွ စတင္ကာ ေ႐ြးေကာက္ပြဲဆိုင္ရာ သိသင့္သိထိုက္ေသာ သင္တန္းအား အခ်ိန္ကာလ (၁) လၾကာ သင္ၾကား ပို႔ခ် ေပးသြားမည္ ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။



မႏၲေလးတိုင္းေဒသႀကီး ေ႐ြးေကာက္ပြဲေကာ္မရွင္ စာရင္းအရ မဲ႐ုံလ်ာထားအေရအတြက္ (၅၄၄၅) ႐ုံ ရွိသည့္အတြက္ အထူးရဲ အေရအတြက္ကိုလည္း မဲ႐ုံတစ္႐ုံလွ်င္ တစ္ဦးႏႈန္းျဖင့္ အထူးရဲအင္အား (၅၄၄၅) ဦး ခန႔္အပ္သြားမည္ျဖစ္ၿပီး တိုင္းေဒသႀကီး၊ ၿမိဳ႕နယ္အဆင့္ စိစစ္ေ႐ြးခ်ယ္ေရးအဖြဲ႕မ်ားက သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေ႐ြးခ်ယ္စိစစ္လ်က္ ရွိသည္။



ထို႔အျပင္ မဲ႐ုံအေဝးစည္း လုံၿခဳံေရး၊ မဲလက္မွတ္သယ္ေဆာင္စဥ္ လုံၿခဳံေရး၊ လႊတ္ေတာ္ကိုယ္စားလွယ္ လုံၿခဳံေရး၊ ၿမိဳ႕နယ္အလိုက္ ရပ္ကြက္၊ ေက်း႐ြာ ေကာ္မရွင္႐ုံး လုံၿခဳံေရးမ်ားအတြက္ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ အရာရွိ (၆၅၆) ဦး၊ အျခားအဆင့္ (၂၄၃၆) ဦး၊ စုစုေပါင္း (၃၀၉၂) ဦးတို႔က မိတ္ဖက္ အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းၿပီး လုပ္ကိုင္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

Post a Comment

Previous Post Next Post